၁ ရာချုပ် 16:24 - Common Language Bible24 လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေကိုလည်းကောင်း၊ လူအပေါင်းတို့အားကိုယ်တော်၏ အံ့သြဖွယ်သောအမှုတော်တို့ကိုလည်းကောင်း ထုတ်ဖော်ကြေညာကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible24 လူ မျိုး ခြား တို့ ၌ ဘုန်း တော် ကို လည်း ကောင်း၊ လူ မျိုး ခပ် သိမ်း တို့၌ အံ့ ဖွယ် ရာ အ မှု တော် များ ကို လည်း ကောင်း ကြော် ငြာ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible24 ဘုန်းတော်ကို တစ်ပါးအမျိုးသားတို့၌လည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌လည်းကောင်း ဖော်ပြကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 ဘုန်းအသရေတော်အကြောင်းကို လူမျိုးခြားတို့အားလည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို လူမျိုးအပေါင်းတို့အားလည်းကောင်း ပြောကြားကြလော့။ အခန်းကိုကြည့်ပါ။ |
ငါသည်သူတို့အားငါ၏ဂုဏ်သတင်းကို မကြားဘူး၊ ငါ၏ကြီးမြတ်သည့်တန်ခိုး တော်ကိုမမြင်ဘူးသည့်ရပ်ဝေးနိုင်ငံများ ဖြစ်သော တာရှုပြည်လိဗိယပြည်နှင့်ကျွမ်း ကျင်သူလေးသည်တော်များရှိရာလုဒ ပြည်သို့လည်းကောင်း၊ တုဗလပြည်နှင့် ဂရိတ်ပြည်သို့လည်းကောင်းငါစေလွှတ်မည်။ သူတို့သည်ထိုပြည်များမှလူတို့အား ငါ၏ဘုန်းတော်အကြောင်းကိုပြောကြား ရလိမ့်မည်။-