ယေရမိ 13:16 - Common Language Bible16 သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible16 မှောင် ကျ သ ဖြင့် သင် တို့ သည်၊ ညို မှိုင်း သော တောင် တန်း ပေါ် တွင် တိုက် လဲ၍၊ အ လင်း ကို စောင့် မြော် ကြ သည့် အ ခိုက်၊ သေ ခြင်း အ ရိပ်၊ အ မိုက် တိုက် ဖြစ် စေ တော် မ မူ မီ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ ဘုန်း တော် ကို ချီး မွမ်း ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible16 မိုးမချုပ်မီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့သည် ထိခိုက်၍မလဲမီ၊ အလင်းကိုမျှော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော်မမူမီ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ကိုယ်တော်သည် မှောင်မိုက်ကိုဖြစ်စေသဖြင့် သင်တို့သည် မှောင်မည်းသောတောင်ပေါ်တွင် ခလုတ်မတိုက်မိမီ၊ သင်တို့သည် အလင်းကိုစောင့်မျှော်လျက်နေစဉ် ကိုယ်တော်သည် ထိုအလင်းကို မှုန်မှိုင်းစေ၍ အမှောင်ထုမဖြစ်စေမီ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ဘုန်းတော်ကို ချီးမွမ်းကြလော့။ အခန်းကိုကြည့်ပါ။ |
မြေကြီးသို့စိုက်ကြည့်သည့်အခါသော် လည်းကောင်းဆင်းရဲဒုက္ခနှင့်ကံဆိုးမိုးမှောင် မှတစ်ပါး အဘယ်အရာကိုမျှတွေ့ရကြ လိမ့်မည်မဟုတ်။ ထိုသူတို့အပေါ်သို့ထိတ် လန့်ဖွယ်ရာကံဆိုးမိုးမှောင်ကျရောက်လာ လိမ့်မည်။ ဤသို့ဆင်းရဲဒုက္ခရောက်ရာကာလ နှင့်သူတို့ကင်းလွတ်ရန်လမ်းရှိတော့မည် မဟုတ်။
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ယုဒ ပြည်ကို အပြီးအပိုင်ပစ်ပယ်တော်မူပါပြီလော။ ဇိအုန်မြို့သားတို့အားမုန်းတီးရွံရှာတော် မူပါသလော။ ကျွန်တော်မျိုးတို့၏အနာကိုကုသ၍ မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အား၊ဤမျှပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့သည်ငြိမ်းချမ်းသာယာမှုကို စောင့်မျှော်ကြသော်လည်းအချည်းနှီးသာ ဖြစ်ပါ၏။ အနာပျောက်လိမ့်မည်ဟုမျှော်လင့်ကြသော်လည်း ထိတ်လန့်၍သာလာရကြပါ၏။
ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာ တောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက် ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍ လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။
သူတို့လိုက်လျှောက်သည့်လမ်းသည်ချော ကျိကျိနှင့် မှောင်မိုက်၍နေလိမ့်မည်။ ငါသည်လည်းသူတို့အားခြေချော်၍လဲ စေမည်။ သူတို့အပေါ်သို့ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေမည်။ သူတို့အားအပြစ်ဒဏ်စီရင်ရာနေ့ရက်ကာလ သည် ကျရောက်လာလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
ထိုနေ့သည်မှောင်မိုက်အုံ့ဆိုင်းသောနေ့၊မည်း နက်လျက် မိုးတိမ်ထူထပ်သောနေ့ဖြစ်လိမ့်မည်။ တောင်ရိုးများကိုလွှမ်းခြုံလိုက်သည့် မှောင်ရိပ်ကဲ့သို့၊ကျိုင်းကောင်အုပ်ကြီးသည်ရှေ့သို့ ချီတက်လာလေသည်။ ဤသို့အဘယ်အခါကမျှဖြစ်ပျက်ခဲ့ဘူးသည်မရှိ။ နောင်အဘယ်အခါ၌မျှလည်းဖြစ်ပျက်လိမ့်မည် မဟုတ်။
တောင်များကိုတည်၍လေအဟုန်တို့ကို ဖန်ဆင်းသောအရှင်သည်ဘုရားသခင်ပင် ဖြစ်၏။ ကိုယ်တော်ရှင်သည်မိမိ၏အကြံအစည် တော်တို့ကို လူသားတို့အားသိစေတော်မူပြီ။ နေ့ချိန်တာကိုညဦးယံအဖြစ်သို့ကူးပြောင်း စေခဲ့ပြီ။ ကမ္ဘာမိုးမြေအထွတ်အထိပ်တွင်အုပ်စိုးလျက် နေတော်မူပြီ။ ကိုယ်တော်၏ဘွဲ့နာမတော်ကားကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရားပေတည်း။
အနာစိမ်း၏ပုံစံ၊ သင်တို့ပြည်ကိုဖျက်ဆီး လျက်နေသည့်ကြွက်၏ပုံစံတို့ကိုပြုလုပ်၍ ဣသရေလအမျိုးသားတို့ဘုရားကိုဂုဏ် ပြုချီးမြှင့်ရမည်။ ကိုယ်တော်သည်သင်တို့ နှင့်သင်တို့၏ဘုရားများကိုလည်းကောင်း၊ သင်တို့၏ပြည်ကိုလည်းကောင်းဒဏ်မ ခတ်တော့ဘဲနေကောင်းနေတော်မူလိမ့်မည်။-