Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 16:25 - Common Language Bible

25 ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍ ငါ​တို့​သည်​ကိုယ်​တော်​ကို​ထော​မ​နာ​ပြု​ရ​ကြ ပေ​မည်။ ငါ​တို့​သည်​ကိုယ်​တော်​အား​အ​ခြား​ဘု​ရား​များ ထက် ပို​၍​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​ပေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ထာ ဝ ရ ဘု ရား သည် ကြီး မြတ်၍ အ လွန် ချီး မွမ်း ခြင်း၊ ဘု ရား ဟူ သ မျှ ထက် ခန့် ညား ခြင်း ကို ခံ ထိုက် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍၊ အ​လွန်​ချီး​မွမ်း​ဖွယ်​ဖြစ်​တော်​မူ၏။ ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၏​။ ချီးမွမ်းဖွယ်​အလွန်​ကောင်း​၏​။ ဘုရား​တကာ​တို့​ထက် ကြောက်ရွံ့ရိုသေဖွယ် ကောင်း​လှ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 16:25
15 ပူးပေါင်းရင်းမြစ်များ  

လူ​မျိုး​တ​ကာ​တို့​အား​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​အား​ကိုယ်​တော်​၏ အံ့​သြ​ဖွယ်​သော​အ​မှု​တော်​တို့​ကို​လည်း​ကောင်း ထုတ်​ဖော်​ကြေ​ညာ​ကြလော့။


ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​သည်​ဘု​ရား​တ​ကာ တို့​ထက်​ကြီး​မြတ်​သည်​ဖြစ်​၍ ကျွန်ုပ်​သည်​ကြီး ကျယ်​ခမ်း​နား​သည့်​ဗိ​မာန်​တော်​ကို​တည် ဆောက်​ရန်​ရည်​ရွယ်​ပါ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍ ထော​မ​နာ​ပြု​ခြင်း​ကို​အ​လွန်​ခံ​ထိုက်​တော်​မူ​၏။ ကြီး​မြတ်​တော်​မူ​ပုံ​ကို​ဆင်​ခြင်​တိုင်း​ထွာ​၍ မ​ရ​နိုင်။


ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍​သန့်​ရှင်း မြင့်​မြတ်​သည့်​တောင်​တော် တည်း​ဟူ​သော ငါ​တို့​ဘု​ရား​၏​မြို့​တော်​တွင်​အ​လွန် ထော​မ​နာ​ပြု​ခြင်း​ကို​ခံ​ထိုက်​ပေ​၏။


သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​အား​လူ​အ​ပေါင်း​တို့​သည် ကြောက်​လန့်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ရှေ့​တော်​တွင် ရပ်​တည်​နိုင်​ပါ​မည်​နည်း။


ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​စီ​ရင်​ချက်​ကို ကောင်း​ကင်​ဘုံ​မှ​ကြေ​ညာ​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​ပေါ်​ရှိ​ဖိ​နှိပ်​ညှဉ်း​ပန်း ခြင်း ခံ​ရ​ကြ​သူ​တို့​အား​ကယ်​တော်​မူ​ရန်​အ​တွက် ထ​၍​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​သော​အ​ခါ၊ ကမ္ဘာ​သည် ကြောက်​လန့်​၍​ဆိတ်​ဆိတ်​နေ​ကြ​ပါ​၏။


ကိုယ်​တော်​ရှင်​သည်​သန့်​ရှင်း​သူ​တို့​၏​ကောင်​စီ​တွင် ရို​သေ​လေး​မြတ်​ခြင်း​ကို​ခံ​ရ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​အား​လွန်​စွာ ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​နှင့်​တူ​သော အ​ဘယ်​ဘု​ရား​ရှိ​အံ့​နည်း။ ကိုယ်​တော်​ကဲ့​သို့​သန့်​ရှင်း​မြင့်​မြတ်​ဘုန်း ကြီး​သော ဘု​ရား​အ​ဘယ်​မှာ​ရှိ​အံ့​နည်း။ ကိုယ်​တော်​ကဲ့​သို့​နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြု​နိုင်​သော​ဘု​ရား အ​ဘယ်​မှာ​ရှိ​အံ့​နည်း။


ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​မ​ကြောက်​ကြ​သ​နည်း။ ငါ​၏​ရှေ့​တော်​၌​အ​ဘယ်​ကြောင့်​မ​တုန်​မ​လှုပ်​ကြ​သ​နည်း။ ငါ​သည်​ပင်​လယ်​အ​တွက်​နယ်​နိ​မိတ်၊ ပင်​လယ်​ရေ​မ​ကျော်​မ​ဖြတ်​နိုင်​သည့်​အ​မြဲ​တမ်း​နယ်​နိ​မိတ်​ကို​သဲ​များ​ဖြင့်​သတ်​မှတ်​ထား​၏။ ပင်​လယ်​သည်​လှိုင်း​တံ​ပိုး​ထ​နိုင်​သော်​လည်း ထို​နယ်​နိ​မိတ်​ကို​မ​ဖြတ်​မ​ကျော်​နိုင်။ လှိုင်း​တံ​ပိုး​တို့​သည်​ထ​၍​မြည်​ဟည်း​သော်​လည်း ထို​နယ်​စပ်​ကို​မ​ကျော်​မ​လွန်​နိုင်။-


ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ​အ​ခြား​တစ်​စွန်း တိုင်​အောင်​လူ​တို့​သည် ငါ​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​ပေ​သည်။ သူ​တို့​သည်​အ​ရပ် တ​ကာ​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍ နှစ် သက်​ဖွယ်​ကောင်း​သည့်​ယဇ်​များ​ကို​ငါ့ အား​ပူ​ဇော်​ကြ​၏။ သူ​တို့​အား​လုံး​ပင် ငါ​၏​နာ​မ​တော်​ကို​ချီး​ကူး​ကြ​၏။-''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