ဗျာဒိတ် 18:10 - Common Language Bible10 သူတို့သည်သူခံရသကဲ့သို့ခံရမည်ကို ကြောက်ရွံ့တုန်လှုပ်ကာအဝေးမှရပ်လျက်``တန်ခိုး ကြီးသည့်မြို့၊ ကြီးမြတ်သည့်ဗာဗုလုန်မြို့၊ ဖြစ် ရလေခြင်း၊ ဖြစ်ရလေခြင်း။ သင်သည်တစ်နာရီ အတွင်း၌အပြစ်ဒဏ်စီရင်ခြင်းကိုခံရလေ ပြီတကား'' ဟုဆိုကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ထို ညှဉ်း ဆဲ ခြင်း ကို ကြောက် ရွံ့၍ အ ဝေး က ရပ် နေ လျက် ဗာ ဗု လုန် မြို့ ကြီး မြို့ ခိုင် သည် အ မင်္ဂ လာ၊ အ မင်္ဂ လာ ရှိ လေ စွ။ တစ် နာ ရီ ချင်း တွင် စီ ရင် ဒဏ် သင့် ရောက် ပြီ တ ကား ဟု ငို ကြွေး ရင် တီး လျက် ဆို ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible10 သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည် တစ်နာရီချင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ၍ သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ထိုသူတို့သည် သူခံရသည့်ညှဉ်းဆဲခြင်းကိုကြောက်ကြသောကြောင့် အဝေးမှရပ်လျက် ‘ကြီးမားသောမြို့၊ အားကြီးသောဘေဘီလုံမြို့၊ သင်သည် စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား။ အဘယ်ကြောင့်ဆိုသော် သင်ခံရသည့်တရားစီရင်ခြင်းသည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ ကျရောက်လေပြီ’ဟု ဆိုကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 သူတို့သည် သူခံရသောညှဉ်းဆဲမှုကို ကြောက်၍ အဝေးမှ ရပ်လျက် “အလိုလေး… ကြီးမြတ်သောဘေဘီလုံ… တန်ခိုးကြီးသောမြို့… ဖြစ်ရလေချင်း။ သင်ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် တစ်ခဏချင်း၌ပင် ရောက်လေပြီ” ဟု ငိုကြွေးကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဤအကြောင်းကြောင့်ရောဂါဘေး၊ ဝမ်းနည်းကြေကွဲခြင်းဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည် သူ၏အပေါ်သို့တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ သူသည်မီးရှို့ခြင်းကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ့အား တရားစီရင်တော်မူသောထာဝရအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သတည်း'' ဟုဆို၏။