Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဆာ​လံ 145:3 - Common Language Bible

3 ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍ ထော​မ​နာ​ပြု​ခြင်း​ကို​အ​လွန်​ခံ​ထိုက်​တော်​မူ​၏။ ကြီး​မြတ်​တော်​မူ​ပုံ​ကို​ဆင်​ခြင်​တိုင်း​ထွာ​၍ မ​ရ​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ထာ ဝ ရ ဘု ရား သည် ကြီး မြတ်၍ အ လွန် ချီး မွမ်း ခံ ထိုက် တော် မူ ၏။ ကြီး မြတ် တော် မူ ခြင်း ကို စူး စမ်း ၍ မ မှီ နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍ အ​လွန်​ချီး​မွမ်း​ဖွယ် ဖြစ်​တော်​မူ၏။ ကြီး​မြတ်​တော်​မူ​ခြင်း​ကို စစ်၍​မ​ကုန်​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၍ အလွန်​ချီးမွမ်းဖွယ်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​ကြီးမြတ်​တော်မူ​ခြင်း​ကို စူးစမ်း​၍​မ​ကုန်​နိုင်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 145:3
14 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​၏​ဘု​ရား​ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍ တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​၏။ ကိုယ်​တော်​၏​ဉာဏ်​ပ​ညာ​တော်​ကို​တိုင်း​ထွာ​၍ မ​ရ​နိုင်​ပါ။


ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ဉာဏ်​ပ​ညာ တော်​နှင့်​အ​သိ​ပ​ညာ​တော်​သည် လွန်​စွာ​နက်​နဲ လှ​ပါ​တ​ကား။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက် များ​ကို​အ​ဘယ်​သူ​ရှင်း​ပြ​နိုင်​သ​နည်း။ နည်း လမ်း​တော်​များ​ကို​အ​ဘယ်​သူ​နား​လည် နိုင်​သ​နည်း။-


ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ကာ​လ​အ​စဉ်​အ​ဆက် တည်​တော်​မူ​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ကို သင်​တို့​မ​သိ​ကြ​ပါ​သ​လော။ မ​ကြား​ဘူး​ကြ​ပါ​သ​လော။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မော​ပန်း နွမ်း​လျ​တော်​မ​မူ​ပါ။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော် တို့​ကို နား​မ​လည်​နိုင်​ပါ။


စစ်၍မသိနိုင်အောင် အလွန်ကြီးသောအမှု၊ မရေတွက်နိုင်အောင်များ၍ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူ၏။


ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ကို​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပုံ​မှာ​အံ့​သြ​ဖွယ်​ဖြစ်​ပါ​၏။ ထို​သို့​သော​အ​သိ​ဉာဏ်​သည်​ကျွန်​တော်​မျိုး နား​မ​လည်​နိုင်​အောင်​နက်​နဲ​လှ​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍​သန့်​ရှင်း မြင့်​မြတ်​သည့်​တောင်​တော် တည်း​ဟူ​သော ငါ​တို့​ဘု​ရား​၏​မြို့​တော်​တွင်​အ​လွန် ထော​မ​နာ​ပြု​ခြင်း​ကို​ခံ​ထိုက်​ပေ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​သည် ဖြစ်​၍ အ​လွန်​ပင်​ထော​မ​နာ​ပြု​ခြင်း​ကို​ခံ​ထိုက်​တော် မူ​၏။ ကိုယ်​တော်​သည်​ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ရို​သေ​ခြင်း​ကို​ခံ​ထိုက်​တော်​မူ​၏။


ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။


သူ​တို့​သည် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် အ​လွန်​ကြီး​မြတ်​၍​အံ့​သြ​ဖွယ်​ကောင်း​လှ ပါ​သည်​တ​ကား။ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်၊ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​တို့​သည် အ​လွန်​မျှ​တ​မှန်​ကန်​လှ​ပါ​သည်​တ​ကား။


ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍ ငါ​တို့​သည်​ကိုယ်​တော်​ကို​ထော​မ​နာ​ပြု​ရ​ကြ ပေ​မည်။ ငါ​တို့​သည်​ကိုယ်​တော်​အား​အ​ခြား​ဘု​ရား​များ ထက် ပို​၍​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​ပေ​မည်။


ဘုရားသခင်သည် ကြီးမြတ်တော်မူ၏။ ငါတို့ သည် ဘုရားသခင်ကို မသိနိုင်။ အသက်တော်နှစ်ပေါင်း ကို စစ်၍မကုန်နိုင်ကြ။


အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ် သူကိုမျှ ညှဉ်းဆဲတော်မမူ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