တောလည် 17:2 - Common Language Bible2 ``ဣသရေလတစ်ဆယ့်နှစ်နွယ်၏ဦးစီးခေါင်း ဆောင်တို့ထံမှ တစ်ဦးလျှင်တောင်ဝှေးတစ်ချောင်း ကျဖြင့် တောင်ဝှေးတစ်ဆယ့်နှစ်ချောင်းကိုသင့် ထံသို့ယူဆောင်လာစေလော့။ ခေါင်းဆောင်တစ် ဦးစီသည်မိမိ၏နာမည်ကိုတောင်ဝှေးပေါ် တွင်ရေးရမည်။- အခန်းကိုကြည့်ပါ။Judson Bible2 သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလဆယ်နှစ်မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ်နှစ်ချောင်းတို့ကိုယူ၍၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာ ရေးထားလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 “အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သူတို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် ခေါင်းဆောင်တစ်ဦးစီတို့ထံမှ တောင်ဝှေးတစ်ချောင်းစီ စုစုပေါင်းတောင်ဝှေးတစ်ဆယ့်နှစ်ချောင်းကို ယူ၍ သူတို့၏အမည်အသီးသီးကို တောင်ဝှေးပေါ်၌ ရေးလော့။ အခန်းကိုကြည့်ပါ။ |
ယင်း၏ပင်စည်ကိုမီးသင့်လောင်သဖြင့် အကိုင်းအခက်နှင့်အသီးများသည်လည်း လောင်ကျွမ်းသွားလေသည်။ ထိုအပင်၏အကိုင်းတို့သည်အဘယ်အခါ ၌မျှ ပြန်လည်ခိုင်ခံ့သန်မာလာကြတော့မည်မဟုတ်။ အဘယ်အခါ၌မျှရာဇလှံတံအဖြစ် အသုံးဝင်ကြတော့မည်မဟုတ်။ ဤကားစပ်ဆိုထားသည့်ငိုချင်းဖြစ်၏။ ထို ငိုချင်းကိုအဖန်တစ်လဲလဲသီဆိုကြ ရမည်။