သုတ္တံကျမ်း။ 3:6 - Common Language Bible6 သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။ အခန်းကိုကြည့်ပါ။Garrad Bible6 ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။ အခန်းကိုကြည့်ပါ။Judson Bible6 သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 သင်ပြုမူကျင့်ကြံသမျှသောအမှုအရာတို့၌ ကိုယ်တော်ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်၏လမ်းခရီးတို့ကို ဖြောင့်တန်းစေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
ထိုအခါဒါဝိဒ်သည်ထာဝရဘုရား အား``အကျွန်ုပ်သည်ဤမြို့ကိုတိုက်ခိုက် လုယက်သူတို့၏နောက်သို့လိုက်ရပါမည် လော။ သူတို့အားဖမ်းဆီးရမိပါမည် လော'' ဟုမေးလျှောက်၏။ ကိုယ်တော်က``သူတို့၏နောက်သို့လိုက်လော့။ သင် သည်သူတို့ကိုဖမ်းဆီးရမိ၍သုံ့ပန်းများ ကိုကယ်ဆယ်နိုင်လိမ့်မည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။
အရာခပ်သိမ်းအဆင်ပြေမှုအတွက်ငါ၏ အကြံအစည်ပြည့်စုံစေရန်၊ ငါကိုယ်တိုင်ပင်ကုရုဘုရင်အား လှုံ့ဆော်စေခိုင်းခဲ့၏။ သူသွားရာလမ်းမှန်သမျှကိုငါဖြောင့်ဖြူး စေမည်။ သူသည်ငါ၏မြို့တော်တည်းဟူသော ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်ကာ၊ အဖမ်းခံနေရသူ၊ငါ၏လူမျိုးတော်အား အနှောင်အဖွဲ့မှဖြေလွှတ်ပေးလိမ့်မည်။ ဤအမှုတို့ကိုပြုစေရန်၊သူ့အားအဘယ် သူမျှ မငှားမယမ်း။ တံစိုးလက်ဆောင်လည်းမပေး'' ဟုမိန့်တော်မူ၏။ ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသောစကားပင်ဖြစ်သတည်း။
အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။
ပြည်သူများ၊ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေးမှူးတို့အားစုရုံးစေ၍ အိမ်ထောင်စုစာရင်းများကိုစစ်ဆေးရန်ဘုရားသခင်သည်ငါ၏စိတ်ကိုနှိုးဆော်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှရှေးဦးစွာပြန်လည်ရောက်ရှိလာသူများ၏စာရင်းကိုဤသို့ရှာဖွေတွေ့ရှိရသည်။