ဆင်းရဲသူတို့သည်ဝစွာစားရကြပါလိမ့်မည်။ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ တို့သည် ကိုယ်တော်အားထောမနာပြုကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ကောင်းစားကြပါစေ သော။
ဗျာဒိတ် 7:17 - Common Language Bible အဘယ်ကြောင့်ဆိုသော်ပလ္လင်တော်အလယ် တွင်ရှိတော်မူသော သိုးသူငယ်တော်သည် သူတို့အားစောင့်ထိန်းကြည့်ရှု၍ အသက် စမ်းရေရှိရာအရပ်သို့ပို့ဆောင်တော်မူမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည် လည်းသူတို့၏မျက်ရည်ရှိသမျှကိုသုတ် တော်မူလိမ့်မည်'' ဟုဆို၏။ Judson Bible အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ ရှိသော သိုးသငယ်သည် သူတို့ကိုလုပ်ကျွေး၍၊ အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော် မူမည်ဟု ဆိုလေ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ပလ္လင်တော်အလယ်တွင်ရှိသောသိုးသငယ်တော်သည် သူတို့ကိုအုပ်ထိန်း၍ အသက်ရေထွက်ရာစမ်းရေတွင်းသို့ သူတို့ကိုလမ်းပြပို့ဆောင်တော်မူလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်”ဟု ဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ရာဇပလ္လင်တော်အလယ်၌ရှိသော သိုးသငယ်တော်သည် သူတို့၏သိုးထိန်းဖြစ်၍ အသက်စမ်းရေတွင်းသို့ ပို့ဆောင်တော်မူမည်ဖြစ်သောကြောင့်ပင်။ ဘုရားသခင်သည် သူတို့၏ ရှိသမျှမျက်ရည်တို့ကို သုတ်ပေးတော်မူလိမ့်မည်” ဟုဆို၏။ |
ဆင်းရဲသူတို့သည်ဝစွာစားရကြပါလိမ့်မည်။ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ တို့သည် ကိုယ်တော်အားထောမနာပြုကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ကောင်းစားကြပါစေ သော။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် ရန်သူအပေါင်းတို့၏ရှေ့မှောက်တွင်စားပွဲကို တည်ခင်းတော်မူပါ၏။ ဧည့်သည်တော်အဖြစ်ကျွန်တော်မျိုး၏ဦးခေါင်းကို ဆီလောင်း၍ကြိုဆိုတော်မူ၏။ ကျွန်တော်မျိုး၏ခွက်ဖလားကိုလည်း ပြည့်လျှံအောင်ဖြည့်တော်မူပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏လူစုတော်အားကယ်တော်မူပါ။ ကိုယ်တော်ရှင်ပိုင်တော်မူသောသူတို့အား ကောင်းချီးပေးတော်မူပါ။ သူတို့အားသိုးထိန်းသဖွယ်ထာဝစဉ်ကြည့်ရှု စောင့်ရှောက်တော်မူပါ။
ရေကောင်းရေသန့်သည်ရေငတ်သူတို့အား ရွှင်ပြစေသကဲ့သို့ ဘုရားသခင်၏လူမျိုးတော်သည်၊ ကိုယ်တော်ကယ်တင်တော်မူသောအခါ ရွှင်လန်းဝမ်းမြောက်လိမ့်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဇိအုန် တောင်တော်ပေါ်တွင်ကမ္ဘာပေါ်ရှိလူမျိုးတကာ တို့အတွက် အမွန်မြတ်ဆုံးစားဖွယ်ခဲဖွယ်များ နှင့်အကောင်းဆုံးစပျစ်ရည်များဖြင့် ညစာ စားပွဲကြီးကိုပြင်ဆင်တော်မူလိမ့်မည်။-
