ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
ထွက်မြောက် 24:4 - Common Language Bible မောရှေသည်ထာဝရဘုရားပညတ်သမျှတို့ ကိုရေးထားလေ၏။ နောက်တစ်နေ့နံနက်စောစော တွင်မောရှေသည်တောင်ခြေရင်း၌ယဇ်ပလ္လင်ကို လည်းကောင်း၊ ဣသရေလတစ်ဆယ့်နှစ်မျိုးအတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်ဆောက်လေ၏။- Garrad Bible မော ရှေ သည် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် အ လုံး စုံ ကို ရေး တင် ပြီး လျှင် နံ နက် အ ချိန် ထ၍ တောင် ခြေ ရင်း၌ ပူ ဇော် ရာ ပလ္လင် တော် ကို လည်း ကောင်း၊ ဣ သ ရေ လ ဆယ့် နှစ် နွယ် အ လိုက် ကျောက် ဆယ့် နှစ် တိုင် ကို လည်း ကောင်း တည် စိုက် လျက် ဣ သ ရေ လ အ မျိုး သား လူ ငယ် တို့ ကို စေ သည့် အ တိုင်း၊ Judson Bible မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးထားပြီးမှ၊ နံနက်စောစောထ၍၊ တောင်ခြေရင်း၌ယဇ်ပလ္လင်ကိုလည်းကောင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးနှင့်အမျှ ကျောက်တိုင် တစ်ဆယ်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးသားထားပြီးလျှင် နံနက်စောစောထ၍ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကိုလည်းကောင်း၊ အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်အတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။ |
ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
ယာကုပ်သည်နောက်တစ်နေ့နံနက်စောစော အိပ်ရာမှ နိုးထ၍သူခေါင်းအုံးသောကျောက်တုံးကိုယူပြီး လျှင် မှတ်တိုင်အဖြစ်စိုက်ထူလေသည်။ ထိုနောက်မှတ် တိုင်ပေါ်တွင်သံလွင်ဆီလောင်းလျက် ထိုမှတ်တိုင် ကိုဘုရားသခင်အားဆက်ကပ်လေ၏။-
အကျွန်ုပ်စိုက်ထူသောဤမှတ်တိုင်သည်ထာဝရ ဘုရားကိုကိုးကွယ်ရာဌာနဖြစ်ပါလိမ့်မည်။ အကျွန်ုပ်သည်လည်းကိုယ်တော်ရှင်ပေးတော်မူ သမျှထဲမှဆယ်ပုံတစ်ပုံကိုကိုယ်တော်ရှင် အားလှူဒါန်းပါမည်'' ဟုသစ္စာဆိုလေ၏။
ထို့ကြောင့်ယာကုပ်သည်ကျောက်တုံးတစ်တုံး ကိုယူ၍ မှတ်တိုင်အဖြစ်စိုက်ထူလေသည်။-
အဟိယသည်မိမိဝတ်ထားသည့်ဝတ်လုံ သစ်ကိုချွတ်၍ တစ်ဆယ့်နှစ်ပိုင်းဆုတ်ဖြဲ ပြီးလျှင်၊-
