ထာဝရဘုရားက ``ငါ၏လူမျိုးတော်အား ငါ့ထံပြန်စေကြလော့။ ငါ့လူမျိုးတော်တို့ ၏လမ်းခရီးမှဆူးညှောင့်ခလုတ်ရှိသမျှ ကိုပယ်ရှားကြလော့။ လမ်းကိုဖောက်လုပ် ၍အသင့်ပြင်ကြလော့။
ဗျာဒိတ် 2:14 - Common Language Bible သို့ရာတွင်သင်တို့အထဲတွင်ဗာလမ်၏အယူ ဝါဒကိုလိုက်လျှောက်သူများရှိနေသဖြင့် သင့်အားအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ ဣသရေလအမျိုးသားတို့သည်ရုပ်တုပူဇော် ရာအစားအစာများကိုစားကြစေရန်နှင့် ကာမဂုဏ်ကိုလိုက်စားကြစေရန်ဗာလမ်က ဗာလက်မင်းအားသင်ကြားပေး၏။- Garrad Bible သို့ ရာ တွင် ရုပ် ပွား အား ပူ ဇော် ပြီး အ သား ကို စား၍ မ တ ရား သော မေ ထုန် ပြု ခြင်း ခ လုတ် ကို၊ ဣ သ ရေ လ အ မျိုး သား တို့ ရှေ့ ချ ထား ရန် ဗာ လက် မင်း အား သွန် သင် သော ဗာ လမ်၏ ဩ ဝါ ဒ ကို စွဲ ကိုင် သူ၊ နိ ကော လ ဂိုဏ်း သား တို့ ဩ ဝါ ဒ ကို စွဲ ကိုင် သူ အ ချို့ သည် သင်၌ လည်း ထို နည်း တူ ရှိ ကြ သည့် အ တွက် သင့် အား အ နည်း ငယ် ငါ အ ပြစ် တင် ရန် အ ကြောင်း ရှိ သည့် အ လျောက်၊ Judson Bible သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှာ လည်းကောင်း၊ မတရားသော မေထုန်ကို ပြုစေခြင်းငှာလည်းကောင်း၊ ထိမိ၍ လဲစရာအရာကို သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးသောသူတည်းဟူသော ဗာလမ်၏အယူကို စွဲလမ်းသောသူတို့သည် သင်၏နေရာ၌ရှိကြသည်ဖြစ်၍၊ သင်၌ အနည်းငယ်သောအပြစ်တင်စရာ ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ငါသည် သင့်အား အပြစ်ပြောစရာ အနည်းငယ်ရှိ၏။ သင်တို့တွင် မှားယွင်းသည့်ပရောဖက်ဗာလမ်၏ သွန်သင်ချက်ကို လိုက်နာသောသူများရှိကြ၏။ အစ္စရေးလူမျိုးတို့သည် ရုပ်တုများအား ပူဇော်သည့်အစားအစာကို စားရန်လည်းကောင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း အစ္စရေးလူမျိုးတို့ရှေ့မှောက်၌ တိုက်မိစရာ ဆူးငြောင့်ခလုတ်ကိုချထားရန် ဗာလမ်သည် ဗာလက်မင်းအား သွန်သင်ခဲ့၏။ |
ထာဝရဘုရားက ``ငါ၏လူမျိုးတော်အား ငါ့ထံပြန်စေကြလော့။ ငါ့လူမျိုးတော်တို့ ၏လမ်းခရီးမှဆူးညှောင့်ခလုတ်ရှိသမျှ ကိုပယ်ရှားကြလော့။ လမ်းကိုဖောက်လုပ် ၍အသင့်ပြင်ကြလော့။
သို့ဖြစ်၍ငါသည်ဤလူတို့ရှေ့တွင်ခလုတ် များချထားသဖြင့် ခြေချော်၍လဲစေမည်။ ဖခင်များနှင့်သားများသည်လည်းကောင်း မိတ်ဆွေများနှင့်အိမ်နီးချင်းများသည် လည်းကောင်းသေရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
``သူတော်ကောင်းတစ်ယောက်သည်မကောင်းမှု ကိုပြုလာသဖြင့် ငါသည်သူ့အားအန္တရာယ် ရှိသောအခြေအနေသို့ရောက်စေ၍သူသည် သေရမည်။ ထိုအခါသင်သည်သူ့ကိုသတိ မပေးဘဲနေပါမူ သူသည်မိမိကူးလွန် သည့်အပြစ်အတွက်သေရလိမ့်မည်။ ယခင် ကသူပြုသည့်ကောင်းမှုများကိုငါသတိ ရလိမ့်မည်မဟုတ်။ ထိုအခါထိုသူသေရ သည့်အတွက်သင့်မှာတာဝန်ရှိ၏။-
