ဇေဖနိ 2:13 - Common Language Bible13 ထာဝရဘုရားသည်လက်တော်ကိုဆန့်၍ တန်ခိုးတော်ဖြင့်အာရှုရိပြည်ကိုသုတ် သင်ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်တော် သည်နိနေဝေမြို့ကိုရေမရှိသည့်ကန္တာရ သဖွယ် လူသူဆိတ်ငြိမ်ရာမြို့ပျက်ဖြစ်စေ တော်မူမည်။- အခန်းကိုကြည့်ပါ။Garrad Bible13 ကိုယ် တော် သည်၊ မြောက် ပိုင်း အာ ရှု ရိ ပြည် ကို၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ဖျက် ဆီး ပြီး လျှင်၊ နိ န ဝေ မြို့ တော် ကို လည်း သဲ က န္တာ ရ ကဲ့ သို့၊ သွေ့ ခြောက် သော မြို့ ဆိုး ကုန်း ဖြစ် စေ တော် မူ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible13 မြောက်မျက်နှာကိုလည်းတိုက်၍ အာရှုရိပြည်ကို ဖျက်ဆီးတော်မူမည်။ နိနေဝေမြို့ကို လူဆိတ်ညံရာ အရပ်၊ လွင်ပြင်ကဲ့သို့ သွေ့ခြောက်သောအရပ် ဖြစ်စေတော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ကိုယ်တော်သည် မြောက်ဘက်အရပ်သို့ လက်ကိုဆန့်၍ အဆီးရီးယားပြည်ကို ဖျက်ဆီးမည်။ နိနေဝေမြို့ကိုလည်း လူသူကင်းမဲ့ရာ၊ ခြောက်သွေ့သောကန္တာရကဲ့သို့ ဖြစ်စေမည်။ အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-