ဝဖြိုးသောနွားမခုနစ်ကောင်တို့သည်ခုနစ် နှစ်ကိုဆိုလိုပါ၏။ အဆန်အောင်သောစပါးနှံ ခုနစ်နှံတို့သည်လည်းခုနစ်နှစ်ကိုဆိုလိုပါ ၏။ အိပ်မက်တို့သည်အနက်တစ်မျိုးတည်းရှိ ပါ၏။-
ဒံယေလ 2:45 - Common Language Bible တောင်ပေါ်မှကျောက်တုံးတစ်လုံးသည် အလိုအလျောက်ပြုတ်ထွက်လာကာ သံ၊ ကြေးဝါ၊ ရွှံ့စေးသရွတ်၊ ငွေ၊ ရွှေတို့ဖြင့် ပြုလုပ်ထားသောရုပ်တုကြီးအားထိ မှန်သွားပုံကိုအရှင်မြင်တော်မူခဲ့ပါ၏။ ကြီးမြတ်တော်မူသောဘုရားသခင်သည် အရှင့်အား နောင်ဖြစ်လတ္တံ့သောအမှု အရာတို့ကိုဖွင့်ပြတော်မူခြင်းပင် ဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်မြင်မက် သည့်အတိုင်း အိပ်မက်တော်ကိုတိကျ စွာဖော်ပြ၍ အိပ်မက်၏အနက်အမှန် ကိုလည်းအရှင့်အားဖော်ပြပြီးပါ ပြီ'' ဟုလျှောက်၏။ Judson Bible သံ၊ ကြေးဝါ၊ သရွတ်၊ ငွေ၊ ရွှေတို့ကို ချိုးဖဲ့သည်ကို မြင်တော်မူသည် အကြောင်းအရာမှာ၊ ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများ လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသော လူမျိုးလက်သို့ မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။ ထိုသို့နောင်၌ ဖြစ်လတ္တံ့သောအရာတို့ကို ကြီးမြတ်တော်မူသော ဘုရားသခင်သည် အရှင်မင်းကြီးအား ကြားပြောတော်မူ၏။ အိပ်မက်တော် ရွေ့လျော့ခြင်းမရှိ။ အနက်သည်လည်း မှန်ပါ၏ဟု ဒံယေလသည် အထံတော်၌ လျှောက်ထား၏။ မြန်မာ့စံမီသမ္မာကျမ်း လူ့လက်ဖြင့်မဟုတ်ဘဲ ထုခွဲထားသောကျောက်တုံးတစ်တုံးသည် တောင်ပေါ်မှလိမ့်ကျလာပြီး သံ၊ ကြေးနီ၊ ရွှံ့စေး၊ ငွေ၊ ရွှေတို့ကို တစ်စစီကျိုးပဲ့စေသည်ကို အရှင်မင်းကြီး မြင်ခဲ့သည်မှာ ကြီးမြတ်တော်မူသောဘုရားသခင်သည် နောင်ကာလ၌ဖြစ်ပျက်မည့်အရာတို့ကို အရှင်မင်းကြီးအား ဖော်ပြပေးခြင်းဖြစ်၏။ အိပ်မက်သည် မှန်ကန်ပါ၏။ အနက်အဓိပ္ပာယ်မှာလည်း ယုံကြည်ရပါ၏”ဟု လျှောက်ဆိုလေ၏။ |
ဝဖြိုးသောနွားမခုနစ်ကောင်တို့သည်ခုနစ် နှစ်ကိုဆိုလိုပါ၏။ အဆန်အောင်သောစပါးနှံ ခုနစ်နှံတို့သည်လည်းခုနစ်နှစ်ကိုဆိုလိုပါ ၏။ အိပ်မက်တို့သည်အနက်တစ်မျိုးတည်းရှိ ပါ၏။-
ကျွန်တော်မျိုးသည်အရှင်မင်းကြီးအား လျှောက်ထားခဲ့သည့်အတိုင်း ဘုရားသခင် ကမိမိပြုတော်မူမည့်အမှုကိုကိုယ်တော် အားအသိပေးခြင်းဖြစ်ပါသည်။-
ကိုယ်တော်သည်အိပ်မက်ကိုနှစ်ကြိမ်တိုင် အောင်မြင်မက်ရသဖြင့် အဋ္ဌိပ္ပါယ်မှာဘုရားသခင်သည်ဤအမှုကိုပြဋ္ဌာန်းပြီးဖြစ် ၍မကြာမီစီရင်တော်မူလိမ့်မည်။
အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အလွန်ကြီးမြတ်တော်မူပါသည်တကား။ အကျွန်ုပ်တို့ကြားသိသမျှအတိုင်းကိုယ် တော်ရှင်နှင့်တူသောဘုရား၊ ကိုယ်တော်ရှင် မှတစ်ပါးအခြားဘုရားမရှိပါ။-
ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ငါတို့သည်ကိုယ်တော်ကိုထောမနာပြုရကြ ပေမည်။ ငါတို့သည်ကိုယ်တော်အားအခြားဘုရားများ ထက် ပို၍ကြောက်ရွံ့ရိုသေရကြပေမည်။
ငါသည်ပြည်သူတို့စိုးရိမ်ပူပန်လျက်နေ ကြသည်ကိုမြင်သဖြင့် သူတို့နှင့်တကွ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေး မှူးများအား``ငါတို့၏ရန်သူများကိုမ ကြောက်ကြနှင့်။ ထာဝရဘုရားသည်အ ဘယ်မျှကြီးမြတ်တော်မူ၍ကြောက်မက် ဖွယ်ကောင်းသည်ကိုသတိရလျက်သင်တို့ ၏ညီအစ်ကိုသားမယားအိမ်ရာများ အတွက်တိုက်ပွဲဝင်ကြလော့'' ဟုနှိုးဆော်၏။-
``အို ဘုရားသခင်အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည်လွန်စွာကြီးမြတ်တော်မူပါ၏။ အလွန်ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်း၍ တန်ခိုးကြီးမားတော်မူပါသည်တကား။ ကိုယ်တော်သည်ကိုယ်တော်၏ပဋိညာဉ်တော် ဆိုင်ရာ ကတိတော်များကိုသစ္စာရှိစွာ စောင့်ထိန်းတော်မူပါ၏။ အကျွန်ုပ်တို့သည်မိမိတို့အားအာရှုရိဘုရင်များ ညှဉ်းပန်းနှိပ်စက်စဉ်အခါမှစ၍ ယနေ့တိုင်အောင်ပင်အဘယ်မျှဆင်းရဲ ဒုက္ခရောက်လျက်နေခဲ့ရကြပါသနည်း။ ကျွန်ုပ်တို့၏ဘုရင်များ၊ ခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ပရောဖက်များ၊ အကျွန်ုပ်တို့၏ဘိုးဘေးများနှင့်ပြည်သူ အပေါင်းတို့သည် ဆင်းရဲဒုက္ခရောက်ခဲ့ရကြပါ၏။ အကျွန်ုပ်တို့အဘယ်မျှဆင်းရဲဒုက္ခရောက်ခဲ့ ရကြသည်ကိုသတိရတော်မူပါ။
ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ငါတို့ သည် ဘုရားသခင်ကို မသိနိုင်။ အသက်တော်နှစ်ပေါင်း ကို စစ်၍မကုန်နိုင်ကြ။
ငါတို့၏ထာဝရဘုရားသည်ကြီးမြတ် တော်မူကြောင်းကိုငါသိ၏။ ကိုယ်တော်သည်ဘုရားရှိသမျှတို့ထက် ကြီးမြတ်တော်မူ၏။
ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ထောမနာပြုခြင်းကိုအလွန်ခံထိုက်တော်မူ၏။ ကြီးမြတ်တော်မူပုံကိုဆင်ခြင်တိုင်းထွာ၍ မရနိုင်။
သင်သည်လူမျိုးတကာတို့ကိုသံလှံတံဖြင့် အုပ်စိုးလိမ့်မည်။ သူတို့အားမြေအိုးကိုခွဲသကဲ့သို့ အစိတ်စိတ်အမြွှာမြွှာဖြစ်စေလိမ့်မည်' ဟု မိန့်တော်မူပါ၏'' ဟူ၍ဆို၏။
ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍သန့်ရှင်း မြင့်မြတ်သည့်တောင်တော် တည်းဟူသော ငါတို့ဘုရား၏မြို့တော်တွင်အလွန် ထောမနာပြုခြင်းကိုခံထိုက်ပေ၏။
ထာဝရဘုရားသည်ကြီးမြတ်တော်မူသည် ဖြစ်၍ အလွန်ပင်ထောမနာပြုခြင်းကိုခံထိုက်တော် မူ၏။ ကိုယ်တော်သည်ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေခြင်းကိုခံထိုက်တော်မူ၏။
ယခုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည်ကား``ငါသည်ဇိအုန်တောင် တွင်တည်တံ့ခိုင်မြဲသည့်အုတ်မြစ်ကိုချ တော်မူမည်။ ငါသည်`ခိုင်မြဲစွာယုံကြည်မျှော် လင့်တတ်သူသည် သည်းခံလျက်စောင့်ဆိုင်း တတ်၏' ဟူသောကမ္ပည်းစာတမ်းပါရှိသည့် အဖိုးတန်ထောင့်ချုပ်ကျောက်ကိုလည်းထို အုတ်မြစ်တွင်ထည့်သွင်းထားရှိမည်။-
သို့ဖြစ်၍ဒံယေလသည် ဗာဗုလုန်မြို့က ပညာရှိတို့အား ကွပ်မျက်ရန်မင်းကြီးတာဝန် ပေးအပ်ထားသူအာရုတ်၏ထံသို့သွား၍``ထို သူတို့အားမကွပ်မျက်ပါနှင့်။ အကျွန်ုပ်အား ဘုရင်၏ထံတော်သို့ခေါ်ဆောင်သွားပါ။ အ ကျွန်ုပ်သည်မင်းကြီး၏အိပ်မက်ကိုအနက် ဖွင့်ပြပါမည်'' ဟုဆို၏။
သို့ရာတွင်လျှို့ဝှက်ခက်ခဲသောအရာများ ကို ဖွင့်ပြတော်မူသောဘုရားသခင်သည် ကောင်းကင်ဘုံတွင်ရှိတော်မူပါ၏။ ထိုဘုရား သည်အနာဂတ်ကာလ၌အဘယ်သို့ဖြစ် ပျက်မည်ကို အရှင်မင်းကြီးအားဖွင့်ပြ တော်မူပါပြီ။ အရှင်မင်းကြီးစက်တော် ခေါ်လျက်နေစဉ် မြင်မက်သည့်အိပ်မက်ကို ယခုအကျွန်ုပ်ဖော်ပြပါမည်။
``အရှင်မင်းကြီးသည်စက်တော်ခေါ်လျက် နေစဉ် အနာဂတ်၌ဖြစ်ပျက်မည့်အမှုအရာ အကြောင်းကိုအိပ်မက်မြင်မက်တော်မူပါ၏။ လျှို့ဝှက်ခက်ခဲသောအရာတို့ကိုဖွင့်ပြတော် မူသော ဘုရားသခင်သည်နောင်ဖြစ်လတ္တံ့ သောအမှုအရာတို့ကိုအရှင့်အားဖွင့်ပြ တော်မူပါ၏။-
အထက်ဖော်ပြပါဘုရင်များနန်းစံလျက် နေချိန်၌ပင်လျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အဘယ်အခါမျှမပျက်စီး နိုင်သည့် နိုင်ငံတစ်ခုကိုတည်ထောင်တော်မူ ပါလိမ့်မည်။ ထိုနိုင်ငံကိုအဘယ်အခါ၌ မျှနှိမ်နင်း၍ရမည်မဟုတ်ပါ။ ယင်းသည် အခြားနိုင်ငံရှိသမျှကိုဖြိုခွင်းပြီး နောက် အစဉ်အမြဲတည်ပါလိမ့်မည်။-
သူသည်ပါးနပ်လိမ္မာသူဖြစ်သဖြင့် လိမ် လည်လှည့်စားမှုတို့တွင်အောင်မြင်လိမ့်မည်။ သူသည်မာန်မာနထောင်လွှားကာလူအ မြောက်အမြားကိုအမှတ်မထင်သုတ်သင် သတ်ဖြတ်လိမ့်မည်။ သူသည်ဘုရင်တကာ တို့၏ဘုရင်ကိုပင်လျှင်အံတုလိမ့်မည်။ သို့ ရာတွင်သူသည်လူ့လက်ဖြင့်မဟုတ်ဘဲ သုတ်သင်ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။-
