ယောရှု၏သားသည်ယောယကိမ်၊ ယောယကိမ်၏သားမှာဧလျာရှိပ်၊ ဧလျာရှိပ်၏သားကားယောယဒဖြစ်၏။
နေဟမိ 3:1 - Common Language Bible မြို့ရိုးကိုပြန်လည်တည်ဆောက်ကြပုံကား ဤ သို့တည်း။ ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်နှင့်သူ၏ အဖော်ယဇ်ပုရောဟိတ်တို့သည် သိုးတံခါး ကိုပြန်လည်တည်ဆောက်၍ဆက်ကပ်ပြီး လျှင် တံခါးရွက်များကိုတပ်ဆင်ကြ၏။ သူတို့သည်မြို့ရိုးကိုရာပြည့်ပြအိုးနှင့် ဟာနနေလပြအိုးတိုင်အောင်ဆက်ကပ် ကြ၏။ Garrad Bible ထို ကာ လ ပ ရော ဟိတ် မင်း ဧ လျာ ရှိပ် သည်၊ ဆွေ မျိုး သား ချင်း ပ ရော ဟိတ် တို့ နှင့် တ ကွ ထ၍၊ သိုး တံ ခါး ကို တည် ဆောက် လျက်၊ သီး သန့် ထား ပြီး လျှင် တံ ခါး ရွက် တပ် ထား ကြ ၏။ မေ အာ ပြ အိုး မှ ဟာ န နေ လ ပြ အိုး တိုင် အောင် သီး သန့် ထား ကြ သ တည်း။ Judson Bible ထိုအခါ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သည်၊ မိမိညီအစ်ကို ယဇ်ပုရောဟိတ်တို့နှင့်တကွ ထ၍၊ သိုးတံခါးကို ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ မေအာပြအိုးမှ ဟာနနေလပြအိုး တိုင်အောင် ပြင်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်နှင့် သူ၏ညီအစ်ကိုယဇ်ပုရောဟိတ်တို့ကလည်း သိုးတံခါးကို ပြန်လည်တည်ဆောက်၍ ဆက်ကပ်ကြပြီး တံခါးရွက်များကို တပ်ဆင်ကြ၏။ မေအာရဲတိုက်အထိ၊ ထိုမှ ဟာနနေလရဲတိုက်အထိ မြို့ရိုးကို ပြန်လည်တည်ဆောက်ပြီး ဆက်ကပ်ကြ၏။ |
ယောရှု၏သားသည်ယောယကိမ်၊ ယောယကိမ်၏သားမှာဧလျာရှိပ်၊ ဧလျာရှိပ်၏သားကားယောယဒဖြစ်၏။
ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည်မိမိတို့ကိုယ်တိုင်အတွက်လည်းကောင်း၊ ပြည်သူများ၊ မြို့တံခါးများ၊ မြို့ရိုးအတွက်လည်းကောင်းဘာသာရေးထုံးနည်းအရသန့်စင်မှုကိုပြုကြ၏။
ဧဖရိမ်တံခါး၊ မြို့ဟောင်းတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုးနှင့်ရာပြည့်ပြအိုးတို့ကိုဖြတ်၍ သိုးတံခါးသို့သွားပြီးနောက်ဗိမာန်တော်အနီးရှိတံခါးတွင်ရပ်နေကြ၏။
ယောယဒသည်ယဇ်ပုရောဟိတ်မင်းဧလျာ ရှိပ်၏သားဖြစ်၏။ သို့ရာတွင်သူ၏သားတစ် ယောက်သည်ဗေသဟောရနိမြို့သားသမ္ဘာ လတ်၏သမီးနှင့်အိမ်ထောင်ပြုသဖြင့် ငါ သည်ယောယဒအားယေရုရှလင်မြို့မှ နှင်ထုတ်လိုက်လေသည်။
ဗိမာန်တော်ပစ္စည်းသိုလှောင်ခန်းများကိုတာဝန် ယူထိန်းသိမ်းရသူ ယဇ်ပုရောဟိတ်ဧလျာရှိပ် သည်တောဘိနှင့်ခင်မင်ရင်းနှီးလျက်နေ သဖြင့်၊-
နောက်တစ်ပိုင်းကိုဇဗ္ဗဲ၏သားဗာရုတ်သည် ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏အိမ် တော်အဝင်ဝတိုင်အောင်တည်ဆောက်၏။
နောက်တစ်ပိုင်းကိုဟက္ကုတ်၏မြေး၊ ဥရိယ ၏သားမေရမုတ်သည် ဧလျာရှိပ်၏အိမ် တော်အစွန်ဆုံးတိုင်အောင်တည်ဆောက် သတည်း။
