ဧသတာ 5:6 - Common Language Bible6 မင်းကြီးသည်စပျစ်ရည်သောက်လျက်နေစဉ် ဧသတာအား``သင်တောင်းလိုသောဆုကိုငါ့ အားပြောကြားလော့။ သင့်အားငါပေးမည်။ ငါ၏အင်ပါယာနိုင်ငံတော်တစ်ဝက်ကိုပင် တောင်းခံလျှင်ငါပေးမည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 စ ပျစ် ရည် ပွဲ တော် သုံး စဉ် ဘု ရင် မင်း က၊ မည် သို့ တောင်း လျှောက် လို သ နည်း။ ငါ ပေး မည်။ မည် သည် ကို လို သ နည်း။ နိုင် ငံ တော် တစ် ဝက် တိုင် အောင် ငါ ပေး မည် ဟု၊ ဧ သ တာ အား မိန့် ဆို လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible6 တစ်ဖန် စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က၊ သင်သည် အဘယ်သို့ အလိုရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေးမည်။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော်တစ်ဝက်တိုင်အောင် ငါပေးမည်ဟု ဧသတာအားမိန့်တော်မူလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 စပျစ်ဝိုင်သောက်ချိန်တွင် ရှင်ဘုရင်က ဧသတာအား “သင်ဘာအလိုရှိသနည်း။ သင့်အားငါပေးမည်။ သင်ဘာတောင်းဆိုလိုသနည်း။ နိုင်ငံတော်တစ်ဝက်ကိုပင် သင့်အား ငါပေးမည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ဧသတာကအကယ်၍အရှင်မင်းကြီး သည် ကျွန်တော်မတောင်းခံသည့်ဆုကိုပေး တော်မူမည်ဆိုပါက နက်ဖြန်ခါအရှင်၏ အတွက်ကျွန်တော်မပြင်ဆင်ကျွေးမွေးမည့် ညစာစားပွဲသို့လည်း ဟာမန်နှင့်အတူကြွ တော်မူပါ။ ထိုအခါကျွန်တော်မတောင်းလို သောဆုကိုပြောကြားပါမည်'' ဟုလျှောက် လေ၏။
ထိုအခါမင်းကြီးသည်မိဖုရားဧသတာ အား``ရှုရှန်တစ်မြို့တည်း၌ပင်ယုဒအမျိုး သားတို့သည် ဟာမန်၏သားတစ်ကျိပ်အပါ အဝင်လူပေါင်းငါးရာကိုသတ်ဖြတ်လိုက် ကြလေပြီ။ သူတို့သည်ပြည်နယ်များတွင် အဘယ်မျှသတ်ဖြတ်ကြဦးမည်နည်း။ ယခုသင်သည်အဘယ်အရာကိုအလို ရှိပါသနည်း။ ငါပေးမည်။ အဘယ်ဆုကို တောင်းလိုပါသေးသနည်း။ ငါပေးမည်'' ဟုမိန့်တော်မူ၏။