Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 30:25 - Common Language Bible

25 သင်​တို့​သည်​ရန်​သူ့​ခံ​တပ်​များ​ကို​ဖမ်း​ဆီး သိမ်း​ယူ​ကာ သူ​တို့​အား​သတ်​ဖြတ်​လိုက်​သော အ​ခါ၊ တောင်​ကုန်း၊ တောင်​တန်း​ရှိ​သ​မျှ​ပေါ် မှ​ချောင်း​ရေ​တို့​သည်​စီး​ဆင်း​၍​လာ​လိမ့် မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ရဲ တိုက် များ ပြို လဲ ခြင်း၊ ပြင်း ထန် စွာ လုပ် ကြံ ခြင်း နေ့ ရက် ကာ လ၌၊ မြင့် သော တောင် နှင့် ထင် ရှား သော ကုန်း ရှိ သ မျှ အ ပေါ် တွင် ပင်၊ ရေ စီး ရာ ချောင်း များ၊ မြစ် များ ဖြစ် သည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 များ​စွာ​သော လူ​တို့​ကို သတ်၍၊ ရဲ​တိုက်​တို့​သည် ပြို​လဲ​သော​အ​ခါ၊ မြင့်​သော​တောင်​ရှိ​သ​မျှ​နှင့် ထင်​ရှား​သော ကုန်း​ရှိ​သ​မျှ​တို့​အ​ပေါ်​မှာ ရေ​စီး​ရာ​မြစ်​နှင့် ချောင်း​များ ရှိ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သတ်ဖြတ်မှု​နေ့​ကြီး​၌ ရဲတိုက်​များ​ပြိုလဲ​သောအခါ မြင့်မား​သော​တောင်​၊ အထွတ်အမြတ်​ထား​သော​တောင်ကုန်း ရှိသမျှ​တို့​ပေါ်၌ ချောင်း​ရေ​များ​စီး​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 30:25
22 ပူးပေါင်းရင်းမြစ်များ  

နန်း​တော်​ပင်​လျှင်​အ​ထီး​တည်း​ကျန်​ရစ်​၍ နေ ပြည်​တော်​ကြီး​သည်​လုံး​ဝ​လူ​သူ​ဆိတ်​ငြိမ် လျက်​နေ​လိမ့်​မည်။ ထို​မြို့​တော်​ကို​စောင့်​ကြပ် ကာ​ကွယ်​ရာ​ခံ​တပ်​များ​နှင့်​အိမ်​များ​သည် လည်း ထာ​ဝ​စဉ်​ပျက်​စီး​ယို​ယွင်း​၍​နေ​လိမ့် မည်။ ထို​အ​ရပ်​တွင်​မြည်း​ရိုင်း​များ​လှည့်​လည် သွား​လာ​ကာ​သိုး​များ​ကျက်​စား​ကြ​လိမ့်​မည်။


ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​ကို​သုတ်​သင်​ပစ် လေ​သည်။ နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌ ထို​သူ​အ​ပေါင်း​တို့​သည်​လဲ​၍​သေ​နေ​ကြ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား၊ ခြောက်​သွေ့​ပူ​ပြင်း​သော​သဲ​ကန္တာ​ရ​ကို​ဖြတ်​၍ ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ​သူ​တို့​သည် ရေ​မ​ငတ်​ကြ။ ကိုယ်​တော်​သည်၊သူ​တို့​အ​တွက်​ကျောက်​ဆောင်​ထဲ​မှ ရေ​စီး​၍​ထွက်​စေ​တော်​မူ​၏။ ကျောက်​ကို​ကွဲ​အက်​စေ​တော်​မူ​သ​ဖြင့် ရေ​သည်​စီး​ထွက်​၍​လာ​၏။


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ``ငါ​သည်​အာ​ရစ်​ပင်​မြင့်​၏​ထိပ်​ဖျား​ကိုင်း​ကို ယူ​၍​စိုက်​မည်။ အ​ခက်​နု​ကို​ချိုး​ပြီး​နောက်​အ​လွန်​မြင့်​သော တောင်​မြင့်​ပေါ်​မှာ​စိုက်​မည်။


နိုင်​ငံ​ရပ်​ခြား​များ​မှ စု​သိမ်း​ပြီး​လျှင်​သူ တို့​အား မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​ပြန်​လည် ခေါ်​ခဲ့​မည်။ ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ တောင်​များ​နှင့်​မြစ်​ချောင်း​များ​သို့​ပို့​ဆောင် ၍​သာ​ယာ​သော​စား​ကျက်​များ​၌​ကျွေး မွေး​မည်။-


