နာဟုံ 2:13 - Common Language Bible13 အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သင်၏ရန်သူဖြစ်၏။ သင့်ရထားများကိုငါ မီးရှို့ပစ်မည်။ သင်၏စစ်သည်တပ်သားတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ သူတစ်ပါး တို့ထံမှ သင်သိမ်းယူထားသည့်ဥစ္စာပစ္စည်း မှန်သမျှကိုငါဖယ်ရှားမည်။ သင်၏သံတမန် တို့၏တောင်းဆိုသံများကိုကြားကြရ တော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible13 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က ငါ သည် သင် နှင့် ဆန့် ကျင် ဘက် ပြု၍ စစ် ရ ထား များ ကို အ ခိုး တက် အောင် မီး ရှို့ ခြင်း၊ ခြင်္သေ့ ပျို တို့ ကို ဓား စာ အ ဖြစ် ထား ခြင်း၊ သား ကောင် များ ကို မြေ ပေါ် မှ ပယ် ရှား ခြင်း ပြု သည့် အ လျောက် သင့် ရာ ဇ သံ တို့ ဆင့် ဆို သံ ကို နောင် ကြား ရ တော့ မည် မ ဟုတ် ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible13 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်တစ်ဖက်၌ ငါနေ၏။ သင်၏ရထားတို့ကို မီးခိုးထဲမှာ မီးရှို့မည်။ သင်၏ခြင်္သေ့ပျိုတို့ကို ဓားဖြင့် ဖျက်ဆီးမည်။ သင်လုယူသောဥစ္စာကို မြေကြီးမှ ပယ်ရှင်းမည်။ သင်၏သံတမန်တို့ စကားသံကို နောက်တစ်ဖန် အဘယ်သူမျှ မကြားရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် သင့်ကို တိုက်ခိုက်မည်။ သင့်စစ်ရထားကို မီးရှို့ပစ်မည်။ သင့်ခြင်္သေ့ပျိုတို့ကို ဓားဖြင့်ဖျက်ဆီးမည်။ သင့်သားကောင်ကို မြေကြီးပေါ်မှ ဖယ်ရှားပစ်မည်။ စေတမန်တို့၏အသံကိုလည်း နောက်တစ်ဖန် ကြားရတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အို ယေရုရှလင်မြို့၊ သင်သည်လွင်ပြင်ပေါ်မှ ကျောက်ဆောင်ကြီးသဖွယ်ချိုင့်ဝှမ်းများအ ထက်တွင်မြင့်မားစွာရပ်တည်လျက်ရှိ၏။ သို့ သော်ငါထာဝရဘုရားသည်သင့်အားတိုက် ခိုက်တော်မူမည်။ သင်သည်မိမိအားအဘယ် သူမျှမတိုက်မခိုက်နိုင်။ သင်၏ခံတပ်များ ကိုလည်းမဖြိုမခွင်းနိုင်ဟုဆိုချေသည်။-
သင်သည်မိမိ၏စစ်ရထားအပေါင်းဖြင့် လေဗနုန် ပြည်ရှိအမြင့်ဆုံးတောင်များကိုနှိမ်နင်းအောင်မြင် ခဲ့ကြောင်း ငါ့အားကြွားဝါရန်သံတမန်များကို စေလွှတ်ခဲ့၏။ သင်သည်ထိုအရပ်ရှိအမြင့်ဆုံး သစ်ကတိုးပင်များနှင့် အလှဆုံးထင်းရှူးပင် များကိုခုတ်လှဲကာ တောနက်ကြီးများသို့ ရောက်ရှိခဲ့ကြောင်းကြွားဝါခဲ့၏။-
ထိုမြို့ရှိလူတို့အားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ဇိဒုန် မြို့၊ ငါသည်သင်၏ရန်သူဖြစ်၏။ သင့်ကိုငါ ပြုသည့်အမှုအတွက်လူတို့သည် ငါ့အား ထောမနာပြုကြလိမ့်မည်။ ငါသည်သင်၏ လူတို့အားအပြစ်ဒဏ်ပေး၍ ငါ၏သန့်ရှင်း မြင့်မြတ်မှုကိုပြသောအခါငါသည်ထာ ဝရဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်။-
အာရှုရိဧကရာဇ်ဘုရင်သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်ရန် မိမိ၏ထိပ်သီးအရာရှိသုံးဦး အုပ်ချုပ်သည့်တပ်မတော်ကြီးကိုလာခိရှမြို့ မှစေလွှတ်လိုက်လေသည်။ ယေရုရှလင်မြို့သို့ ရောက်သောအခါ သူတို့သည်အထက်ရေကန်မှ စီးဆင်းလာသည့်ရေမြောင်းအနီး အထည်ယက် လုပ်သူတို့၏အလုပ်စခန်းတည်ရာလမ်းတွင် တပ်စခန်းချကြ၏။-