မဿဲ 2:6 - Common Language Bible6 `အို ယုဒပြည်ဗက်လင်မြို့၊သင်သည်ယုဒပြည်ရှိ မြို့များအနက်သိမ်ငယ်လှသောမြို့မဟုတ်။ ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့အား ရှေ့ဆောင်လမ်းပြမည့်ခေါင်းဆောင်တစ်ဦးသည် သင်၏အထဲမှပေါ်ထွန်းလိမ့်မည်' ဟုဟောကြားထားပါသည်'' ဟူ၍လျှောက်ထား ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible6 အို ယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစု ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကို ဖွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက်ထားကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ‘အို ယုဒပြည်၊ ဗက်လင်မြို့၊ သင်သည် ယုဒပြည်ကိုအုပ်ချုပ်သောမြို့တို့တွင် အသေးသိမ်ဆုံးမဟုတ်။ အကြောင်းမူကား ငါ၏လူမျိုးတော်အစ္စရေးကို အုပ်ထိန်းမည့်ခေါင်းဆောင်တစ်ဦးသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်’ဟူ၍ ပရောဖက်က ရေးထားသောကြောင့်ဖြစ်သည်”ဟု လျှောက်ထားကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ‘အို ယုဒပြည် ဗက်လင်မြို့… သင်သည် ယုဒပြည်ရှိ မြို့များထဲတွင် သေးနုပ်လှသောမြို့ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင့်အထဲက အုပ်စိုးသူတစ်ဦး ပေါ်ထွက်လာမည်။ သူသည် ငါ၏လူမျိုးတော်ဖြစ်သော အစ္စရေးတို့ကို အုပ်စိုးမည့်သူ ဖြစ်၏’ ဟူ၍ ရေးသားထား၏” ဟု လျှောက်ဆိုကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ6 အို ယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစု ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကို ဖွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက်ထားကြ၏။- အခန်းကိုကြည့်ပါ။ |
အတိတ်ကာလ၌ရှောလုဘုရင်ဖြစ်စဉ်အခါ ကအရှင်သည် ဣသရေလအမျိုးသားအပေါင်း တို့အားဦးစီးခေါင်းဆောင်ပြု၍စစ်ပွဲဝင်ခဲ့ ပါ၏။ ထာဝရဘုရားကလည်း`သင်သည်ငါ ၏လူမျိုးတော်ကိုခေါင်းဆောင်ရမည်။ သူတို့၏ ဘုရင်ဖြစ်ရမည်' ဟုအရှင့်အားမိန့်တော်မူ ခဲ့ပါ၏'' ဟုလျှောက်ကြ၏။-
အောက်ပါဖော်ပြပါမြို့တွင်နေထိုင်ခဲ့သူဘိုးဘေးတို့မှ ဆင်းသက်ပေါက်ပွားလာသူများသည်လည်း ယေရုရှလင်မြို့သို့ပြန်လာကြလေသည်။ ဗက်လင်မြို့မှ ၁၂၃ နေတောဖမြို့မှ ၅၆ အာနသုတ်မြို့မှ ၁၂၈ အာဇမာဝက်မြို့မှ ၄၂ ကိရယသာရိမ်မြို့ခေဖိရမြို့နှင့် ဗေရုတ်မြို့တို့မှ ၇၄၃ ရာမမြို့နှင့်ဂါဘမြို့မှ ၆၂၁ မိတ်မတ်မြို့မှ ၁၂၂ ဗေသလမြို့နှင့်အာဣမြို့မှ ၂၂၃ နေဗောမြို့မှ ၅၂ မာဂဗိတ်မြို့မှ ၁၅၆ အခြားဧလံမြို့မှ ၁၂၅၄ ဟာရိမ်မြို့မှ ၃၂၀ လောဒမြို့ဟာဒိဒ်မြို့နှင့် သြနောမြို့တို့မှ ၇၂၅ ယေရိခေါမြို့မှ ၃၄၅ သေနာမြို့မှ ၃၆၃၀