အဟိသောဖေလသည်အဗရှလုံ၏ သူပုန်အဖွဲ့သို့ဝင်ရောက်သွားကြောင်း ဒါဝိဒ် ကြားသိသောအခါ``အို ထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံအစည် များကိုအချည်းနှီးဖြစ်စေတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
နေဟမိ 2:4 - Common Language Bible ဧကရာဇ်မင်းက``အဘယ်အရာကိုတောင်း လိုပါသနည်း'' ဟုမေးတော်မူ၏။ ငါသည်ကောင်းကင်ဘုံရှင်ဘုရားသခင် ထံတော်သို့ဆုတောင်းပတ္ထနာပြုပြီးမှ၊- Garrad Bible ဘု ရင် မင်း က၊ မည် သည့် အ ရာ ကို တောင်း လို သ နည်း ဟု မေး တော် မူ ရာ၊ ငါ သည် မိုး ကောင်း ကင့် ရှင် ဘု ရား သ ခင် ကို အာ ရုံ ပြု၍၊ Judson Bible ရှင်ဘုရင်က၊ အဘယ်သို့ တောင်းလျှောက်ချင်သနည်းဟု မေးတော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင်၊ ကျွန်တော်ဘိုးဘေး သင်္ချိုင်းရှိရာမြို့ကို ကျွန်တော်ပြုစုရမည်အကြောင်း၊ ယုဒပြည်သို့ စေလွှတ်တော်မူပါဟု ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ဆုတောင်းပြီးမှ လျှောက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှင်ဘုရင်က “သင်မည်သို့ပြုလိုသနည်း”ဟု ငါ့အား မေးတော်မူလျှင် ငါသည် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်း၏။ |
အဟိသောဖေလသည်အဗရှလုံ၏ သူပုန်အဖွဲ့သို့ဝင်ရောက်သွားကြောင်း ဒါဝိဒ် ကြားသိသောအခါ``အို ထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံအစည် များကိုအချည်းနှီးဖြစ်စေတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
ယခုညဥ့်၌ထာဝရဘုရားသည်အိပ်မက် တွင်ထင်ရှားတော်မူ၍``သင်သည်အဘယ် ဆုကိုအလိုရှိသနည်း'' ဟုမေးတော်မူ၏။
အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။
ထိုစကားကိုကြားသောအခါငါသည် ထိုင်၍ငိုကြွေး၏။ ငါသည်ရက်ပေါင်းများစွာငိုကြွေးမြည် တမ်းလျက်အစာရှောင်ပြီးလျှင်၊-
ဘုရားသခင်အား``အို ကောင်းကင်ဘုံရှင် ဘုရားသခင်၊ ကိုယ်တော်သည်ကြီးမြတ် တော်မူသဖြင့် အကျွန်ုပ်တို့သည်ကိုယ်တော် ကိုကြောက်ရွံ့ရိုသေရကြပါ၏။ ကိုယ်တော် သည်ကိုယ်တော်ကိုချစ်မြတ်နိုး၍အမိန့် တော်ကိုလိုက်နာသူများနှင့်ပြုတော်မူ သည့်ပဋိညာဉ်တော်ကိုစောင့်ထိန်းတော် မူပါ၏။-
ထိုအခါငါက``ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အားအောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။ ငါတို့သည်ကိုယ်တော်၏ အစေခံများဖြစ်၍ဗိမာန်တော်တည်ဆောက် မှုကိုအစပြုကြမည်။ သင်တို့မူကားယေရု ရှလင်မြို့တွင်ဘာမျှမပိုင်။ ဤမြို့တွင်သင် တို့နှင့်ဆိုင်သောမှတ်သားဖွယ်ရာဘာမျှ မရှိ'' ဟုပြန်ပြော၏။
မင်းကြီးအား``အရှင်မင်းကြီး၊ အရှင်သည် ကျွန်တော်မျိုးအားစိတ်တော်နှင့်တွေ့တော်မူ ၍ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုခွင့်ပြု ရန်အလိုရှိတော်မူပါလျှင်ကျွန်တော်မျိုး အားယုဒပြည်သို့သွားခွင့်ပြုတော်မူပါ။ ကျွန်တော်မျိုး၏ဘိုးဘေးများအားသင်္ဂြိုဟ် ရာမြို့ကိုပြန်လည်တည်ဆောက်ခွင့်ပြု တော်မူပါ'' ဟုလျှောက်၏။
မင်းကြီးက``မိဖုရားဧသတာ၊ အကြောင်း အဘယ်သို့ရှိသနည်း။ သင်တောင်းလိုသော ဆုကိုငါ့အားပြောကြားလော့။ ငါ၏အင်ပါ ယာနိုင်ငံတစ်ဝက်ကိုပင်တောင်းလျှင်ငါပေး မည်'' ဟုဆို၏။
မင်းကြီးသည်စပျစ်ရည်သောက်လျက်နေစဉ် ဧသတာအား``သင်တောင်းလိုသောဆုကိုငါ့ အားပြောကြားလော့။ သင့်အားငါပေးမည်။ ငါ၏အင်ပါယာနိုင်ငံတော်တစ်ဝက်ကိုပင် တောင်းခံလျှင်ငါပေးမည်'' ဟုမိန့်တော်မူ၏။
ဒုတိယအကြိမ်သွားရောက်ကြ၏။ မင်းကြီး သည်စပျစ်ရည်သောက်လျက်နေစဉ်ဧသတာ အား``မိဖုရားဧသတာ၊ အဘယ်ဆုကိုတောင်း လိုပါသနည်း။ ငါ့အားပြောကြားလော့။ သင့် အားငါပေးမည်။ ငါ၏အင်ပါယာနိုင်ငံတော် တစ်ဝက်တိုင်အောင်သင့်အားငါပေးမည်'' ဟု မိန့်တော်မူ၏။
ကောင်းကင်ဘုံရှင်ဘုရားသခင်၏ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
သခင်ယေရှုက ``သင့်အတွက်အဘယ်အရာ ကိုပြုစေလိုသနည်း'' ဟုမေးတော်မူ၏။ မျက်မမြင်က ``အရှင်ဘုရား၊ အကျွန်ုပ်အား မျက်စိပြန်၍မြင်စေတော်မူပါ'' ဟုလျှောက် ၏။
တပ်မှူးသည်နှစ်ယောက်ချင်းပြောဆိုနိုင်ရန် ထို လူငယ်ကိုလက်ဆွဲ၍ဆိတ်ကွယ်ရာအရပ်တစ် ခုသို့ခေါ်သွား၏။ ထိုနောက် ``ငါ့အားသင်အဘယ် အရာကိုပြောလိုပါသနည်း'' ဟုမေး၏။
အဘယ်အမှုကိုမျှမစိုးရိမ်ဘဲခပ်သိမ်း သောအမှုတို့တွင်ကျေးဇူးတော်ကိုချီးမွမ်း ၍ ဆုတောင်းပတ္ထနာပြုလျက်သင်တို့လိုသော အရာများကိုဘုရားသခင်အားလျှောက် ထားကြလော့။-