Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 2:5 - Common Language Bible

5 မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ကျွန်​တော်​မျိုး​အား​စိတ်​တော်​နှင့်​တွေ့​တော်​မူ ၍ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​ခွင့်​ပြု ရန်​အ​လို​ရှိ​တော်​မူ​ပါ​လျှင်​ကျွန်​တော်​မျိုး အား​ယု​ဒ​ပြည်​သို့​သွား​ခွင့်​ပြု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘိုး​ဘေး​များ​အား​သင်္ဂြိုဟ် ရာ​မြို့​ကို​ပြန်​လည်​တည်​ဆောက်​ခွင့်​ပြု တော်​မူ​ပါ'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ဘု ရင် မင်း အား၊ ရှေ့ တော် တွင် ကျွန် တော် မျိုး မျက် နှာ သာ ရ လျက် သ ဘော တော် မြတ် ပါ က၊ ဘိုး ဘေး သင်္ချိုင်း ရှိ ရာ မြို့ ကို ပြု စု ရန်၊ ယု ဒ ပြည် သို့ ကျွန် တော် မျိုး သွား ခွင့် ပြု တော် မူ ပါ ဟု တင် လျှောက် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထို့နောက် ရှင်ဘုရင်​အား “​အရှင်မင်းကြီး အလို​တော်​ရှိ​၍ အရှင့်​အစေအပါး​အား မျက်နှာသာ​ပေး​မည်​ဆိုလျှင် အကျွန်ုပ်​တို့​ဘိုးဘေး​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​ကို ပြန်လည်​တည်ဆောက်​ရန် ယုဒ​ပြည်​သို့ ပြန်ခွင့်​ပေး​တော်မူ​ပါ​”​ဟု လျှောက်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 2:5
12 ပူးပေါင်းရင်းမြစ်များ  

ယွာ​ဘ​သည်​ဒါ​ဝိဒ်​၏​ရှေ့​တော်​၌​ပျပ်​ဝပ်​ပြီး လျှင်``အ​ရှင်​မင်း​ကြီး၊ အ​ရှင့်​အား​ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ အ​ရှင်​သည် အ​ကျွန်ုပ်​အား​နှစ်​သက်​တော်​မူ​ကြောင်း​ယ​ခု အ​ကျွန်ုပ်​သိ​ရှိ​ရ​ပါ​ပြီ။ အ​ဘယ်​ကြောင့်​ဆို သော်​အ​ရှင်​သည်​အ​ကျွန်ုပ်​ပန်​ကြား​သည့် အ​တိုင်း​ပြု​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏'' ဟု​လျှောက်​လေ​၏။-


``ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​စေ​ရန် ကု​ရု​မင်း​အ​မိန့်​တော်​ရှိ​မ​ရှိ​သိ​နိုင်​ရန် အ​ရှင်​မင်း​ကြီး​အ​လို​ရှိ​တော်​မူ​ပါ​လျှင် နန်း​တွင်း​မှတ်​တမ်း​များ​တွင်​ယ​ခု​ရှာ​ဖွေ​၍​ကြည့်​စေ​တော်​မူ​ပါ။ ထို​နောက်​ဤ​အ​မှု​ကို​အ​ရှင်​အ​ဘယ်​သို့​ပြု​စေ​တော်​မူ​လို​သည်​ကို အ​ကျွန်ုပ်​တို့​အား​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။


ဧ​က​ရာဇ်​မင်း​က``အ​ဘယ်​အ​ရာ​ကို​တောင်း လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​သည်​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင် ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပြီး​မှ၊-


မိ​ဖု​ရား​နှင့်​ယှဉ်​တွဲ​၍​ထိုင်​လျက်​နေ​သော ဧ​က​ရာဇ်​မင်း​သည် ငါ​၏​လျှောက်​ထား ချက်​ကို​ခွင့်​ပြု​တော်​မူ​ပြီး​လျှင် ငါ့​အား``သင် သည်​အ​ဘယ်​မျှ​ကြာ​အောင်​သွား​လို​ပါ သ​နည်း။ အ​ဘယ်​အ​ခါ​၌​ပြန်​လာ​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​သည်​ပြန်​လာ မည့်​အ​ချိန်​ကို​လျှောက်​ထား​၏။


အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​ပါ​လျှင် ဝါ​ရှ​တိ​မိ​ဖု​ရား​အား​နောင်​အ​ဘယ်​အ​ခါ ၌​မျှ ရှေ့​တော်​သို့​ဝင်​ခွင့်​မ​ပြု​ကြောင်း​ရာ​ဇ အ​မိန့်​ကြေ​ငြာ​ချက်​ကို​ထုတ်​ပြန်​တော်​မူ ပါ။ ထို​အ​မိန့်​တော်​ကို​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​မ​ပြောင်း​မ​လဲ​နိုင်​စိမ့်​သော​ငှာ ပေ​ရ​သိ၊ မေ​ဒိ​ဋ္ဌမ္မ​သတ်​များ​တွင်​ထည့်​သွင်း​ရေး​မှတ် ၍​ထား​တော်​မူ​ပါ။ ထို​နောက်​မိ​ဖု​ရား​၏ ရာ​ထူး​ကို သူ့​ထက်​သာ​သည့်​အ​မျိုး​သ​မီး တစ်​ဦး​အား​ချီး​မြှင့်​တော်​မူ​ပါ။-


မိ​ဖု​ရား​ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​ကျွန် တော်​မ​သည်​စိတ်​တော်​နှင့်​တွေ့​၍​တောင်း​လျှောက် သည်​ကို​ပေး​တော်​မူ​မည်​ဆို​ပါ​လျှင် ကျွန်​တော် မ​၏​အ​သက်​နှင့်​ကျွန်​တော်​မ​၏​အ​မျိုး​သား ချင်း​တို့​၏​အ​သက်​ကို​ချမ်း​သာ​ပေး​တော် မူ​ပါ။-


``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​လျှင် လည်း​ကောင်း၊ ကျွန်​တော်​မ​ကို​စိတ်​တော်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ လျောက်​ပတ် သည်​ဟု​ယူ​ဆ​တော်​မူ​လျှင်​လည်း​ကောင်း အင်​ပါ​ယာ​နိုင်ငံ​တော်​အ​တွင်း​ရှိ​ယု​ဒ အ​မျိုး​သား​အ​ပေါင်း​တို့​အား​ကွပ်​မျက် ရန်​အာ​ဂတ် မှ​ဆင်း​သက်​သူ​ဟမ္မေဒါ​သ​၏​သား​ဟာ​မန် စီ​ရင်​ခဲ့​သည့်​အ​မိန့်​စာ​များ​ကို​ပယ်​ဖျက် သည့်​အ​မိန့်​ကြေ​ငြာ​ချက်​ကို​ထုတ်​ပြန် တော်​မူ​ပါ။-


ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့လူတို့ရှေ့မှာ မျက်နှာရ၍၊ ကျေးဇူးကို ခံရလိမ့်မည်။


ယ​ခု​ဖော်​ပြ​မည့်​အ​ချက်​ကို​သ​တိ​ပြု ၍​နား​လည်​လော့။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန် လည်​တည်​ထောင်​ရန်​အ​မိန့်​ပေး​ချိန်​မှ​စ​၍ ဘု​ရား​သ​ခင်​ရွေး​ချယ်​သည့်​ခေါင်း​ဆောင် ပေါ်​လာ​ချိန်​အ​ထိ နှစ်​ပေါင်း​ခု​နစ်​နှစ်​နှင့် ခု​နစ်​လီ​ရှိ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည် လမ်း​များ၊ ခိုင်​ခံ့​သော​မြို့​ရိုး​များ​နှင့်​ပြန် လည်​တည်​ထောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ခု​နစ်​လီ​ကြာ​အောင်​တည်​လိမ့်​မည်။ သို့ ရာ​တွင်​ထို​ကာ​လ​သည်​ဒု​က္ခ​များ​ရာ ကာ​လ​ဖြစ်​လိမ့်​မည်။-


``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​ထုံး​ဖြူ​သုတ်​သော​သင်္ချိုင်း​ဂူ​များ​နှင့် တူ​ကြ​၏။ ထို​ဂူ​တို့​သည်​ပြင်​ပ​သဏ္ဌာန်​အား​ဖြင့် လှ​သော်​လည်း အ​တွင်း​၌​မူ​ကား​လူ​သေ​အ​ရိုး နှင့်​ပုပ်​နေ​သော​အ​လောင်း​ကောင်​တို့​ဖြင့်​ပြည့် နှက်​နေ​တော့​၏။-


ရု​သ​က​လည်း``အ​ရှင်၊ အ​ရှင်​သည်​ကျွန်​မ အ​ပေါ်​တွင်​များ​စွာ​က​ရု​ဏာ​ထား​ပါ​ပြီ။ ကျွန်​မ​သည်​အ​ရှင့်​အ​စေ​ခံ​များ​၏​အ​ဆင့် အ​တန်း​ကို​မီ​သူ​ပင်​မ​ဟုတ်​သော်​လည်း အ​ရှင် သည်​ချို​သာ​စွာ​ပြော​ဆို​ခြင်း​အား​ဖြင့်​ကျွန်​မ ကို​အား​တက်​စေ​ပါ​၏'' ဟု​ပြန်​ပြော​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