သူသည်ဣသရေလဟူသောနာမည်ဖြင့် ထာဝရဘုရားသမုတ်တော်မူသူ ယာကုပ်မှ ဆင်းသက်လာသောတစ်ဆယ့်နှစ်နွယ်ကိုရည် စူး၍ကျောက်ဆယ့်နှစ်လုံးကိုယူပြီးလျှင်၊-
ထိုအနုမောဒနာပွဲ၌သူတို့သည်နွားကောင်ရေတစ်ရာ၊ သိုးကောင်ရေနှစ်ရာနှင့်သိုးသားငယ်ကောင်ရေလေးရာကိုယဇ်ကောင်များအဖြစ်ဖြင့်လည်းကောင်း၊ ဣသရေလတစ်နွယ်လျှင်ဆိတ်တစ်ကောင်ကျဖြင့် ဆိတ်တစ်ဆယ့်နှစ်ကောင်ကိုအပြစ်ဖြေရာပူဇော်သကာအဖြစ်ဖြင့်လည်းကောင်းပူဇော်ကြ၏။-
ပထမဦးစွာလက်မှတ်ရေးထိုးသူမှာ ဟာ ခလိ၏သား၊ ဘုရင်ခံနေဟမိဖြစ်၏။ ထို နောက်ဇိဒကိယလက်မှတ်ရေးထိုးလေ သည်။ စရာယ၊အာဇရိ၊ယေရမိ၊ ပါရှုရ၊အာမရိ၊မာလခိယ၊ ဟတ္ထုတ်၊ရှေဗနိ၊မလ္လုတ် ဟာရိမ်၊မေရမုတ်၊သြဗဒိ၊ ဒံယေလ၊ဂိန္နေသုန်၊ဗာရုတ်၊ မေရှုလံ၊အဘိယ၊မိယာမိန် မာဇိ၊ဗိလဂဲ၊ရှေမာယ၊ အာဇနိ၏သားယောရှု၊ ဟေနဒဒ်သားချင်းစုခေါင်းဆောင်ဗိနွိ၊ ကပ်မျေလ၊ရှေဗနိ၊ဟောဒိယ၊ ကေလိတ၊ပေလာယ၊ဟာနန်၊ မိက္ခာ၊ရေဟုပ်၊ဟာရှဘိ၊ ဇက္ကုရ၊ရှေရဘိ၊ရှေဗနိ၊ ဟောဒိယ၊ဗာနိ၊ဗေနိနု။ ပါရုတ်၊ပါဟတ်မောဘ၊ ဧလံ၊ဇဿု၊ဗာနိ၊ ဗုန္နိ၊အာဇဂဒ်၊ဗေဗဲ၊ အဒေါနိယ၊ဗိဂဝဲ၊အာဒိန်၊ အာတာ၊ဟိဇကိယ၊အဇ္ဇုရ၊ ဟောဒိယ၊ဟရှုံ၊ဗေဇဲ၊ဟာရိပ်၊ အာနသုတ်၊နေဗဲ၊မာဂပျာရှ၊ မေရှုလံ၊ဟေဇိရ၊မေရှဇဗေလ၊ ဇာဒုတ်၊ယာဒွါ၊ပေလတိ၊ဟာနန်၊ အနာယ၊ဟောရှေ၊ဟာနနိ၊ဟာရှုပ်၊ ဟာလောဟက်၊ပိလဟ၊ရှောဗက်၊ရေဟုံ၊ ဟာရှဗန၊မာသေယ၊အဟိယ၊ဟာနန်၊ အာနန်၊မလ္လုတ်၊ဟာရိမ်၊ဗာနာ။
ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ အောင်ပွဲအကြောင်းကိုအမှတ်တရဖြစ်စေ ရန် ရေး၍မှတ်တမ်းတင်လော့။ ငါသည်အာမလက် အမျိုးသားတို့ကိုလုံးဝဖျက်ဆီးပစ်မည် ဖြစ်ကြောင်းယောရှုအားပြောလော့'' ဟုမိန့် တော်မူ၏။-
မောရှေသည်ယဇ်ပလ္လင်ကိုတည်၍``ထာဝရ ဘုရားသည်ငါ၏အလံဖြစ်၏'' ဟုနာမည် မှည့်လေ၏။-
``ဣသရေလအမျိုးသားတို့အား အောက်ဖော် ပြပါပညတ်ချက်တို့ကိုသတ်မှတ်ပေးလော့။-
ထိုနောက်သူသည်ထာဝရဘုရား၏ပညတ် များရေးထားသောပဋိညာဉ်စာအုပ်ကိုယူ၍ လူအပေါင်းတို့ကြားနိုင်အောင်ဖတ်ပြလေသည်။ သူတို့ကလည်း``အကျွန်ုပ်တို့သည်ထာဝရ ဘုရားမိန့်တော်မူသမျှကိုလိုက်နာပါမည်'' ဟုဆိုလေ၏။
ဣသရေလတစ်ဆယ်နှစ်မျိုးကိုရည်ဆောင်၍ ကျောက်မျက်တစ်ဆယ်နှစ်လုံးတွင်တစ်လုံးစီ ၌ ယာကုပ်၏သားတစ်ယောက်စီ၏နာမည်ကို ထွင်းထားရမည်။-