သို့ရာတွင်သူတို့သည်ဣသရေလအမျိုးသား တို့အားရုပ်တုကိုးကွယ်မှုတွင်ဦးစီးခေါင်း ဆောင်ပြုကာအပြစ်ကူးလွန်စေခဲ့ကြသဖြင့် အပြစ်ဒဏ်ခံရကြမည်ဖြစ်ကြောင်းငါ အရှင်ထာဝရဘုရားသည်ကျိန်ဆို၏။-
ဗာလမ်ကဗာလက်ဘုရင်အား``ယခုငါသည် ဆွေမျိုးသားချင်းတို့ထံသို့ပြန်မည်။ သို့ရာတွင် ငါပြန်၍မသွားမီဣသရေလအမျိုးသား တို့ကနောင်အခါ သင်၏အမျိုးသားတို့အား မည်ကဲ့သို့ပြုလုပ်မည့်အကြောင်းကို ငါသတိ ပေးခဲ့မည်'' ဟုဆို၏။-
ဤအမျိုးသမီးများသည်ဗာလမ်၏အကြံ ပေးချက်အရပေဂုရအရပ်တွင် ဣသရေလ အမျိုးသားတို့အား ထာဝရဘုရားကိုသစ္စာ ဖောက်စေခဲ့ကြောင်းသတိရကြလော့။ ထို အပြစ်ကြောင့်ထာဝရဘုရား၏လူစု တွင်ကပ်ရောဂါကျရောက်ခဲ့၏။-
မိဒျန်ဘုရင်ငါးပါးဖြစ်ကြသောဧဝိ၊ ရေ ကင်၊ ဇုရ၊ ဟုရနှင့်ရေဘတို့အပါအဝင် ယောကျာ်းအားလုံးကို သတ်ဖြတ်သုတ်သင်ခဲ့ ကြလေသည်။ ဗောရ၏သားဗာလမ်ကို လည်းသတ်ခဲ့ကြ၏။
လူသားတို့အားယုံကြည်ခြင်းပျက်ပြယ်စေ သောအရာများရှိသည့်အတွက်လူသားတို့ သည်အမင်္ဂလာရှိကြ၏။ ယုံကြည်ခြင်းကိုပျက် ပြယ်စေသောအရာများကားမုချရှိမည်။ သို့ ရာတွင်ယုံကြည်ခြင်းပျက်ပြယ်မှုကိုဖြစ် စေသောသူသည်အမင်္ဂလာရှိ၏။
လည်ညှစ်သားကိုမစားနှင့်။ ကာမဂုဏ်လိုက်စား မှုကိုမပြုနှင့်ဟူသောပညတ်များမှတစ်ပါး အခြားသောဝန်ကိုသင်တို့အပေါ်မတင်ရန် သန့်ရှင်းသောဝိညာဉ်တော်နှင့်ကျွန်ုပ်တို့သဘော တူကြပါ၏။ ဤအရာများကိုရှောင်ကြဉ်ကြ ပါက သင်တို့အတွက်လုံလောက်ပေပြီ။ ကျန်း မာရွှင်လန်းကြပါစေ'' ဟုဖော်ပြပါရှိလေ သည်။
ယုံကြည်သူလူမျိုးခြားတို့အတွက်မူကား ရုပ်တုများကိုပူဇော်သည့်အစားအစာ၊ သွေး၊ လည်ညှစ်သားတို့ကိုမစားရန်နှင့်ကာမဂုဏ် လိုက်စားမှုကိုရှောင်ကြဉ်ရန် ငါတို့စီရင်ဆုံး ဖြတ်၍သူတို့ထံသို့စာရေးအကြောင်း ကြားပြီးပါပြီ'' ဟုဆိုကြ၏။
ထို့အပြင်ဒါဝိဒ်မင်းက၊ ``သူတို့၏စားသောက်ပွဲများသည်သူတို့အတွက် ကျော့ကွင်းကဲ့သို့လည်းကောင်း၊ ထောင်ချောက်ကဲ့သို့လည်းကောင်းဖမ်းမိလျက် ဒဏ်ခတ်ခံရပါစေသော။
ထို့ကြောင့်ငါတို့သည်အချင်းချင်းအား စစ်ကြောစီရင်မှုမပြုဘဲနေကြကုန်အံ့။ ညီအစ်ကိုချင်းတို့အားတိုက်လဲမှောက်မှားစေ မည့်အပြုအမူများကိုရှောင်ကြဉ်ကြကုန် အံ့။-
အသားစားခြင်း၊ စပျစ်ရည်သောက်ခြင်းစ သောသင့်ညီအစ်ကိုအားတိုက်လဲစေရန် မည်သည်ကိုမျှမပြုသင့်။-
အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သူတို့၏လုပ်ဆောင်ချက်သည်ဘုရားသခင် အားယုံကြည်မှုအပေါ်၌အခြေမပြုဘဲ မိမိတို့၏အကျင့်သီလအပေါ်၌အခြေ ပြုသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ကျမ်းစာတော် တွင်ဖော်ပြသည့်ကျောက်ကိုတိုက်မိ၍လဲ ကြ၏။-
