Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 135:5 - Common Language Bible

5 ငါ​တို့​၏​ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ် တော်​မူ​ကြောင်း​ကို​ငါ​သိ​၏။ ကိုယ်​တော်​သည်​ဘု​ရား​ရှိ​သ​မျှ​တို့​ထက် ကြီး​မြတ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ထာ ဝ ရ ဘု ရား သည် ကြီး မြတ် တော် မူ ကြောင်း၊ ငါ တို့ အ ရှင် သည် ဘု ရား ဟူ သ မျှ ထက် မြင့် မြတ် တော် မူ ကြောင်း၊ ငါ သိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​တော်​မူ​ကြောင်း၊ ငါ​တို့၏​ဘု​ရား​ရှင်​သည် ဘု​ရား​တ​ကာ​တို့​ထက် မြတ်​တော်​မူ​ကြောင်း​ကို ငါ​သိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​ကြောင်း​၊ ငါ​တို့​၏​အရှင်​သည် ဘုရား​တကာ​တို့​ထက် မြင့်မြတ်​တော်မူ​ကြောင်း​ကို ငါ​သိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 135:5
13 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​၏​ဘု​ရား​ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍ တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​၏။ ကိုယ်​တော်​၏​ဉာဏ်​ပ​ညာ​တော်​ကို​တိုင်း​ထွာ​၍ မ​ရ​နိုင်​ပါ။


ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍​သန့်​ရှင်း မြင့်​မြတ်​သည့်​တောင်​တော် တည်း​ဟူ​သော ငါ​တို့​ဘု​ရား​၏​မြို့​တော်​တွင်​အ​လွန် ထော​မ​နာ​ပြု​ခြင်း​ကို​ခံ​ထိုက်​ပေ​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​တွင်​ကိုယ်​တော်​ရှင်​နှင့်​အ​ဘယ် သူ တူ​ပါ​သ​နည်း။ အ​ဘယ်​ကောင်း​ကင်​သား​သည်​ကိုယ်​တော်​ကို တု​ပြိုင်​နိုင်​ပါ​သ​နည်း။


အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ကြီး​တော်​မူ​သော​ဘု​ရား၊ ဘု​ရား​တ​ကာ​တို့​ထက်​တန်​ခိုး​ကြီး​သည့်​ဘု​ရင် ဖြစ်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။


အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော် ရှင်​သည် ကမ္ဘာ​မြေ​တစ်​ပြင်​လုံး​ကို​အ​စိုး​ရ​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ဘု​ရား​ရှိ​သ​မျှ​တို့​ထက်​အ​လွန်​ကြီး​မြတ်​တော် မူ​ပါ​၏။


ကမ္ဘာ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​သူ​ကား မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​၏​အ​ထက်​၌​ရှိ​သော ပလ္လင်​တော်​ပေါ်​တွင်​စံ​ပယ်​တော်​မူ​သော​အ​ရှင် ပေ​တည်း။ အောက်​မြေ​ကြီး​ပေါ်​ရှိ​လူ​တို့​သည်​ကား ပု​ရွက်​ဆိတ်​များ​ကဲ့​သို့​သေး​ငယ်​သည်​ဟု ထင်​မှတ်​ရ​ပေ​သည်။ ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို မျက်​နှာ​ကြက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​တို့​နေ​ထိုင်​ရာ​တဲ​ကဲ့​သို့​လည်း​ကောင်း ဖြန့်​တော်​မူ​၏။


မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​နှင့်​နှိုင်း​ယှဉ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​နှင့်​တူ​သော​သူ​တစ်​စုံ​တစ်​ယောက် ရှိ​ပါ​သ​လော။


``ထို​ကြောင့်​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ​မျိုး​အ​သီး​သီး​နှင့်​နိုင်​ငံ အ​သီး​သီး​က​မည်​သူ​မ​ဆို​ရှာ​ဒ​ရက်၊ မေ​ရှက် နှင့်​အ​ဗေ​ဒ​နေ​ဂေါ​တို့​၏​ဘု​ရား​အား​မ​ရို မ​သေ​ပြော​ဆို​သည်​ဆို​အံ့၊ ထို​သူ​အား​အ​ပိုင်း ပိုင်း​ဖြတ်​၍​နေ​အိမ်​ကို​လည်း ပြာ​ပုံ​ဖြစ်​စေ ဟု​ယ​ခု​ငါ​အ​မိန့်​ပေး​၏။ ထို​သူ​သုံး​ဦး​တို့ ၏​ဘု​ရား​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကယ် တင်​နိုင်'' ဟု​မိန့်​တော်​မူ​၏။


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​အ​ပေါင်း​တို့​နှင့်​အ​ရှင်​သ​ခင်​အ​ပေါင်း တို့​၏​အ​ထွတ်​အ​ထိပ်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​ကြီး​မြတ်​၍​တန်​ခိုး​တော်​နှင့်​ပြည့် စုံ​သော​ဘု​ရား၊ ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဘု​ရား​ဖြစ်​တော်​မူ​၏။ လူ​ကဲ့​သို့​မျက်​နှာ လိုက်​ခြင်း​တံစိုး​လက်​ဆောင်​စား​ခြင်း​ရှိ​တော် မ​မူ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