ထာဝရဘုရားသည်သေခြင်းတရားကိုထာဝ စဉ်ချေမှုန်းဖျက်ဆီးတော်မူလိမ့်မည်။ လူခပ်သိမ်း တို့၏မျက်နှာမှမျက်ရည်များကိုသုတ်တော်မူ ၍ကမ္ဘာတစ်ဝှမ်းလုံးတွင် မိမိ၏လူမျိုးတော်ကြုံ တွေ့ရသည့်အရှက်ကွဲအကျိုးနည်းမှုများကို လည်းဖယ်ရှားတော်မူလိမ့်မည်။ ဤကားထာဝရ ဘုရားကိုယ်တော်တိုင်မိန့်တော်မူသောစကား ပင်ဖြစ်၏။
ယေရုရှလင်မြို့တွင်နေထိုင်ကြသောသူတို့၊ သင်တို့သည်ငိုယိုရကြတော့မည်မဟုတ်။ ထာဝရဘုရားသည်သနားကြင်နာတော် မူတတ်၏။ ကူမတော်မူရန်အထံတော်သို့ သင်တို့ဟစ်အော်ကြသောအခါ ကိုယ်တော် သည်နားညောင်းတော်မူ၍အဖြေပေး လိမ့်မည်။-
သင်တို့သည်ရန်သူ့ခံတပ်များကိုဖမ်းဆီး သိမ်းယူကာ သူတို့အားသတ်ဖြတ်လိုက်သော အခါ၊ တောင်ကုန်း၊ တောင်တန်းရှိသမျှပေါ် မှချောင်းရေတို့သည်စီးဆင်း၍လာလိမ့် မည်။-
သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာသီချင်း ဆိုလျက် ယေရုရှလင်မြို့သို့ရောက်ရှိလာကြလိမ့်မည်။ သူတို့သည်ထာဝစဉ်ရွှင်လန်းဝမ်းမြောက်ကြ လိမ့်မည်။ ဝမ်းနည်းပူဆွေးခြင်းနှင့်ထာဝစဉ်ကင်းလွတ် ကြလိမ့်မည်။
ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။ သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာ သူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
အကျဉ်းကျလျက်နေသူတို့အား`လွတ်လပ်စွာ ထွက်ခွာသွားကြလော့' ဟူ၍လည်းကောင်း၊ မှောင်မိုက်တွင်ရှိနေသူတို့အား`အလင်းသို့ ဝင်ကြလော့' ဟူ၍လည်းကောင်းငါပြောမည်။ သူတို့သည်တောင်ကုန်းများပေါ်တွင်ပင် ကျက်စားလျက်နေသော သိုးများနှင့်တူလိမ့်မည်။
ကိုယ်တော်ရှင်ကယ်ဆယ်တော်မူလိုက်သည့် သူတို့သည်အားရရွှင်လန်းစွာသီဆိုကြွေး ကြော်လျက်၊ ယေရုရှလင်မြို့သို့ရောက်ရှိလာကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ဝမ်းမြောက်ရွှင်လန်းရကြ၍၊ ထာဝစဉ်ဝမ်းနည်းကြေကွဲမှုနှင့်ကင်းလွတ်ရကြ ပါလိမ့်မည်။
ငါထာဝရဘုရားသည်သင်၏အတွက်နေလတို့ထက် ပိုမိုတည်တံ့သည့်ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ ထို့ကြောင့်သင်ဝမ်းနည်းပူဆွေးရာနေ့ရက်များသည် ကုန်ဆုံး၍သွားလိမ့်မည်။
ငါကိုယ်တိုင်ပင်လျှင်ယေရုရှလင်မြို့အတွက် ကြောင့်လည်းကောင်း၊ ထိုမြို့ရှိမြို့သူမြို့သား တို့၏အတွက်ကြောင့်လည်းကောင်းဝမ်းမြောက် ရွှင်လန်းရလိမ့်မည်။ ထိုမြို့တွင်ငိုကြွေးမှုနှင့် ကူပါကယ်ပါဟုဆိုသောသူများရှိလိမ့် မည်မဟုတ်။-
