အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏။ ပညာကုန်သွယ် ၍ ရသောအမြတ်လည်း ရွှေစင်ထက် သာ၍ကောင်း၏။
ဗျာဒိတ် 18:11 - Common Language Bible ကမ္ဘာပေါ်ရှိကုန်သည်ကြီးတို့သည်လည်းမိမိ တို့ကုန်ပစ္စည်းများကိုဝယ်ယူမည့်သူတစ်ယောက် မျှမရှိတော့သဖြင့်ငိုကြွေးမြည်တမ်း၍ဝမ်း နည်းပူဆွေးကြ၏။- Garrad Bible မြေ ကြီး ကုန် သည် တို့ သည် ရွှေ၊ ငွေ၊ ကျောက် မျက်၊ ပု လဲ၊ ပိတ် ချော၊ အ မောင်း ထည်၊ ပိုး ထည်၊ အ နီ ထည်၊ နံ့ သာ သား အ မျိုး မျိုး၊ ဆင် စွယ် အ သုံး အ ဆောင် မှ စ၍ အ ဖိုး ထိုက် သစ် သား၊ ကြေး၊ သံ၊ ကျောက် ဖြူ အ သုံး အ ဆောင်၊ သစ် ကြံ ပိုး၊ ဖာ လာ၊ နံ့ သာ ပေါင်း၊ နံ့ သာ ဆီ၊ လော ဗန် စေး၊ စ ပျစ် ရည်၊ ဆီ၊ မုန့် ညက်၊ စ ပါး၊ နွား၊ သိုး၊ မြင်း၊ ရ ထား နှင့်၊ ကိုယ် ကာ ယ အ သက် ဝိ ညာဉ် ပါ လူ တည်း ဟူ သော ကုန် စည် များ ကို နောင် မည် သူ မျှ ဝယ် ယူ တော့ မည် မ ဟုတ် သော ကြောင့် ငို ကြွေး မြည် တမ်း ကြ လိမ့် မည်။ Judson Bible လောကီကုန်သည်တို့သည် ထိုအတူ ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော၊- မြန်မာ့စံမီသမ္မာကျမ်း ကမ္ဘာမြေကြီးပေါ်ရှိ ကုန်သည်များသည်လည်း သူတို့၏ကုန်ပစ္စည်းများကို ဝယ်ယူမည့်သူတစ်စုံတစ်ဦးမျှမရှိတော့သဖြင့် သူ့အတွက်ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လောကီကုန်သည်များသည်လည်း သူတို့၏ ကုန်ပစ္စည်းများကို ဝယ်ယူမည့်သူတစ်ယောက်မျှ မရှိတော့သဖြင့် သူ့အတွက် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ |
အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏။ ပညာကုန်သွယ် ၍ ရသောအမြတ်လည်း ရွှေစင်ထက် သာ၍ကောင်း၏။
ဗာဗုလုန်မြို့သည်မြို့တကာတို့တွင်အလှဆုံး ဖြစ်၍ မြို့သူမြို့သားတို့ဂုဏ်ယူဝါကြွားရာ ဖြစ်ပေသည်။ သို့ရာတွင်ငါထာဝရဘုရားသည် သောဒုံနှင့်ဂေါမောရမြို့တို့ကိုပြုခဲ့သည်နည်း တူဗာဗုလုန်မြို့ကိုလည်းပျက်သုဉ်းစေမည်။-
သင်တစ်သက်လုံးတိုင်ပင်ခဲ့သည့်နက္ခတ်ဆရာ တို့၏ အကြံပေးချက်သည်လည်း၊ ဤအတိုင်းပင်သင့်အားဖြစ်စေလိမ့်မည်။ ထိုသူအပေါင်းတို့သည်သင့်ကိုထားခဲ့၍ မိမိတို့သွားလိုရာသို့ထွက်သွားကြလိမ့်မည်။ သင့်ကိုကယ်ရန်မည်သူတစ်ယောက်မျှကျန်ရစ်ခဲ့ လိမ့်မည်မဟုတ်။''
သင်္ဘောကိုပြုပြင်ဖာထေးရန်လိုက်ပါသည့် ကျွမ်းကျင်သူလက်သမားဆရာများသည် ဂေဗလမြို့မှဖြစ်ကြ၏။ ပင်လယ်ကူးသင်္ဘောမှန်သမျှမှသင်္ဘောသားတို့သည် သင်နှင့်ရောင်းဝယ်ဖောက်ကားမှုကိုပြုကြ၏။
မြို့အနိမ့်ပိုင်းတွင်နေထိုင်သူတို့ငိုကြွေး ကြလော့။ ကုန်သည်ကြီးများသည်သေဆုံး ကြတော့မည်။
