၂ ရာ 13:3 - Common Language Bible3 သို့ရာတွင်သူ့မှာယောနဒပ်အမည်တွင်သော မိတ်ဆွေရှိ၏။ ယောနဒပ်သည်ဒါဝိဒ်၏အစ်ကို ရှိမာ၏သားဖြစ်၏။ သူသည်အလွန်ပါးနပ် လိမ္မာသူတည်း။- အခန်းကိုကြည့်ပါ။Garrad Bible3 အာ မ နုန့် အ ဆွေ ဖြစ် သော ဘ ကြီး တော် ရှိ မာ၏ သား၊ လှည့် ဖြား ဉာဏ် ကောင်း သူ ယော န ဒပ် က အခန်းကိုကြည့်ပါ။Judson Bible3 ဒါဝိဒ်အစ်ကို ရှိမာသား ယောနဒပ်သည် အာမနုန်၏အဆွေခင်ပွန်းဖြစ်၏။ ထိုယောနဒပ်သည် လိမ္မာသောသူဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 အာမနုန်တွင် ယောနဒပ်အမည်ရှိသော မိတ်ဆွေတစ်ဦး ရှိ၏။ ယောနဒပ်သည် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သား ဖြစ်ပြီး အလွန်ဉာဏ်များသူဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဒါဝိဒ်၏အစ်ကိုရှိမာ၏သား ယောနဒပ်က``အရှင်မင်းကြီး၊ အရှင်၏သား တော်အားလုံးကိုသတ်လိုက်ကြသည်မဟုတ် ပါ။ အာမနုန်တစ်ယောက်တည်းကိုသာသတ် ခြင်းဖြစ်ပါသည်။ အဗရှလုံသည်မိမိ၏ နှမတော်တာမာကိုအာမနုန်မတရား ပြုကျင့်သည့်နေ့မှစ၍ ဤအမှုကိုပြုရန် စိတ်ပိုင်းဖြတ်ထားကြောင်းသူ၏မျက်နှာ တွင်ပေါ်ပါ၏။-
ယောနဒပ်က``သင်သည်ဘုရင့်သားတော်ဖြစ် ပါလျက် နေ့စဉ်ရက်ဆက်စိတ်မချမ်းမသာ ဖြစ်လျက်နေသည်ကိုငါတွေ့မြင်ရပါ၏။ အကြောင်းအဘယ်သို့ရှိသည်ကိုငါ့အား ပြောလော့'' ဟုအာမနုန်အားဆို၏။ အာမနုန်က``ငါနှင့်အဖေတူအမေကွဲညီ အစ်ကိုတော်သူအဗရှလုံ၏နှမတာမာ ကိုငါချစ်လျက်နေပါ၏'' ဟုပြန်ပြော၏။
ထို့ကြောင့်သူသည်တေကောမြို့နေအသိ အလိမ္မာရှိသူအမျိုးသမီးတစ်ယောက်ကို အခေါ်ခိုင်းပြီးလျှင် ထိုအမျိုးသမီးအား``သင် သည်ငိုကြွေးမြည်တမ်းဟန်ပြုလော့။ ဝမ်းနည်း ပူဆွေးသည့်အနေဖြင့်ဝတ်စား၍ခေါင်းမဖီး ဘဲ ကာလကြာမြင့်စွာငိုကြွေးမြည်တမ်းနေ သူအမျိုးသမီးတစ်ဦးကဲ့သို့ပြုမူလော့။-
ထို့အခါသူ၏ဇနီးနှင့်မိတ်ဆွေအပေါင်း တို့ကသူ့အား``ခုနစ်ဆယ့်ငါးပေမြင့်သည့် လည်ဆွဲတိုင်ကိုစိုက်ထူစေပါလော့။ မော်ဒကဲ အားထိုလည်ဆွဲတိုင်တွင်တင်၍သတ်ရန် နက် ဖြန်နံနက်၌မင်းကြီးအားလျှောက်ထားပါ လော့။ ထိုနောက်ပျော်ရွှင်စွာညစာစားပွဲသို့ သွားနိုင်ပါလိမ့်မည်'' ဟုအကြံပေးကြ၏။ ဟာမန်သည်ထိုအကြံကိုနှစ်သက်သဖြင့် လည်ဆွဲတိုင်ကိုစိုက်ထူစေ၏။
မိမိဇနီးနှင့်မိတ်ဆွေများအား မိမိကြုံတွေ့ ခဲ့ရသည့်အဖြစ်အပျက်အလုံးစုံကိုပြောပြ လေသည်။ ထိုအခါဇနီးဖြစ်သူနှင့်မိတ်ဆွေ ပညာရှိတို့က``ကိုယ်တော်သည်မော်ဒကဲကို ရှုံးစပြုလေပြီ။ သူသည်ယုဒအမျိုးသား မှန်လျှင်ကိုယ်တော်သည်သူ့ကိုမနိုင်။ သူသည် ကိုယ်တော်ကိုမုချအနိုင်ရလိမ့်မည်'' ဟု ပြောကြားကြ၏။
ဉာဏ်ပညာဟူ၍ဤလောကသားတို့ထင်မှတ် ကြသည့်အရာသည်ဘုရားသခင်၏ရှေ့တော် ၌မိုက်မဲမှုသာလျှင်ဖြစ်၏။ ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ပညာရှိများအားမိမိ တို့ကိုယ်တိုင်အသုံးပြုသည့်ပရိယာယ်အား ဖြင့်ပင်လျှင်ထောင်ချောက်တွင်မိစေတော်မူ၏'' ဟုဖော်ပြသည့်အတိုင်းပင်။-