``ငါ​သည်​သူ​တို့​အား​ကောင်း​ချီး​ပေး​၍ ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်​တော်​ပတ်​လည် တွင်​နေ​စေ​မည်။ အ​ချိန်​တန်​သော​အ​ခါ ကောင်း​ချီး​မိုး​ရေ​ကို​ကျ​စေ​မည်။-


ထို​လူ​သည်​ငါ့​အား​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး ဝ​သို့​ခေါ်​ဆောင်​သွား​၏။ တံ​ခါး​ခုံ​အောက်​မှ ရေ​သည်​ယဇ်​ပလ္လင်​၏​တောင်​ဘက်​ကို​ဖြတ်​ကာ ဗိ​မာန်​တော်​မျက်​နှာ​မူ​ရာ​အ​ရှေ့​ဘက်​သို့ စီး​ဆင်း​လျက်​နေ​၏။-


ထို​ကာ​လ​၌​တောင်​တို့​သည်​စ​ပျစ်​ဥ​ယျာဉ် များ​နှင့် ဖုံး​လွှမ်း​လျက်​ရှိ​လိမ့်​မည်။ တောင်​ကုန်း​မှန်​သ​မျှ​တို့​တွင်​လည်း​ကျွဲ​နွား​များ ကို​မြင်​ရ​လိမ့်​မည်။ ယု​ဒ​ပြည်​တစ်​ခု​လုံး​၌​ရေ​အ​လုံ​အ​လောက် ရ​ရှိ​ကြ​လိမ့်​မည်။ စမ်း​ရေ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​မှ စီး​ဆင်း​လာ​လျက်​ရှိတ္တိမ်​ချိုင့်​ဝှမ်း​ကို​စို​ပြေ​စေ လိမ့်​မည်။


သင်​၏​ခံ​တပ်​မှန်​သ​မျှ​သည်​အ​သီး​မှည့်​များ ရှိ​သည့်​သ​ဖန်း​ပင်​များ​နှင့်​တူ​၍ အ​ပင်​ကို လှုပ်​လိုက်​လျှင်​စား​ချင်​သူ​၏​ခံ​တွင်း​သို့ အ​သီး​များ​ကျ​လာ​လိမ့်​မည်။-


ယင်း​တို့​အ​ပေါ်​တွင်​မိုး​များ​စွာ​ရွာ​သွန်း​လိမ့်​မည်။ ရေ​အ​လုံ​အ​လောက်​ရ​ရှိ​သော​လယ်​များ​တွင် စိုက်​ပျိုး​ရ​လိမ့်​မည်။ သူ​တို့​၏​ဘု​ရင်​သည်​အာ​ဂတ်​ဘု​ရင်​ထက် တန်​ခိုး​ကြီး​၍​နေ​ရာ​အ​နှံ့​သို့ သူ​၏​အာ​ဏာ​စက်​သက်​ရောက်​လိမ့်​မည်။


ကျမ်း​စာ​လာ​သည်​အ​တိုင်း `ငါ့​ကို​ယုံ​ကြည်​သူ ၏​စိတ်​နှ​လုံး​အ​ထဲ​မှ​အ​သက်​ရေ​သည်​စမ်း ချောင်း​သ​ဖွယ်​စီး​ထွက်​နေ​လိမ့်​မည်' '' ဟု ကြွေး​ကြော်​တော်​မူ​၏။-


ငါ​တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​သည်​လူ​သား တို့​စွဲ​ကိုင်​သည့်​လက်​နက်​များ​မ​ဟုတ်။ ခံ​တပ်​များ ကို​ဖြို​ဖျက်​နိုင်​သည့်​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​နှင့်​ပြည့်​စုံ​သော​လက်​နက်​များ​ဖြစ်​၏။ ငါ တို့​သည်​မ​မှန်​ကန်​သည့်​ဆွေး​နွေး​ငြင်း​ခုံ​ချက် များ​ကို​လည်း​ကောင်း၊-


ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား​အ​သက် ရေ​စီး​ရာ​မြစ်​ကို​လည်း​ပြ​၏။ ထို​မြစ်​သည်​ကျောက် သ​လင်း​ကဲ့​သို့​ကြည်​လင်​တောက်​ပ​၍​ဘု​ရား​သ​ခင် နှင့်​သိုး​သူ​ငယ်​တော်​၏​ပလ္လင်​မှ​မြို့​တော်​လမ်း​အ​လယ် တစ်​လျှောက်​စီး​ဆင်း​လျက်​နေ​၏။ ထို​မြစ်​၏​ဝဲ​ယာ တွင်​အ​သက်​ပင်​ရှိ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