ယေရမိ 51:14 - Common Language Bible14 အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ဗာဗု လုန်မြို့ကိုတိုက်ခိုက်ရန်အတွက် ကျိုင်းကောင်များ သဖွယ်၊ မြောက်မြားစွာသောလူတို့ကိုခေါ်ဆောင် လာမည်ဟု မိမိ၏နာမတော်ကိုတိုင်တည်ကျိန် ဆိုတော်မူလေပြီ။ ထိုသူတို့သည်လည်းအောင် ပွဲရ၍ကြွေးကြော်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible14 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် သင့် ကို ကျိုင်း အုပ် တ မျှ သူ ရဲ တို့ နှင့် ပြည့် နှက် စေ လျက်၊ အောင် သံ လွှင့် ကြ လိမ့် မည် ဟု၊ ကိုယ် တော် တိုင် ကို တိုင် တည် ၍ သ စ္စာ မူ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible14 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်ကား၊ သင့်ကို ကျိုင်းကောင်များနှင့် ပြည့်စေသကဲ့သို့ လူများနှင့်ပြည့်စေမည်။ သူတို့သည် သင့်တစ်ဖက်၌ ကြွေးကြော်သံကို လွှင့်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အကယ်စင်စစ် သင့်နေရာသို့ ကျိုင်းကောင်ကဲ့သို့ လူအုပ်ကြီးကို ရောက်လာစေမည်။ သူတို့သည် စစ်အောင်သံကို ကြွေးကြော်ကြလိမ့်မည်”ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်၍ကျိန်ဆိုတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်အီဂျစ်ပြည်တွင်ရှိသည့်ဣသ ရေလအမျိုးသားအပေါင်းတို့အားငါ ထာဝရဘုရားသည် မိမိ၏မဟာနာမ တော်ကိုတိုင်တည်၍မြွက်ဆိုသည့်ကတိ တော်ကို ယခုသင်တို့နားထောင်ကြလော့။ သင်တို့သစ္စာကတိပြုကြရာတွင်`အရှင် ထာဝရဘုရားအသက်ရှင်တော်မူသည် အတိုင်း' ဟုငါ၏နာမတော်ကိုမြွက်ဆို ရန်နောင်အဘယ်အခါ၌မျှသင်တို့အား ငါခွင့်ပြုလိမ့်မည်မဟုတ်။-
ဗောဇရမြို့သည်တွေ့မြင်ရသူတို့လန့်ဖျပ် တုန်လှုပ်ဖွယ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေ ရန်လည်းကောင်း၊ လူတို့သည်ထိုမြို့ကိုပြက် ရယ်ပြု၍ယင်း၏အမည်နာမကိုကျိန်စာ အဖြစ်အသုံးပြုကြစေရန်လည်းကောင်း ငါကိုယ်တိုင်ပင်ကျိန်ဆိုကတိပြုပြီ။ နီး နားဝန်းကျင်ရှိကျေးရွာအပေါင်းတို့သည် ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဆို သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
မြို့ပတ်လည်တွင်စစ်တိုက်သံများကိုကြွေး ကြော်ကြလော့။ ယခုဗာဗုလုန်မြို့သည် လက်နက်ချလေပြီ။ မြို့တံတိုင်းတို့သည် ကျိုးပေါက်ပြိုကျသွားလေပြီ။ ငါသည် ဗာဗုလုန်အမျိုးသားတို့အားလက်စား ချေလျက်နေသည်ဖြစ်၍ သင်တို့သည်သူတို့ အပေါ်၌လက်စားချေကြလော့။ သူတစ်ပါး တို့အားသူတို့ပြုကျင့်ခဲ့ကြသည့်အတိုင်း သူတို့အားပြုကျင့်ကြလော့။-
``တိုက်ခိုက်ရန်အချက်ပေးကြလော့။ လူမျိုး တကာတို့ကြားကြစေရန်တံပိုးခရာမှုတ် ကြလော့။ ဗာဗုလုန်မြို့ကိုစစ်ချီရန်လူမျိုး တကာတို့အားအသင့်ပြင်ဆင်စေကြလော့။ အာရရတ်ပြည်၊ မိန္နိပြည်နှင့်အာရှကေနတ် ပြည်တို့အားတိုက်ခိုက်ရန်ပြောကြားကြလော့။ ဦးဆောင်တိုက်ခိုက်နိုင်ရန်စစ်သေနာပတိကို ခန့်ထားကြလော့။ ကျိုင်းကောင်အုပ်ကဲ့သို့မြင်း တို့ကိုချီတက်စေကြလော့။-
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသခင်က``ဣသရေလ၏မာနကိုငါရွံရှာ ၏။ သူတို့စည်းစိမ်ခံရာအိမ်ကြီးများကို လည်းငါစက်ဆုတ်၏။ သူတို့မြို့တော်နှင့်မြို့ တွင်းရှိအရာအားလုံးကို ရန်သူ့လက်သို့ ငါပေးအပ်လိုက်မည်'' ဟုအရှင်ထာဝရ ဘုရားအလေးအနက်ကျိန်ဆိုသတိ ပေးတော်မူပြီ။