ငါ၏လူမျိုးတော်သည်အသက်စမ်းရေတည်းဟူသော ငါ့အားစွန့်ပစ်၍ရေမလုံ၊ကွဲအက်လျက်ရှိသည့်၊ ရေလှောင်ကန်များကိုတူးကြသည်ဖြစ်၍ အပြစ်ဒုစရိုက်နှစ်ပါးကိုကူးလွန်ကြလေပြီ။
သူတို့အားငါပြန်လည်ခေါ်ဆောင်လာစဉ် ငါ၏လူမျိုးတော်သည်ငိုကြွေးလျက်ဆုတောင်း ပတ္ထနာပြုလျက်ပြန်လာကြလိမ့်မည်။ ငါသည်သူတို့အားစမ်းရေရှိရာအရပ်များ သို့လည်းကောင်း၊ သူတို့ခြေချော်၍မလဲစေရန် လမ်းကောင်းများဖြင့်လည်းကောင်းခေါ်ဆောင်မည်။ ငါသည်ဣသရေလလူမျိုး၏အဘသဖွယ် ဖြစ်၍ ဧဖရိမ်အနွယ်သည်ငါ၏သားဦးဖြစ်၏။''
သူတို့၏တစ်ဦးတည်းသောသိုးထိန်းအဖြစ် ဖြင့် ငါ၏အစေခံဒါဝိဒ်ကဲ့သို့သောဘုရင် အားခန့်ထားမည်။ သူသည်သူတို့အားစောင့် ထိန်းကြည့်ရှုလိမ့်မည်။-
ထိုဘုရင်ကြွလာသောအခါသူသည် ထာဝရ ဘုရားထံတော်မှရသောအစွမ်းသတ္တိနှင့် လည်းကောင်း၊ သူ၏ဘုရားသခင်ထာဝရ ဘုရား၏ဘုန်းတန်ခိုးတော်နှင့်လည်းကောင်း မိမိ၏လူစုကိုအုပ်စိုးလိမ့်မည်။ ကမ္ဘာတစ် ဝှမ်းလုံးတွင်ရှိသောလူအပေါင်းတို့သည် သူ ၏ကြီးမြတ်တော်မူခြင်းကိုဝန်ခံကြ သဖြင့် သူ၏လူမျိုးတော်သည်လုံခြုံစွာ နေထိုင်ရကြလိမ့်မည်။-
အို ထာဝရဘုရား၊ ကိုယ်တော်ရွေးကောက်သော လူမျိုးတော်အားသိုးထိန်းသဖွယ်စောင့်ရှောက် တော်မူပါ။ သူတို့အားရှေးအခါကမြက်ပေါ များရာ ဗာရှန်ပြည်နှင့်ဂိလဒ်ပြည်များတွင် ကျက်စားစေသကဲ့သို့ယခုလည်းပြည် တော်တွင်နေထိုင်စေတော်မူပါ။
`အို ယုဒပြည်ဗက်လင်မြို့၊သင်သည်ယုဒပြည်ရှိ မြို့များအနက်သိမ်ငယ်လှသောမြို့မဟုတ်။ ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့အား ရှေ့ဆောင်လမ်းပြမည့်ခေါင်းဆောင်တစ်ဦးသည် သင်၏အထဲမှပေါ်ထွန်းလိမ့်မည်' ဟုဟောကြားထားပါသည်'' ဟူ၍လျှောက်ထား ကြ၏။
``ဝမ်းနည်းပူဆွေးသောသူတို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်သည်ထိုသူတို့အားစိတ်သက်သာ မှုကို ပေးတော်မူလတ္တံ့။
``ငါသည်သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်း သည်သိုးများအတွက် အသက်ကိုစွန့်တတ်၏။-
ငါသည်သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည်လည်းခမည်းတော် ကိုသိသကဲ့သို့ ငါသည်သိုးတို့ကိုသိ၍သိုး တို့သည်လည်းငါ့ကိုသိကြ၏။ ငါသည်သိုးများ အတွက်အသက်ကိုစွန့်၏။-
သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုအမျိုးသမီးက ``အရှင်၊ ရေတွင်းသည် နက်ပါ၏။ အရှင့်မှာခပ်စရာရေပုံးမရှိ ပါ။ အဘယ်မှာလျှင်အသက်ရေကိုရပါ မည်နည်း။-
ငါပေးမည့်ရေကိုသောက်သူမူကားအဘယ် အခါမျှရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ၏အတွင်း၌ထာဝစဉ်စမ်းပေါက်လျက် သူ့ အားထာဝရအသက်ကိုရရှိစေလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