ထာဝရဘုရားကမောရှေအား``ဤပညတ် များကိုရေးထားလော့။ ငါသည်သင်နှင့်လည်း ကောင်း၊ ဣသရေလအမျိုးသားတို့နှင့်လည်း ကောင်း ဤပညတ်များအတိုင်းပဋိညာဉ် ပြုပြီ'' ဟုမိန့်တော်မူ၏။-
ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်တွင်ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုကိုတည်ထားလိမ့်မည်။ ကိုယ် တော်အားအနုမောဒနာပြု၍စိုက်ထူထား သည့်ကျောက်တိုင်တစ်ခုသည်နယ်စပ်တွင်ရှိ လိမ့်မည်။-
``ဣသရေလတစ်ဆယ့်နှစ်နွယ်၏ဦးစီးခေါင်း ဆောင်တို့ထံမှ တစ်ဦးလျှင်တောင်ဝှေးတစ်ချောင်း ကျဖြင့် တောင်ဝှေးတစ်ဆယ့်နှစ်ချောင်းကိုသင့် ထံသို့ယူဆောင်လာစေလော့။ ခေါင်းဆောင်တစ် ဦးစီသည်မိမိ၏နာမည်ကိုတောင်ဝှေးပေါ် တွင်ရေးရမည်။-
သင်တို့သည်နိုင်ငံတော်တွင်ငါ၏စားပွဲ၌စား သောက်ရကြလိမ့်မည်။ ထို့အပြင်ပလ္လင်များ ပေါ်မှာထိုင်လျက်ဣသရေလတစ်ဆယ့်နှစ်နွယ် တို့အားအုပ်စိုးရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အသင်းတော်၏မဏ္ဍိုင်များဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့်ယောဟန်တို့ကငါ့ အားဘုရားသခင်ပေးတော်မူသောအခွင့် ထူးကို အသိအမှတ်ပြုကြပေသည်။ သို့ ဖြစ်၍ငါတို့အားလုံးသည်လုပ်ဖော်ကိုင် ဘက်များဖြစ်ကြောင်းကိုပြသည့်အနေ ဖြင့် သူတို့သည်ဗာနဗနှင့်ငါ့အားလက် ဆွဲ၍နှုတ်ဆက်ကြ၏။ ငါတို့ကလူမျိုး ခြားတို့ထံတွင်အမှုတော်ဆောင်ရန်နှင့် သူတို့ကယုဒအမျိုးသားတို့ထံတွင် အမှုတော်ဆောင်ရန်သဘောတူကြသည်။-
သို့ဖြစ်၍မောရှေသည်ဘုရားသခင်၏ ပညတ်တရားတော်ကိုရေး၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရသောလေဝိအနွယ်ဝင် ယဇ်ပုရော ဟိတ်များနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်များအားပေးအပ်လေသည်။-
ယောရှုသည်ယော်ဒန်မြစ်တွင်းမှသယ်ယူခဲ့ သောကျောက်တုံးတစ်ဆယ့်နှစ်တုံးကိုထို အရပ်တွင်စိုက်ထူလေ၏။-
``သင်တို့သည်ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ရှေ့က ယော်ဒန်မြစ်ထဲ သို့ဆင်းလော့။ ဣသရေလတစ်နွယ်စီအတွက် တစ်ဦးလျှင်ကျောက်တုံးတစ်တုံးကျသယ် ဆောင်ခဲ့ရမည်။-
မြို့ရိုးတွင်အုတ်မြစ်ကျောက်တစ်ဆယ့်နှစ်ခုရှိ၏။ ထိုကျောက်များအပေါ်တွင်သိုးသူငယ်တော်၏ တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏နာမည်များ ကိုရေးထားလျက်ရှိ၏။-