Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 11:9 - Common Language Bible

9 ထို့​အ​ပြင်​ဒါ​ဝိဒ်​မင်း​က၊ ``သူ​တို့​၏​စား​သောက်​ပွဲ​များ​သည်​သူ​တို့​အ​တွက် ကျော့​ကွင်း​ကဲ့​သို့​လည်း​ကောင်း၊ ထောင်​ချောက်​ကဲ့​သို့​လည်း​ကောင်း​ဖမ်း​မိ​လျက် ဒဏ်​ခတ်​ခံ​ရ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 သူ တို့ စား သောက် ပွဲ သည် ကိုယ်၌ ကျော့ ကွင်း၊ ထောင် ချောက်၊ ခ လုတ်၊ ဝိ ပါက် ဖြစ် ပါ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ဒါ​ဝိဒ်၏​စ​ကား ဟူ​မူ​ကား၊ သူ​တို့​စား​ပွဲ​သည် သူ​တို့၌ ကျော့​ကွင်း​သော်​လည်း​ကောင်း၊ ဂျမ်း​သော်​လည်း​ကောင်း၊ ထောင်​ချောက်​သော်​လည်း​ကောင်း၊ ခံ​ထိုက်​သော အ​ပြစ်​သော်​လည်း​ကောင်း ဖြစ်​ပါ​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ဒါဝိဒ်​က​လည်း “သူ​တို့​၏​စားပွဲ​သည် သူ​တို့​အတွက် ကျော့ကွင်း​သော်လည်းကောင်း၊ ထောင်ချောက်​သော်လည်းကောင်း၊ မှားယွင်း​စေ​သော​အရာ​သော်လည်းကောင်း၊ လက်တုံ့ပြန်​စရာ​သော်လည်းကောင်း ဖြစ်​ပါစေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ဒါဝိဒ်မင်း​ကလည်း “သူတို့​၏ စားပွဲ​သည် ကျော့ကွင်း​သော်လည်းကောင်း၊ ထောင်ချောက်​သော်လည်းကောင်း၊ ထိမိ​၍ လဲစရာ​သော်လည်းကောင်း၊ လက်စားချေစရာ​သော်လည်းကောင်း ဖြစ်ပါစေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 11:9
18 ပူးပေါင်းရင်းမြစ်များ  

မြေ၌ဂျမ်းကြိုးကို သူ့အဘို့ ဝှက်ထားလျက်၊ သူသွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။


ထို​သူ​တို့​ပြု​သော​အ​မှု​များ​နှင့်​ကူး​လွန်​သော အ​ပြစ်​များ​အ​တွက်​သူ​တို့​အား​အ​ပြစ်​ဒဏ် ပေး​တော်​မူ​ပါ။ သူ​တို့​၏​အ​ကျင့်​ဆိုး​များ​အ​တွက် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ သူ​တို့​အ​ပြစ်​နှင့်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို စီ​ရင်​တော်​မူ​ပါ။


ဥာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။


မိ​မိ​တို့​အ​ပြစ်​အ​လျောက်​ဒဏ်​ခတ်​တော်​မူ လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​ရန်​သူ​များ​သည် အ​မျက်​တော်​ကို​ခံ​ရ​၍ အ​ကျိုး​အ​ပြစ်​ကို ပေး​ဆပ်​ရ​မည်။ ရပ်​ဝေး​တွင်​နေ​ထိုင်​လျက်​ရှိ ကြ​သူ​များ​ပင်​လျှင် ထို​အ​ပြစ်​ဒဏ်​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်​မ​ဟုတ်။-


ငါ​သည်​မီး​ဖွား​ချိန်​တန်​လျက် ဖွား​မြင်​ခွင့်​မ ရ​နိုင်​သည့်​က​လေး​ကဲ့​သို့​ဖြစ်​စေ​လိမ့်​မည်​ဟု သင်​တို့​မ​ထင်​မ​မှတ်​ကြ​နှင့်​ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ သည့်​စကား​ပင်​ဖြစ်​သ​တည်း။


ကိုယ်​တော်​သည်​လှည့်​၍​ပေ​တ​ရု​အား ``အ​ချင်း စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည်​ငါ့ အ​တွက်​ဆူး​ငြောင့်​ခ​လုတ်​သ​ဖွယ်​ဖြစ်​၏။ သင် သည်​ဘု​ရား​သ​ခင်​၏​ရှု​ထောင့်​က​မ​တွေး၊ လူ ၏​ရှု​ထောင့်​က​သာ​တွေး​၏'' ဟု​မိန့်​တော်​မူ​သည်။


သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က `အ​ချင်း​လူ​မိုက်၊ ယ​ခု​ညဥ့်​ပင်​သင့်​အ​သက်​ချုပ်​ငြိမ်း​ရ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​စု​ဆောင်း​ထား​သည့်​ဥစ္စာ​ပစ္စည်း များ​ကား အ​ဘယ်​သူ​၏​လက်​သို့​ရောက်​လိမ့် မည်​နည်း' ဟု​မိန့်​တော်​မူ​၏။


ထို့​ကြောင့်​ငါ​တို့​သည်​အ​ချင်း​ချင်း​အား စစ်​ကြော​စီ​ရင်​မှု​မ​ပြု​ဘဲ​နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း​တို့​အား​တိုက်​လဲ​မှောက်​မှား​စေ မည့်​အ​ပြု​အ​မူ​များ​ကို​ရှောင်​ကြဉ်​ကြ​ကုန် အံ့။-


ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဒဏ်​ခတ်​၍ လက်​စား​ချေ​တော်​မူ​မည်။ သူ​တို့​ရှုံး​နိမ့်​ရ​သော​အ​ချိန်​ရောက်​လိမ့်​မည်။ သူ​တို့​ပျက်​စီး​ရ​သော​အ​ချိန်​နီး​ပြီ။


ကောင်း​ကင်​တ​မန်​များ​မှ​တစ်​ဆင့်​ပေး​အပ် တော်​မူ​သော​တ​ရား​တော်​သည်​မှန်​ကန်​သော တ​ရား​တော်​ဖြစ်​သ​ဖြင့် ထို​တ​ရား​တော်​ကို မ​လိုက်​လျှောက်၊ မ​နာ​ခံ​သူ​မှန်​သ​မျှ​သည် ထိုက်​သင့်​သော​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ကြ​ရ​သည်​မှန်​ပါ​က၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