နေဟမိ 2:20 - Common Language Bible20 ထိုအခါငါက``ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အားအောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။ ငါတို့သည်ကိုယ်တော်၏ အစေခံများဖြစ်၍ဗိမာန်တော်တည်ဆောက် မှုကိုအစပြုကြမည်။ သင်တို့မူကားယေရု ရှလင်မြို့တွင်ဘာမျှမပိုင်။ ဤမြို့တွင်သင် တို့နှင့်ဆိုင်သောမှတ်သားဖွယ်ရာဘာမျှ မရှိ'' ဟုပြန်ပြော၏။ အခန်းကိုကြည့်ပါ။Garrad Bible20 ငါ က၊ မိုး ကောင်း ကင့် ရှင် ဘု ရား သ ခင် သည်၊ ငါ တို့ အ ကြံ ထ မြောက် စေ တော် မူ မည် ဖြစ် ၍၊ ကိုယ် တော့် ကျွန် ဖြစ် သော ငါ တို့ တည် လုပ် ကြ ပါ လိမ့် မည်။ သင် တို့ မူ ကား၊ ယေ ရု ရှ လင် မြို့ နှင့် ဘာ မျှ မ ဆိုင် မ ပိုင်၊ အ မှတ် အ သား မ ရှိ ဟု ပြန် ပြော လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible20 ငါကလည်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်သည် ငါတို့ကို အခွင့်ပေးတော်မူမည်။ ထိုကြောင့် ဘုရားသခင်၏ကျွန်ဖြစ်သော ငါတို့သည် ထ၍တည်မည်။ သင်တို့မူကား၊ ယေရုရှလင်မြို့တွင် ဘာမျှမဆိုင်မပိုင်၊ မှတ်စရာသက်သေမရှိဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ငါကလည်း သူတို့အား “ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အား အောင်မြင်ခွင့်ကို ပေးတော်မူမည်။ ကိုယ်တော်၏အစေအပါးများဖြစ်သောငါတို့သည် ထ၍ ပြန်လည်တည်ဆောက်ခြင်းအမှုကို ပြုမည်။ သင်တို့မူကား ဂျေရုဆလင်မြို့တွင် သင်တို့အဖို့ မည်သည့်ဝေစု၊ မည်သည့်အခွင့်အရေး၊ မည်သည့်အမှတ်ရစရာမျှ မရှိ”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ဇေရုဗဗေလ၊ ယောရှုနှင့်သားချင်းစုဦးစီးများက သူတို့အား``ငါတို့သည်ငါတို့၏ဘုရားသခင်ထာဝရဘုရားအတွက်ဗိမာန်တော်တည်ဆောက်ရာတွင် သင်တို့၏အကူအညီကိုမလိုပါ။ ပေရသိဘုရင်ကုရု၏အမိန့်တော်အရ ထိုဗိမာန်တော်ကိုငါတို့ကိုယ်တိုင်တည်ဆောက်ကြပါမည်'' ဟုပြန်ပြောကြ၏။
``ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေမင်းကြီး ခေါ်တော်မမူဘဲနန်းတော်အတွင်းတံတိုင်း၊ မင်းကြီးထံတော်သို့ဝင်မိသူသည်သေဒဏ် ခံရမည်ဖြစ်ပါ၏။ ဤကားတရားဥပဒေ အရဖြစ်သဖြင့်ဘုရင့်အကြံပေးအမတ် များမှစ၍ ပြည်နယ်အသီးသီးရှိလူအ ပေါင်းတို့သိကြပါသည်။ ထိုဥပဒေကို ရှောင်ကွင်းနိုင်ရန်လမ်းတစ်လမ်းသာရှိပါ သည်။ အကယ်၍မင်းကြီးကရာဇလှံတံ တော်ကိုကမ်းတော်မူလျှင် ဝင်မိသူအသက် ချမ်းသာရာရပါ၏။ သို့ရာတွင်ကျွန်မ အားမင်းကြီးခေါ်ယူတော်မမူသည်မှာ တစ်လရှိပါပြီ'' ဟုပြန်ကြားလေသည်။
ထိုအခါကျွန်တော်မျိုးတို့သည်အရှင်မင်း ကြီး၏ အောင်ပွဲအတွက်ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ကြပါလိမ့်မည်။ ထာဝရဘုရားအားထောမနာပြုလျက် အရှင် မင်းကြီး၏အောင်ပွဲကိုဆင်နွှဲကြပါလိမ့်မည်။ ဘုရားသခင်သည်အရှင်မင်းကြီးတောင်း လျှောက် သမျှကိုပေးသနားတော်မူပါစေသော။
ငါ၏ထံမှသားသမီးများထက်မွန်မြတ် သည့်ဆုကျေးဇူးကိုခံစားရကြလိမ့်မည်။ ငါ၏ဗိမာန်တော်၌လည်းကောင်း၊ ငါ၏လူ မျိုးတော်ထဲ၌လည်းကောင်းမမေ့မပျောက် နိုင်သောအမည်နာမကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်သင်တို့ကိုအဘယ်အခါ ၌မျှမေ့လျော့ကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
အာရုန်၏သားများဖြစ်သောယဇ်ပုရောဟိတ် တို့ထံသို့ယူဆောင်ခဲ့ရမည်။ တာဝန်ကျသော ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆုပ်၊ ဆီ နှင့်အမွှေးနံ့သာရှိသမျှကိုယူ၍ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ယင်းသို့ပူဇော် ခြင်းသည်ထာဝရဘုရားအား ဘောဇဉ်အကုန် အစင်ပူဇော်ရာရောက်၏။ ဤပူဇော်သကာ၏ ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။-
ထို့အပြင်ပျော်ပွဲရွှင်ပွဲများဖြစ်သောလဆန်း ပွဲများနှင့်အခြားဘာသာရေးပွဲများတွင် မီး ရှို့ရာယဇ်နှင့်မိတ်သဟာယဇ်ကိုပူဇော်သော အခါ သင်တို့သည်တံပိုးခရာများကိုမှုတ် ရမည်။ ထိုအခါငါသည်သင်တို့အားကူညီ ထောက်မတော်မူမည်။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူသည်'' ဟုမိန့်တော်မူ၏။