ငါတို့ကမူလက်ဝါးကပ်တိုင်တွင်အသေခံ တော်မူသောခရစ်တော်၏အကြောင်းကိုဟော ပြောကြေညာကြ၏။ ထိုအကြောင်းအရာသည် ယုဒအမျိုးသားတို့အတွက်မနှစ်မြို့စရာ၊ လူမျိုးခြားတို့အတွက်အနက်အဋ္ဌိပ္ပါယ်မရှိ သည့်အရာဖြစ်၏။-
သို့သော်ကာမဂုဏ်လိုက်စားမှုများလွန်စွာ များပြားလျက်နေသဖြင့် အမျိုးသားတိုင်း မှာဇနီးရှိသင့်၏။ အမျိုးသမီးတိုင်းမှာလည်း ခင်ပွန်းရှိသင့်၏။-
ထိမ်းမြားမင်္ဂလာပြုခြင်းအမှုကိုလူတိုင်း လေးစားကြရမည်။ လင်နှင့်မယားသည် တစ်ဦးကိုတစ်ဦးသစ္စာရှိရမည်။ ဘုရား သခင်သည်အကျင့်ပျက်သူများနှင့်သူ တစ်ပါးအိမ်ရာပြစ်မှားသူများကိုတရား စီရင်တော်မူလိမ့်မည်။
ထိုနောက်ဇိဖော်၏သားမောဘပြည်ဘုရင် ဗာလက်သည်ဣသရေလအမျိုးသားတို့ကို တိုက်ခိုက်လေသည်။ သူသည်သင်တို့ကိုကျိန်ဆဲ ရန်ဗောရ၏သားဗာလမ်ကိုခေါ်စေသည်။-
အခြားကျမ်းတစ်ပုဒ်တွင်၊ ``ထိုကျောက်သည်လူတို့အားခလုတ်ထိစေ၍ ပြိုလဲစေသောကျောက်ဖြစ်၏'' ဟုဖော်ပြပါရှိ၏။ သူတို့သည်နှုတ်ကပတ်တော် ကို မယုံကြည်ကြသဖြင့်ခလုတ်ထိရကြ၏။ ဤကားထိုသူတို့အတွက်ဘုရားသခင်၏ အလိုတော်ပင်ဖြစ်သတည်း။
သူတို့သည်လမ်းဖြောင့်မှသွေဖီကာမှောက် မှားလမ်းလွဲကြလေပြီ။ ဗောသော်၏သား၊ ဗာလမ်၏လမ်းစဉ်ကိုလိုက်ကြပြီ။ ဗာလမ် ကားအပြစ်ပြုခြင်းဖြင့်ရရှိမည့်အခကို တပ်မက်သည်ဖြစ်၍၊-
သူတို့သည်အမင်္ဂလာရှိပါသည်တကား။ သူ တို့သည်ကာဣန၏လမ်းစဉ်ကိုလိုက်ကြလေ ကုန်ပြီ။ ငွေကိုစုံမက်သဖြင့်ဗာလမ်၏အမှား မျိုးကိုပြုကြလေကုန်ပြီ။ ကောရကဲ့သို့ တော်လှန်ပုန်ကန်ကြသဖြင့် ဆုံးရှုံးပျက်စီး ကြကုန်၏။-
သို့ရာတွင်သင့်အားအပြစ်ဆိုစရာရှိသည် မှာ ယေဇဗေလဆိုသူအမျိုးသမီးကိုသင် လက်ခံလျက်နေခြင်းပင်ဖြစ်၏။ သူသည်မိမိ ကိုယ်ကိုဘုရားသခင်၏စေတမန်ဟုဆိုကာ ငါ၏တပည့်တို့အား ကာမဂုဏ်လိုက်စားစေ ရန်နှင့်ရုပ်တုတို့အားပူဇော်သည့်အစား အစာများကိုစားစေရန် သွန်သင်ခြင်းအား ဖြင့်မှောက်မှားလမ်းလွဲစေလေသည်။-
သို့သော်သင်သည်အစကကဲ့သို့ယခုအခါ ၌ ငါ့ကိုမချစ်တော့သဖြင့်သင့်အားအပြစ် ဆိုစရာရှိ၏။-
သို့ရာတွင်သူရဲဘောနည်းသူ၊ သစ္စာဖောက်သူ၊ စက် ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ လူသတ်သူ၊ အကျင့်ပျက် သူ၊ စုန်းအတတ်ဖြင့်ပြုစားသူ၊ ရုပ်တုကိုးကွယ်သူ၊ လိမ်လည်ပြောဆိုသူတို့သည်ကန့်မီးအိုင်ထဲသို့ ရောက်ရကြလိမ့်မည်။ ဤကားဒုတိယသေခြင်း ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
သို့ရာတွင်လူမဆန်သူများ၊ ပြုစားတတ်သူ များ၊ ကာမဂုဏ်လိုက်စားသူများ၊ လူသတ်သမား များ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ပြောဆို ၍ကျင့်ကြံသူများသည်မြို့ပြင်တွင်နေရကြ လိမ့်မည်။