လုကာ 16:8 - Common Language Bible8 ဤသို့ပါးနပ်လိမ္မာစွာပြုသည့်အတွက်မရိုး ဖြောင့်သည့်မန်နေဂျာကိုသူဌေးသည်ချီးမွမ်း လေ၏။ အဘယ်ကြောင့်ဆိုသော်လောကီသား တို့သည်လောကီကိစ္စဆောင်ရွက်ရာတွင် အလင်း နှင့်ဆိုင်သောသားများထက်ပါးနပ်လိမ္မာ ကြသောကြောင့်တည်း။ အခန်းကိုကြည့်ပါ။Garrad Bible8 ဤ လော က သား တို့ သည် လူ မျိုး ချင်း တို့ နှင့် စပ် လျဉ်း ၍ အ လင်း၏ သား တို့ ထက် လိ မ္မာ ကြ သည့် အ လျောက် လိ မ္မာ စွာ ပြု သော မ ဖြောင့် မတ် သူ ထို ဘ ဏ္ဍာ စိုး ကို သူ့ အ ရှင် ချီး မွမ်း လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible8 မတရားသော ထိုဘဏ္ဍာစိုးသည် လိမ္မာစွာပြုသည်ကို သခင်သည် ချီးမွမ်းလေ၏။ အကြောင်းမူကား၊ လောကီသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင်၊ အလင်းသို့ရောက်သောသူတို့ထက် သာ၍ လိမ္မာကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ထိုအခါ သခင်သည် မတရားသောဘဏ္ဍာစိုး၏ ပါးနပ်သည့်လုပ်ဆောင်မှုအတွက် သူ့ကိုချီးမွမ်းလေ၏။ အကြောင်းမူကား ဤလောက၏သားသမီးများသည် မိမိတို့ခေတ်ကာလလူတို့နှင့်ဆက်ဆံရာတွင် အလင်း၏သားသမီးများထက် လိမ္မာပါးနပ်ကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ထိုအခါ သူဌေးသည် မရိုးသားသောစီမံခန့်ခွဲသူ၏ပါးနပ်သည့်လုပ်ရပ်များကို ချီးမွမ်းလေ၏။ အဘယ်ကြောင့်ဆိုသော် လောကီသားတို့သည် မိမိတို့၏လောကီရေးရာကို လုပ်ဆောင်ရာတွင် အလင်း၏သားသမီးများထက် ပါးနပ်ကြသောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ8 မတရားသော ထိုဘဏ္ဍာစိုးသည် လိမ္မာစွာပြုသည်ကို သခင်သည် ချီးမွမ်းလေ၏။ အကြောင်းမူကား၊ လောကီသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင်၊ အလင်းသို့ရောက်သောသူတို့ထက် သာ၍ လိမ္မာကြ၏။- အခန်းကိုကြည့်ပါ။ |
ဤဘဝတွင်အလိုဆန္ဒရှိသမျှအတိုင်း ပြည့်ဝကြသူတို့၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ သူတို့အတွက်ကိုယ်တော်သိုမှီးထားသည့် ဆင်းရဲဒုက္ခများအားဖြင့် သူတို့အားအပြစ်ဒဏ်စီရင်တော်မူပါ။ ဤဆင်းရဲဒုက္ခများကိုသူတို့၏ သားသမီးများသည်သာမက သူတို့၏မြေးမြစ်များသည်လည်း ခံစားရစေတော်မူပါ။
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-
ဗာလဘုရား၏ပရောဖက်များ၊ ထိုဘုရား ကိုကိုးကွယ်သူများနှင့် ဗာလယဇ်ပုရော ဟိတ်များကိုခေါ်ဖိတ်ကြလော့။ ငါသည် ဗာလဘုရားအားတစ်ခမ်းတစ်နားယဇ် ပူဇော်မည်ဖြစ်၍ ထိုသူတို့အားလုံးလာ ရောက်ကြရမည်။ မည်သူတစ်စုံတစ်ယောက် မျှမလာဘဲမနေရ'' ဟုဆို၏။ (ယင်းသို့ ဆိုရာ၌ယေဟုသည် ဗာလဘုရားကို ကိုးကွယ်သူအပေါင်းအားသတ်ဖြတ်နိုင်ရန် ပရိယာယ်သုံးလိုက်ခြင်းဖြစ်ပေသည်။-)