ထာဝရဘုရားအမျက်ထွက်တော်မူရာ ထိုကာလ၌ထိုသူတို့သည် မိမိတို့၏ရွှေ ငွေရှိသမျှကိုစုပုံပေးသော်လည်းအသက် ချမ်းသာရာရကြလိမ့်မည်မဟုတ်။ ကမ္ဘာ မြေပြင်တစ်ခုလုံးသည်ကိုယ်တော်၏ အမျက်တော်မီးသင့်၍ဆုံးရှုံးပျက်စီး သွားလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ ပေါ်တွင်နေထိုင်သူမှန်သမျှကိုရုတ် တရက်အစတုံးအောင်စီရင်တော်မူ လိမ့်မည်။
သို့ရာတွင်ဖိတ်ကြားထားသူတို့သည်မင်းစေ တို့ကိုဂရုမစိုက်ဘဲတစ်ယောက်ကလယ်တော သို့လည်းကောင်း၊ အခြားတစ်ယောက်ကမိမိ ကုန်သွယ်ရာသို့လည်းကောင်းသွားကြ၏။-
ကိုယ်တော်က ``ဤအရာများကိုယူသွား ကြ။ ငါ့အဖ၏အိမ်တော်ကိုစျေးမဖြစ်စေ နှင့်'' ဟုချိုးငှက်ရောင်းသူများအားမိန့်တော် မူ၏။-
ဤမိစ္ဆာဆရာတို့သည်လောဘကူးလျက် မဟုတ်မမှန်လုပ်ကြံပြောဆိုကာအမြတ် ထုတ်ကြလိမ့်မည်။ ရှေးကာလကပင်လျှင်သူတို့ အားတရားစီရင်မည့်အရှင်သည်အသင့်ရှိနေ တော်မူလေပြီ။ သူတို့အားသုတ်သင်ဖျက်ဆီး တော်မူမည့်အရှင်သည်အိပ်ပျော်လျက်နေ တော်မမူ။
ဗာဗုလုန်မြို့ကိုအမှီပြု၍ထိုကုန်ပစ္စည်းများ ကိုရောင်းဝယ်ခြင်းအားဖြင့်ချမ်းသာကြွယ်ဝ လာသောကုန်သည်ကြီးများသည်ထိုမြို့ခံရ သည့်ဒဏ်ကြောင့်ကြောက်ရွံ့တုန်လှုပ်ကာအဝေး မှရပ်လျက်၊-
ကောင်းကင်ဘုံသားတို့၊ ထိုမြို့ပျက်စီးသည့် အတွက်ဝမ်းမြောက်ရွှင်မြှုးကြလော့။ ဘုရား သခင်၏လူစုတော်ဝင်များ၊ တမန်တော်များ၊ ပရောဖက်များတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ သင်တို့အားပြုသမျှအတွက်ဘုရားသခင် သည်ထိုမြို့ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။
သင်သည်အဘယ်အခါ၌မျှဆီမီး၏အလင်း ရောင်ကိုမြင်ရလိမ့်မည်မဟုတ်။ မင်္ဂလာဆောင်သတို့ သားနှင့်သတို့သမီး၏အသံကိုလည်းအဘယ် အခါ၌မျှကြားရလိမ့်မည်မဟုတ်။ သင်၏ကုန် သည်ကြီးများကားကမ္ဘာတစ်ဝန်းလုံးတွင်သြဇာ အာဏာကြီးမားသူများဖြစ်ကြ၏။ သင်သည် လူမျိုးတကာတို့ကိုစုန်းအတတ်ဖြင့်ပြုစား ကာမှောက်မှားလမ်းလွဲစေလေပြီ'' ဟုဆိုလေ၏။
အဘယ်ကြောင့်ဆိုသော်လူမျိုးအပေါင်းတို့သည် ထိုမြို့၏ကာမဂုဏ်လိုက်စားမှုတည်းဟူသော မူးယစ်စေသည့်စပျစ်ရည်ကိုသောက်ခဲ့ကြ သောကြောင့်ဖြစ်၏။ ကမ္ဘာပေါ်ရှိရှင်ဘုရင်အ ပေါင်းတို့သည်ဗာဗုလုန်မြို့နှင့်အတူ ကာမ ဂုဏ်ကိုလိုက်စားခဲ့ကြလေပြီ။ ကမ္ဘာပေါ်ရှိ ကုန်သည်တို့သည်လည်းထိုမြို့၏တရားလွန် ကာမဂုဏ်စည်းစိမ်ခံစားမှုကိုအကြောင်း ပြု၍ချမ်းသာကြွယ်ဝကြလေပြီ'' ဟု ကြွေးကြော်လေ၏။
သူနှင့်ကာမဂုဏ်စည်းစိမ်ခံစားခဲ့ကြသောကမ္ဘာ တစ်ဝန်းလုံးရှိဘုရင်တို့သည် သူ့ကိုကျွမ်းလောင် လျက်ရှိသည့်မီးမှမီးခိုးများကိုမြင်သော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-