တိုင်းနိုင်ငံတို့ကိုဖြိုခွင်းကာသူတို့၏တန် ခိုးအာဏာကိုပျက်သုဉ်းစေမည်။ စစ်မြင်း ရထားများကိုရထားထိန်းများနှင့်တကွ မှောက်လှန်ပစ်မည်။ မြင်းတို့သည်သေကြ လိမ့်မည်။ မြင်းစီးသူရဲတို့သည်လည်း အချင်းချင်းသတ်ဖြတ်ကြလိမ့်မည်။-
သို့ရာတွင်ထိုအချိန်အခါ၌ငါသည် ယေရုရှလင်မြို့ကို လေးလံသောကျောက်တုံး ကြီးသဖွယ်ဖြစ်စေမည်။ ထိုကျောက်ကိုကြိုး စား၍ချီမသည့်လူမျိုးသည်အနာတရ ဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်း တို့သည်ထိုမြို့ကိုဝိုင်းဝန်းတိုက်ခိုက်ကြ လိမ့်မည်။-
ကမ္ဘာမြေကြီးတစ်စွန်းမှအခြားတစ်စွန်း တိုင်အောင်လူတို့သည် ငါ၏ဂုဏ်တော်ကို ချီးကူးကြပေသည်။ သူတို့သည်အရပ် တကာတွင်နံ့သာပေါင်းကိုမီးရှို့၍ နှစ် သက်ဖွယ်ကောင်းသည့်ယဇ်များကိုငါ့ အားပူဇော်ကြ၏။ သူတို့အားလုံးပင် ငါ၏နာမတော်ကိုချီးကူးကြ၏။-''
သခင်ယေရှုက ``သင်တို့အားမေးခွန်းတစ်ခုကို ငါမေးမည်။ ထိုမေးခွန်းကိုသင်တို့ဖြေကြားကြ ပါလျှင် ဤအမှုအရာများကိုအဘယ်အခွင့် အာဏာနှင့်ငါပြုသည်ကိုငါပြောမည်။-
ဖာရိရှဲအချို့တို့က ``ဘုရားသခင်၏နိုင်ငံ တော်သည်အဘယ်အခါ၌တည်ပါမည်နည်း'' ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံတော်တည် ခြင်းသည်မြင်သာအောင်တည်သည်မဟုတ်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားအပေါင်းတို့နှင့်အရှင်သခင်အပေါင်း တို့၏အထွတ်အထိပ်ဖြစ်တော်မူ၏။ ထာဝရ ဘုရားသည်ကြီးမြတ်၍တန်ခိုးတော်နှင့်ပြည့် စုံသောဘုရား၊ ကြောက်ရွံ့ရိုသေဖွယ်သော ဘုရားဖြစ်တော်မူ၏။ လူကဲ့သို့မျက်နှာ လိုက်ခြင်းတံစိုးလက်ဆောင်စားခြင်းရှိတော် မမူ။-
သင်တွေ့မြင်ရသည့်အမှုအရာများမှာ ယခု မျက်မှောက်နှင့်နောင်အခါ၌ဖြစ်ပျက်မည့်အမှု အရာများဖြစ်၏။ ထိုအရာများအကြောင်းကို ရေးထားလော့။-
ထိုနောက်နေကိုကြည့်လိုက်သောအခါ၊ နေထဲ တွင်ကောင်းကင်တမန်တစ်ပါးရပ်လျက်နေသည် ကိုငါမြင်ရ၏။ သူသည်ကောင်းကင်အလယ်တွင် ပျံသန်းနေသောငှက်အပေါင်းတို့အား``လာကြ၊ ဘုရားသခင်၏စားပွဲတော်ကြီးသို့စုဝေး ကြလော့။-
ထိုနောက်ရူပါရုံတွင်ကောင်းကင်ဘုံတံခါးပွင့် လျက်ရှိသည်ကိုငါမြင်ရ၏။ ပထမအကြိမ် ကငါကြားရသောတံပိုးခရာသံနှင့်တူသည့် အသံက``ဤအရပ်သို့တက်လာလော့။ နောင်ဖြစ် ရမည့်အမှုအရာတို့ကိုငါပြမည်'' ဟုငါ့ အားဆို၏။-