နောက်ဆုံးအပိုင်းကိုပန်းထိမ်သမားများ နှင့်ကုန်သည်များကထိုမြို့ရိုးထောင့်ခန်း မှသိုးတံခါးတိုင်အောင်တည်ဆောက်ကြ သတည်း။
ငါတို့သည်မြို့တံခါးများကိုမတပ်ဆင် ရကြသေးသော်လည်း မြို့ရိုးကိုတည်ဆောက် ပြီးကြောင်းကိုလည်းကောင်း၊ မြို့ရိုးတွင်ပေါက် ပျက်နေသည့်နေရာများလည်းမရှိတော့ ကြောင်းကိုလည်းကောင်းသမ္ဘာလတ်၊ တောဘိ၊ ဂေရှင်နှင့်အခြားရန်သူများကြားသိ ကြ၏။-
ယခုအခါ၌မြို့ရိုးကိုပြန်လည်တည်ဆောက်ပြီး၍ တံခါးများကိုနေရာတကျတပ်ဆင်ကာဗိမာန်တော်အစောင့်တပ်သားများ၊ ဋ္ဌမ္မသီချင်းသည်များနှင့်လေဝိအနွယ်ဝင်များအားအလုပ်တာဝန်များကိုခွဲဝေသတ်မှတ်ပေးပြီးလေပြီ။-
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို ကယ်တော်မူသောကြောင့်လည်းကောင်း၊ ကျွန်တော်မျိုး၏ဝေဒနာကြောင့် ရန်သူတို့အားနှစ်ထောင်းအားရခွင့်ကို ပေးတော်မမူသောကြောင့်လည်းကောင်း ကိုယ်တော်ရှင်အားကျွန်တော်မျိုးထောမနာ ပြုပါ၏။
ဘုရားသခင်၏လူစုတော်ဝင်တို့၊ဇိအုန်တောင် ကို လှည့်ပတ်၍ပြအိုးတို့ကိုရေတွက်လော့။
သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
ထာဝရဘုရားက``မြို့တော်တစ်ခုလုံးကို ဟာနနေလရဲတိုက်မှ မြို့ထောင့်တံခါးတိုင် အောင်ပြန်လည်တည်ဆောက်ရမည့်အချိန် ကာလကျရောက်လာလိမ့်မည်။-
ယခုဖော်ပြမည့်အချက်ကိုသတိပြု ၍နားလည်လော့။ ယေရုရှလင်မြို့ကိုပြန် လည်တည်ထောင်ရန်အမိန့်ပေးချိန်မှစ၍ ဘုရားသခင်ရွေးချယ်သည့်ခေါင်းဆောင် ပေါ်လာချိန်အထိ နှစ်ပေါင်းခုနစ်နှစ်နှင့် ခုနစ်လီရှိလိမ့်မည်။ ယေရုရှလင်မြို့သည် လမ်းများ၊ ခိုင်ခံ့သောမြို့ရိုးများနှင့်ပြန် လည်တည်ထောင်ခြင်းကိုခံရလိမ့်မည်။ ခုနစ်လီကြာအောင်တည်လိမ့်မည်။ သို့ ရာတွင်ထိုကာလသည်ဒုက္ခများရာ ကာလဖြစ်လိမ့်မည်။-
မြောက်ဘက်ရှိဂေဘမြို့မှသည် တောင်ဘက်ရှိ ရိမ္မုန်မြို့တိုင်အောင်ယေရုရှလင်မြို့ပတ်ဝန်း ကျင်မှ မြေများကိုညီညာအောင်ညှိရကြ လိမ့်မည်။ ယေရုရှလင်မြို့သည်လည်းပတ် ဝန်းကျင်မြေများ၏အထက်တွင်မိုး၍နေ လိမ့်မည်။ ဤမြို့သည်ဗင်္ယာမိန်တံခါးမှသည် တံခါးဟောင်းရှိခဲ့ဖူးသည့်မြို့ထောင့်တံခါး တိုင်အောင်လည်းကောင်း၊ ဟာနနေလရဲတိုက် မှသည်နန်းတော်စပျစ်သီးနယ်ရာကျင်း များတိုင်အောင်လည်းကောင်းတည်ရှိလိမ့်မည်။-
ယေရုရှလင်မြို့သိုးတံခါးအနီးမှာရေကန် ရှိ၏။ ထိုရေကန်ကိုဟေဗြဲစကားဖြင့်ဗေသေ သဒဟုခေါ်၏။ ထိုရေကန်ကိုမုခ်ငါးခုဖြင့် ခြံရံထား၏။-
``ထိုနောက်စစ်ဗိုလ်များက`သင်တို့တွင်အိမ် သစ်တစ်ဆောင်ကိုဆောက်၍ ဘုရားသခင်ထံ ဆက်ကပ်ခြင်းမပြုရသေးသူရှိသလော။ ရှိလျှင်ထိုသူသည်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်အကယ်၍ သူသည်တိုက်ပွဲတွင်ကျဆုံး ခဲ့သော်အခြားသူတစ်ယောက်က သူ့အိမ် ကိုဘုရားသခင်ထံဆက်ကပ်ရလိမ့်မည်။-