ဒေသနာကျမ်း။ 11:8 - Common Language Bible သို့ရာတွင်၊ လူသည်အသက်တာရှည်၍ အစဉ် ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့်လိမ့်မည်။ ဖြစ်လတံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ၏။ Garrad Bible မု ချ အား ဖြင့် လူ သည်၊ နှစ် ကာ လ ရှည် လျား စွာ အ သက် ရှင် လျှင်၊ တစ် သက် ပတ် လုံး ရွှင် လန်း ပါ လေ စေ။ သို့ ရာ တွင်၊ မှောင် ကျ သော နေ့ ရက် များ ရှိ အံ့ ဖြစ်၍၊ ထို နေ့ ရက် ကို လည်း သ တိ မူ ပါ လေ စေ။ ဖြစ် လ တ္တံ့ သ မျှ သည် အ န တ္တ တည်း။ Judson Bible သို့ရာတွင်၊ လူသည် အသက်တာရှည်၍ အစဉ်ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ပါစေ။ ထိုကာလ ကြာမြင့်လိမ့်မည်။ ဖြစ်လတ္တံ့သမျှတို့သည် အနတ္တသက်သက်ဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ လူသည် နှစ်ပေါင်းများစွာအသက်ရှင်လျှင် ထိုနှစ်ကာလအားလုံး၌ ဝမ်းမြောက်ခြင်းရှိပါစေ။ သို့သော် မှောင်မိုက်သောနေ့ရက်များသည်လည်း များစွာရှိမည်ဖြစ်ကြောင်း အောက်မေ့ပါစေ။ ဖြစ်လာမည့်အရာအားလုံးတို့သည် အချည်းနှီးဖြစ်ကြ၏။ |
သေခြင်းအရပ်ဖြစ်စေသော ညဉ့်ကဲ့သို့တခဲနက်မိုက်သဖြင့်၊ အလင်းပင်မှောင်မိုက်သက်သက်ဖြစ်၍၊ ရှင်းလင်းခြင်းအလျှင်၊ မရှိသောပြည်၊ အကျွန်ုပ်တခါရောက်ပြီးမှ တဖန်ပြန်၍ မလာရသောပြည်သို့ အကျွန်ုပ် သား၍မရောက်မှီ၊ သက်သာခြင်း အနည်းငယ်ရှိပါမည် အကြောင်းနေတော်မူပါ။ အကျွန်ုပ်ကို တတ်တိုင်းရှိစေ တော်မူပါဟု မြွတ်ဆို၏။
လူသည်အိပ်ပြီးမှ နောက်တဖန်မထရ။ မိုဃ်း ကောင်းကင်မကုန် မဆုံးမှီတိုင်အောင် မနိုးရ။ အအိပ် အပျော်မပျက်ရ။
လူသည်စည်းစိမ်ချမ်းသာခံစားရသော်လည်း တိရစ္ဆာန်များကဲ့သို့ပင်သေရပေလိမ့်မည်။
သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည် တွေ့ကြုံလျှင်၊ အဘယ်ကြောင့်သူ့ထက်သာ၍ ပညာ ရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါအောက်မေ့၏။
ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံ တို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ ၏။
ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသော သူ အားပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။
ထိုမင်းအုပ်စိုးသော သူအပေါင်းတို့ကို ရေတွက် ၍ မကုန်နိုင်။ နောက်လာသောသူတို့သည်လည်း၊ ထိုမင်းကို အားမရဘဲနေကြလိမ့်မည်။ အကယ်စင်စစ် ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။
လူသည်အဘော်အဘက်၊ သားသမီး၊ ညီအစ်ကို မရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ် ၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည် ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဘို့ ကြိုးစား အားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။
အကယ်၍ အရင်ဆိုသော သူသည် အနှစ် နှစ်ထောင်အသက်ရှင်သော်လည်း၊ အကျိုးကျေးဇူးမရှိ။ အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ သွားရကြသည် မဟုတ်လော။
ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိ နောက်မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကို လည်း အလှည့်လှည့်ပေးတော်မူ၏။
အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မ အမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင် ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ ကြောက်ရွံ့ သောကြောင့်၊ ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏။
ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည်နေအောက်မှာ စားသောက် ခြင်း၊ ပျော်မွေ့ခြင်းအမှု ထက်သာ၍ ကောင်းသောအမှု မရှိ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသော အသက်ကာလ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုး တို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။
သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။
သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
ထိုနေ့သည်မှောင်မိုက်အုံ့ဆိုင်းသောနေ့၊မည်း နက်လျက် မိုးတိမ်ထူထပ်သောနေ့ဖြစ်လိမ့်မည်။ တောင်ရိုးများကိုလွှမ်းခြုံလိုက်သည့် မှောင်ရိပ်ကဲ့သို့၊ကျိုင်းကောင်အုပ်ကြီးသည်ရှေ့သို့ ချီတက်လာလေသည်။ ဤသို့အဘယ်အခါကမျှဖြစ်ပျက်ခဲ့ဘူးသည်မရှိ။ နောင်အဘယ်အခါ၌မျှလည်းဖြစ်ပျက်လိမ့်မည် မဟုတ်။
ထိုအခါမင်းကြီးကမင်းစေတို့အား `ထိုသူ၏ ခြေလက်တို့ကိုတုပ်နှောင်ပြီးလျှင်အပြင်အမှောင် ထဲသို့ထုတ်လိုက်ကြ။ ထိုနေရာတွင်သူသည် ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ်လျက် နေရလိမ့်မည်' ဟုအမိန့်တော်ရှိ၏'' ဟူ၍ မိန့်တော်မူသည်။
သခင်ယေရှုကလည်း ``အလင်းသည်သင်တို့ တွင်ခဏသာရှိပေတော့မည်။ သင်တို့အား အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခါ သွားလာကြလော့။ အမှောင်တွင်သွားလာသူ သည်မိမိအဘယ်အရပ်သို့သွားလာသည် ကိုမသိ။-
သူတို့သည်မည်သည့်အကြောင်းကြောင့် စစ်ရှုံးရသည်ကိုမသိကြ။ ဖြစ်ပျက်သည့်အကြောင်းအရာကိုလည်း နားမလည်နိုင်ကြ။
``အဆုံးစွန်သောကာလ၌သင်တို့ကိုပြောင် လှောင်သူများ၊ မိမိတို့လိုအင်ဆန္ဒရှိသည့် အတိုင်း ဘုရားမဲ့ပြုမူကျင့်ကြံသူများ ပေါ်ပေါက်လာလိမ့်မည်'' ဟုယခင်ကသင် တို့အားပြောကြားခဲ့သည့်စကားကို သတိရကြလော့။-