သင်တို့သည်မိမိတို့၌အပ်ထားသောဘုရား သခင်၏သိုးစုကိုကြည့်ရှုစောင့်ထိန်းကြလော့။ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သည့် အနေဖြင့်ဝမ်းမြောက်စွာစောင့်ထိန်းကြလော့။ ငွေကြေးရရှိရန်အတွက်မဟုတ်ဟူ၍ စေတနာစိတ်နှင့်လုပ်ဆောင်ကြလော့။-
ထိုသူတို့သည်ကာမဂုဏ်ခံစားမှုနှင့်ကင်း လွတ်သူလူပျိုစင်များဖြစ်၍ သိုးသူငယ် တော်သွားလေရာအရပ်သို့လိုက်ကြ၏။ သူ တို့သည်လူသားတို့အနက်ကရွေးနုတ် ကယ်တင်ခြင်းခံရသဖြင့် ဘုရားသခင်နှင့် သိုးသူငယ်တော်အား အဦးဆုံးဆက်သ ခြင်းခံရသူများဖြစ်ကြသတည်း။-
ထိုမြို့တော်ထဲတွင်ဗိမာန်တော်ကိုငါမတွေ့ရ။ အဘယ်ကြောင့်ဆိုသော်ထိုမြို့၏ဗိမာန်တော်သည် အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင် နှင့်သိုးသူငယ်တို့ဖြစ်သောကြောင့်တည်း။-
ဘုရားသခင်၏ဘုန်းအသရေတော်သည်ထိုမြို့ အပေါ်သို့ထွန်းလင်း၍သိုးသူငယ်တော်သည်ထို မြို့၏ဆီမီးဖြစ်သဖြင့် ထိုမြို့သည်နေ၏ အရောင်၊ လ၏အရောင်ကိုမလို။-
ကိုယ်တော်သည်သူတို့၏မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေခြင်း၊ ဝမ်းနည်း ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခြင်းတို့သည် ရှိကြတော့မည်မဟုတ်။ ရှေးအရာတို့သည် ပျောက်ကွယ်သွားပြီ'' ဟုဆို၏။
ထိုနောက်ကိုယ်တော်က``အမှုပြီးပြီ။ ငါသည် ပထမနှင့်နောက်ဆုံး၊ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သူအားအသက်စမ်းရေကိုအဖိုး အခမပေးရဘဲသောက်ခွင့်ငါပေးမည်။-
ထိုနောက်ကောင်းကင်တမန်သည်ငါ့အားအသက် ရေစီးရာမြစ်ကိုလည်းပြ၏။ ထိုမြစ်သည်ကျောက် သလင်းကဲ့သို့ကြည်လင်တောက်ပ၍ဘုရားသခင် နှင့်သိုးသူငယ်တော်၏ပလ္လင်မှမြို့တော်လမ်းအလယ် တစ်လျှောက်စီးဆင်းလျက်နေ၏။ ထိုမြစ်၏ဝဲယာ တွင်အသက်ပင်ရှိ၏။-
``အကျွန်ုပ်တို့၏အရှင်သခင်ထာဝရဘုရား၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်၏အလိုတော်အရသာလျှင် ထိုအရာခပ်သိမ်းတို့သည်အသက်ရှင်ကြရပါ၏။ ထို့ကြောင့်ကိုယ်တော်သည်ဘုန်းအသရေတော်၊ ဂုဏ်တော်၊တန်ခိုးတော်တို့ကိုခံယူထိုက် တော်မူပါသည်'' ဟုမြွက်ဆိုကြ၏။
ထိုနောက်သိုးသူငယ်သည်သက်ရှိသတ္တဝါလေး ပါးတို့နှင့်အကြီးအကဲများခြံရံလျက်ရှိ သည့်ပလ္လင်တော်အလယ်၌ရပ်လျက်နေသည် ကိုငါမြင်၏။ သူသည်ယဇ်ပူဇော်ရန်အသတ် ခံရပြီးသည့်သိုးနှင့်တူ၏။ သူ့မှာဦးချိုခုနစ် ချောင်းနှင့်မျက်စိခုနစ်လုံးရှိ၏။ ယင်းတို့သည် ကမ္ဘာမြေတစ်ပြင်လုံးသို့ဘုရားသခင်စေ လွှတ်တော်မူသောဝိညာဉ်ခုနစ်ပါးဖြစ်၏။-