ရောမ 14:13 - Common Language Bible13 ထို့ကြောင့်ငါတို့သည်အချင်းချင်းအား စစ်ကြောစီရင်မှုမပြုဘဲနေကြကုန်အံ့။ ညီအစ်ကိုချင်းတို့အားတိုက်လဲမှောက်မှားစေ မည့်အပြုအမူများကိုရှောင်ကြဉ်ကြကုန် အံ့။- အခန်းကိုကြည့်ပါ။Garrad Bible13 ထို ကြောင့် ထပ် မံ၍ တစ် ယောက် ကို တစ် ယောက် မ စီ ရင် ဘဲ နေ ကြ ကုန် အံ့။ ညီ အစ် ကို ချင်း အား မှောက် မှား ရန်၊ တိုက် လဲ ရန် အ ကြောင်း မ ရှိ စေ ခြင်း ငှါ သာ စီ မံ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible13 ထိုကြောင့်၊ ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍ လဲစရာအခွင့်၊ မှားယွင်းစရာအခွင့် မရှိစေမည်အကြောင်း သာ၍ စီရင်ကြကုန်အံ့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ထို့ကြောင့် ငါတို့သည် နောက်ထပ် အချင်းချင်းမစီရင်ဘဲနေကြကုန်စို့။ ထိုမျှမက ညီအစ်ကိုအတွက် ခလုတ်တံသင်း၊ သို့မဟုတ် မှားယွင်းစေသောအရာကိုမထားရန် စီရင်ကြလော့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ထို့ကြောင့် အချင်းချင်း အပြစ်မတင်ဘဲ နေကြပါစို့။ အပြစ်တင်မည့်အစား အခြားယုံကြည်သောသူတစ်ယောက်အတွက် ဆူးငြောင့်ခလုတ် သို့မဟုတ် ထိမိ၍ လဲစရာမဖြစ်စေရန် ဆင်ခြင်ကြပါစို့။ အခန်းကိုကြည့်ပါ။ |
မည်သည့်အစားအစာကိုမဆိုစားတတ်သော သူသည် ထိုသို့မစားတတ်သူအားအထင်မသေး နှင့်။ ဟင်းသီးဟင်းရွက်သာစားတတ်သူကလည်း မည်သည့်အစားအစာကိုမဆိုစားတတ်သူ ကိုပြစ်တင်ဝေဖန်မှုမပြုနှင့်။ အဘယ်ကြောင့် ဆိုသော်မည်သည့်အစားအစာကိုမဆိုစား တတ်သူအား ဘုရားသခင်လက်ခံတော်မူ ပြီးဖြစ်သောကြောင့်တည်း။-
သင်သည်အဘယ်သူဖြစ်၍သူတစ်ပါး၏ အစေခံကိုစစ်ကြောစီရင်နိုင်သနည်း။ ထို အစေခံ၏အလုပ်သည်ကျေနပ်ဖွယ်ဖြစ်သည် မဖြစ်သည်ကိုသူ၏သခင်ကဆုံးဖြတ်လိမ့် မည်။ သူ၏အလုပ်ကျေနပ်ဖွယ်ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သခင်ဘုရားသည် သူ့အားကူမတော်မူနိုင်သောကြောင့်တည်း။
ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်းပုတ် ခတ်ဝေဖန်လျှင်သော်လည်းကောင်း၊ စစ်ကြော စီရင်လျှင်သော်လည်းကောင်းပညတ်တရား တော်ကိုပုတ်ခတ်ပြောဆိုစစ်ကြောစီရင်ရာ ရောက်၏။ ပညတ်တရားတော်ကိုစစ်ကြောစီရင် ကြလျှင် သင်တို့သည်ထိုတရားတော်ကိုစောင့် ထိန်းသူများမဟုတ်ဘဲစစ်ကြောစီရင်သူ များသာဖြစ်ကြ၏။-