ဒေသနာကျမ်း။ 6:6 - Common Language Bible6 အကယ်၍ အရင်ဆိုသော သူသည် အနှစ် နှစ်ထောင်အသက်ရှင်သော်လည်း၊ အကျိုးကျေးဇူးမရှိ။ အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ သွားရကြသည် မဟုတ်လော။ အခန်းကိုကြည့်ပါ။Garrad Bible6 ထို သူ သည် အ ကောင်း ကို မ စား ရ ဘဲ၊ အ နှစ် တစ် ထောင် ထက် တိုး၍၊ ထမ်း ပိုး နေ ရ သော် လည်း၊ နှစ် ဦး လုံး ပင် တစ် နေ ရာ တည်း သို့ သွား ကြ ရ သည် မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible6 အကယ်၍ အရင်ဆိုသောသူသည် အနှစ်နှစ်ထောင် အသက်ရှင်သော်လည်း၊ အကျိုးကျေးဇူးမရှိ။ အလုံးစုံတို့သည် တစ်ခုတည်းသောအရပ်သို့ သွားရကြသည် မဟုတ်လော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 အကယ်၍ ထိုလူသည် အနှစ်တစ်ထောင်ကိုနှစ်ဆတိုး၍အသက်ရှင်ရသော်လည်း ကောင်းကျိုးချမ်းသာကိုမတွေ့ရလျှင် မည်သည့်အကျိုးရှိမည်နည်း။ အားလုံးသည် တစ်ခုတည်းသောအရပ်သို့သွားကြသည်မဟုတ်လော။ အခန်းကိုကြည့်ပါ။ |
နို့စို့သူငယ်တို့သည်လည်းအရွယ်မရောက်မီ သေကြရတော့မည်မဟုတ်။ လူတိုင်းပင်သက် တမ်းစေ့နေရကြလိမ့်မည်။ အသက်တစ်ရာနေရ သူတို့ကိုပင်ငယ်ရွယ်သူများဟုထင်မှတ်ရ ကြလိမ့်မည်။ အသက်တစ်ရာမတိုင်မီသေဆုံး သူတို့ကိုမူကား ငါ၏အပြစ်ဒဏ်ခံရသည့် လက္ခဏာဟုမှတ်ယူကြလိမ့်မည်။-
ခပ်သိမ်းသော သူတို့သည် ခပ်သိမ်းသောအမှု အရာတို့နှင့် ဆက်ဆံကြ၏။ တရားသောသူနှင့် မတရား သောသူ၊ ကောင်းသောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မစင်ကြယ်သောသူ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူ၊ အပြစ်မရှိသောသူနှင့် အပြစ်ရှိ သောသူ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကို ကြောက် သောသူတို့သည် တခုတည်းသောအမှုနှင့် တွေ့ကြုံတတ် ၏။