ထာဝရဘုရားသည်မီးလျှံကိုစီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိ အမျက်ထွက်သူတို့အားအပြစ်ဒဏ်ခတ် ရန်လေဗွေရထားကိုစီး၍ကြွလာတော် မူလိမ့်မည်။-
နာဟုံ 3:15 - Common Language Bible သင်သည်အဘယ်သို့ပင်ပြုသော်လည်းမီးသင့် လောင်ပြီးစစ်ပွဲတွင်ကျဆုံး၍သေလိမ့်မည်။ ကျိုင်းကောင်များကိုက်ဖျက်လိုက်သည့်အသီး အနှံများကဲ့သို့သင်သည်အစတုန်း၍သွား လိမ့်မည်။ သင်သည်ကျိုင်းကောင်များကဲ့သို့လူဦးရေ တိုးပွားစေခဲ့၏။- Garrad Bible ကျိုင်း အုပ်၊ ကျိုင်း ပေါက် နှင့် အ မျှ များ ပြား စေ ဦး တော့ ရှိ ရင်း အ ရပ်၌ ပင် မီး သည် ကျွမ်း လောင် လျက် ထား လည်း ကျိုင်း ကောင် ကဲ့ သို့ မျို စား၍ ပယ် ရှား လိမ့် မည်။ Judson Bible ထိုအရပ်၌ပင် သင့်ကို မီးလောင်လိမ့်မည်။ ဓားနှင့် ခုတ်ဖြတ်လိမ့်မည်။ ယာလက်ကျိုင်းကိုက်စားသကဲ့သို့ ကိုက်စားလိမ့်မည်။ ယာလက်ကျိုင်းနှင့် အရာဘကျိုင်းကောင်တို့သည် များသကဲ့သို့ သင်၏လူတို့ကို များပြားစေခြင်းငှာ ကြိုးစားလော့။ မြန်မာ့စံမီသမ္မာကျမ်း ထိုအရပ်၌ပင် သင်သည် မီးလောင်ခံရမည်။ ဓားဖြင့် ခုတ်သတ်ခံရမည်။ ယာလက်ကျိုင်းဝါးမျိုခံရသကဲ့သို့ ဝါးမျိုခံရမည်။ သင့်ကိုယ်သင် ယာလက်ကျိုင်းကဲ့သို့ တိုးပွားစေလော့။ သင့်ကိုယ်သင် အရာဘကျိုင်းကဲ့သို့ တိုးပွားစေလော့။ |
ထာဝရဘုရားသည်မီးလျှံကိုစီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိ အမျက်ထွက်သူတို့အားအပြစ်ဒဏ်ခတ် ရန်လေဗွေရထားကိုစီး၍ကြွလာတော် မူလိမ့်မည်။-
အပြစ်ရှိကြောင်းတွေ့ရှိရသူအပေါင်းတို့ အား ကိုယ်တော်သည်မီးအားဖြင့်လည်းကောင်း၊ ဋ္ဌားလက်နက်အားဖြင့်လည်းကောင်းဆုံးမ တော်မူလိမ့်မည်။ ထိုသူတို့သည်လည်းသေ ကြေရကြလိမ့်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ဗာဗု လုန်မြို့ကိုတိုက်ခိုက်ရန်အတွက် ကျိုင်းကောင်များ သဖွယ်၊ မြောက်မြားစွာသောလူတို့ကိုခေါ်ဆောင် လာမည်ဟု မိမိ၏နာမတော်ကိုတိုင်တည်ကျိန် ဆိုတော်မူလေပြီ။ ထိုသူတို့သည်လည်းအောင် ပွဲရ၍ကြွေးကြော်ကြလိမ့်မည်။
ကျိုင်းကောင်များသည်တစ်အုပ်ပြီးတစ်အုပ် ကောက်ပဲသီးနှံများအပေါ်သို့သက်ဆင်းကြ၏။ ကျိုင်းကောင်တစ်အုပ်စား၍ကြွင်းသောအရာကိုအခြားတစ်အုပ်ကစားကြလေသည်။
သင်တို့၏သီးနှံများကိုကျိုင်းကောင်အုပ်တို့ ကိုက်စားလိုက်သည့်နှစ်များက၊ သင်တို့ဆုံးရှုံးမှုကိုငါပြန်လည်ပေး လျော်မည်။ သင်တို့ထံသို့ထိုကျိုင်းကောင်အုပ်များကို စေလွှတ်သူမှာငါပင်ဖြစ်၏။
အထွတ်ဘုရင်အရှင်ထာဝရဘုရားထံမှ ရူပါရုံတစ်ခုကိုငါမြင်ရ၏။ ဘုရင်မင်း မြတ်အတွက်ကောက်ပင်များရိတ်ပြီးစကာလ နှောင်း၊ မြက်ပင်ပေါက်ခါစအချိန်၌ထာဝရ ဘုရားသည်ကျိုင်းကောင်တစ်အုပ်ကိုဖန်ဆင်း တော်မူသည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သင်၏ရန်သူဖြစ်၏။ သင့်ရထားများကိုငါ မီးရှို့ပစ်မည်။ သင်၏စစ်သည်တပ်သားတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ သူတစ်ပါး တို့ထံမှ သင်သိမ်းယူထားသည့်ဥစ္စာပစ္စည်း မှန်သမျှကိုငါဖယ်ရှားမည်။ သင်၏သံတမန် တို့၏တောင်းဆိုသံများကိုကြားကြရ တော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။
သင်၏စစ်သည်တပ်သားတို့သည်အမျိုးသမီး များသဖွယ်ဖြစ်၍ သင်၏ပြည်ရှိတံခါးများ သည်လည်းရန်သူများရှေ့တွင်ခုခံကာကွယ် နိုင်စွမ်းကင်းမဲ့လျက်ပွင့်နေ၏။ သင်၏မြို့ တံခါးကန့်လန့်ကျင်တို့သည်မီးလောင် ကျွမ်း၍သွားလိမ့်မည်။-
ထာဝရဘုရားသည်လက်တော်ကိုဆန့်၍ တန်ခိုးတော်ဖြင့်အာရှုရိပြည်ကိုသုတ် သင်ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်တော် သည်နိနေဝေမြို့ကိုရေမရှိသည့်ကန္တာရ သဖွယ် လူသူဆိတ်ငြိမ်ရာမြို့ပျက်ဖြစ်စေ တော်မူမည်။-