ဟေရှာယ 25:8 - Common Language Bible8 ထာဝရဘုရားသည်သေခြင်းတရားကိုထာဝ စဉ်ချေမှုန်းဖျက်ဆီးတော်မူလိမ့်မည်။ လူခပ်သိမ်း တို့၏မျက်နှာမှမျက်ရည်များကိုသုတ်တော်မူ ၍ကမ္ဘာတစ်ဝှမ်းလုံးတွင် မိမိ၏လူမျိုးတော်ကြုံ တွေ့ရသည့်အရှက်ကွဲအကျိုးနည်းမှုများကို လည်းဖယ်ရှားတော်မူလိမ့်မည်။ ဤကားထာဝရ ဘုရားကိုယ်တော်တိုင်မိန့်တော်မူသောစကား ပင်ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible8 အ ရှင် ထာ ဝ ရ ဘု ရား သည်၊ သေ ခြင်း တ ရား ကို အ စဉ် အ မြဲ ပယ် ဖျက် လျက်၊ လူ ရှိ သ မျှ တို့၏ မျက် နှာ မှ မျက် ရည် ကို သုတ်၍၊ လူ မျိုး တော် ခံ ရ သော ကဲ့ ရဲ့ ခြင်း ကို၊ မြေ တစ် ပြင် လုံး၌ ကင်း ရှင်း စေ တော် မူ လိမ့် မည်။ ထို သို့ ထာ ဝ ရ ဘု ရား မိန့် မြွက် တော် မူ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible8 သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရားအမိန့်တော်ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 သေခြင်းကို ထာဝရပျက်စီးစေတော်မူမည်။ ဘုရားရှင်ထာဝရဘုရားသည် လူခပ်သိမ်းတို့၏မျက်နှာမှ မျက်ရည်ကို သုတ်ပေးတော်မူမည်။ မိမိလူမျိုးတော်ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို မြေတစ်ပြင်လုံးမှဖယ်ရှားတော်မူမည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ယခုအခါငါတို့၏ကယ်တင် ရှင်ခရစ်တော်ယေရှုကြွလာတော်မူခြင်း အားဖြင့် ထိုကျေးဇူးတော်သည်ပေါ်လွင် ထင်ရှားလာလေပြီ။ ကိုယ်တော်သည်သေ ခြင်းတရားကိုပယ်ရှားတော်မူပြီးလျှင် သတင်းကောင်းအားဖြင့် သင်္ခါရကင်းခြင်း တရားကိုပေါ်လွင်ထင်ရှားစေတော် မူသတည်း။
လသည်နေတမျှထွန်းလင်းတောက်ပလျက် နေသည်လည်း ခုနစ်စင်းပြိုင်တူထွက်သကဲ့ သို့ ခါတိုင်းထက်ခုနစ်ဆထွန်းလင်းတောက်ပ လိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော် ရရှိခဲ့သည်ဒဏ်ရာဒဏ်ချက်များကိုအဝတ် နှင့်ပတ်စည်း၍ အနာများကိုကုသပျောက် ကင်းစေတော်မူသောအခါ၊ ဤအမှုအရာ အပေါင်းသည်ဖြစ်ပျက်၍လာလိမ့်မည်။
သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် သောကြောင့်စော်ကားခြင်းခံရသောအခါမင်္ဂ လာရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသို့ ခံရသောအချိန်၌ ဘုရားသခင်၏ဝိညာဉ် တော်တည်းဟူသောဘုန်းအသရေတော်နှင့် ပြည့်ဝသည့်ဝိညာဉ်တော်သည် သင်တို့အပေါ် သို့သက်ရောက်လျက်နေတော်မူသောကြောင့် ဖြစ်၏။-
မကြောက်နှင့်၊သင်သည်နောက်တစ်ဖန် အသရေပျက်ရတော့မည်မဟုတ်။ ရှုတ်ချခြင်းကိုလည်းခံရလိမ့်မည်မဟုတ်။ သင်သည်ငယ်ရွယ်စဉ်အခါကသစ္စာမဲ့သည့် ဇနီး ဖြစ်ခဲ့မှုကိုလည်းကောင်း၊ မုဆိုးမအဖြစ်ဖြင့်မကြံတတ်အောင်ပင် ကိုယ်တိုင်ကြုံခဲ့ရသည်ကိုလည်းကောင်း၊ မေ့လျော့သွားလိမ့်မည်။
ကိုယ်တော်အားကြောက်ရွံ့ရိုသေကာစကား တော်ကိုကြားနာကြသူတို့၊ သင်တို့သည် ထာဝရဘုရားမိန့်တော်မူသည်ကိုနား ထောင်ကြလော့။ သင်တို့သည်ငါ့အားသစ္စာ စောင့်ကြသည်ဖြစ်၍သင်တို့အမျိုးသား အချို့တို့သည်သင်တို့ကိုမုန်း၍ဝိုင်းပယ် ကြ၏။ သူတို့သည်သင်တို့အားပြောင်လှောင် ကာ``ငါတို့သည်သင်တို့ရွှင်လန်းဝမ်းမြောက် သည်ကိုမြင်လိုပါ၏။ သို့ဖြစ်၍ထာဝရ ဘုရားသည်ကြီးမြတ်သည့်တန်ခိုးတော် ကိုပြ၍ကယ်တော်မူပါလေစေ'' ဟုဆို ကြ၏။ သို့ရာတွင်ထိုသူတို့သည်အရှက် ကွဲကြရမည့်သူများဖြစ်ပေသည်။-
ကျွန်တော်မျိုးတို့၏လူစုအနက်မှ သေလွန်သွားကြသူတို့သည်၊တစ်ဖန်ပြန်၍ အသက်ရှင်လာကြပါလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်များသည်အသက်ဝင်၍ လာပါလိမ့်မည်။ သင်္ချိုင်းတွင်း၌လဲလျောင်းနေသောသူသေတို့သည် ထ၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ အရောင်လျှပ်သည့်ဆီးနှင်းများသည်ကမ္ဘာမြေ ကြီးကို ပြန်လည်စိမ်းလန်းလာစေသကဲ့သို့ ကာလကြာမြင့်စွာကပင်သေလွန်ခဲ့သော သူတို့ကိုထာဝရဘုရားသည်ပြန်၍ အသက်ရှင်စေတော်မူပါလိမ့်မည်။