ဟေရှာယ 47:15 - Common Language Bible15 သင်တစ်သက်လုံးတိုင်ပင်ခဲ့သည့်နက္ခတ်ဆရာ တို့၏ အကြံပေးချက်သည်လည်း၊ ဤအတိုင်းပင်သင့်အားဖြစ်စေလိမ့်မည်။ ထိုသူအပေါင်းတို့သည်သင့်ကိုထားခဲ့၍ မိမိတို့သွားလိုရာသို့ထွက်သွားကြလိမ့်မည်။ သင့်ကိုကယ်ရန်မည်သူတစ်ယောက်မျှကျန်ရစ်ခဲ့ လိမ့်မည်မဟုတ်။'' အခန်းကိုကြည့်ပါ။Garrad Bible15 သင် လုံ့ လ ပြု ခဲ့ သော အ ရာ များ သည် ထို သို့ ဖြစ် လိမ့် မည်။ ငယ် ရွယ် စဉ် က ပင် ဉာဏ် ကူး ဘက် ဖြစ် သူ တို့ လည်း၊ ကယ် မ ခြင်း မ ပြု ဘဲ၊ ကိုယ့် ဆိုင် ရာ ဆိုင် ရာ လွင့် သွား ကြ လိမ့် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible15 သင်နှင့် ဝိုင်းညီ၍ အမှုဆောင်ရွက်သောသူ၊ သင်ငယ်သော အရွယ်မှစ၍ သင်နှင့် ဖောက်ကားရောင်းဝယ်သောသူတို့သည် သင်၌ ထိုသို့ဖြစ်ကြ၍၊ ကိုယ်စီကိုယ်စီ မိမိနေရာအရပ်သို့လွှဲသွားသဖြင့်၊ သင့်ကို ကယ်တင်သောသူ တစ်စုံတစ်ယောက်မျှ မရှိရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 သင့်အတွက် ကြိုးစားအားထုတ်လုပ်ဆောင်ပေးခဲ့သူ၊ သင်ငယ်စဉ်ကတည်းက သင်နှင့်ရောင်းဝယ်ဖောက်ကားခဲ့သူတို့သည် ထိုသို့ဖြစ်လိမ့်မည်။ သူတို့သည် အသီးသီး ခြေဦးတည့်ရာသို့ လှည့်လည်သွားလာရကြ၍ သင့်ကိုကယ်တင်နိုင်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ထိုဘုရားကိုပခုံးထက်တွင် ထမ်း၍ ဆောင်ယူကာနေရာချထား၏။ ဘုရားသည်လည်းမိမိတည်ရှိသည့် နေရာမှ မရွေ့မလျားနိုင်ရပ်လျက်သာနေ၏။ အကယ်၍သူ့အားတစ်စုံတစ်ယောက်သော သူက ဆုတောင်းပတ္ထနာပြုပါမူသူသည်အဖြေ မပေးနိုင်။ ထိုသူ့အားဘေးအန္တရာယ်မှလည်းမကယ်နိုင်။
သင့်မှာအကြံပေးအရာရှိအမြောက်အမြား ရှိပါသော်လည်း၊သင်သည်အဘယ်သို့မျှ မတတ်နိုင်။ ကြယ်တာရာတို့ကိုကြည့်ရှုလေ့လာသူများ မိုးကောင်းကင်တွင်ဇုံနယ်များဆွဲကာ၊ တစ်လပြီးတစ်လဖြစ်ပျက်မည့်အမှုအရာ များကို သင့်အားကြိုတင်ဖော်ပြကြသူ၊ သင်၏အကြံပေးအရာရှိများသည်လာ၍ သင့်ကိုကယ်ကြပါလေစေ။