Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 34:27 - Common Language Bible

27 ထာ​ဝရ​ဘု​ရား​က​မော​ရှေ​အား``ဤ​ပ​ညတ် များ​ကို​ရေး​ထား​လော့။ ငါ​သည်​သင်​နှင့်​လည်း ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​လည်း ကောင်း ဤ​ပ​ညတ်​များ​အ​တိုင်း​ပ​ဋိ​ညာဉ် ပြု​ပြီ'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 ဤ ပ ညတ် များ အ တိုင်း သင် မှ စ သော ဣ သ ရေ လ လူ မျိုး နှင့် ငါ ပ ဋိ ညာဉ် ဖွဲ့ သော ကြောင့် ထို ပ ညတ် များ ကို ရေး ထား လော့ ဟူ ၍ လည်း ကောင်း မော ရှေ အား မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ဤ​စ​ကား​များ​ကို​ရေး​ထား​လော့။ ဤ​စ​ကား​များ​လာ​သည်​အ​တိုင်း သင်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ငါ​ပ​ဋိ​ညာဉ်​ပြု​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​ဤ​စကား​တို့​ကို သင်​ရေးမှတ်​ထား​လော့​။ အကြောင်းမူကား ဤ​နှုတ်ထွက်စကား​တို့​အတိုင်း ငါ​သည် သင်​နှင့်​လည်းကောင်း​၊ အစ္စရေး​လူမျိုး​တို့​နှင့်​လည်းကောင်း ပဋိညာဉ်​ဖွဲ့​ပြီ​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 34:27
6 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဤ အောင်​ပွဲ​အ​ကြောင်း​ကို​အ​မှတ်​တ​ရ​ဖြစ်​စေ ရန် ရေး​၍​မှတ်​တမ်း​တင်​လော့။ ငါ​သည်​အာ​မ​လက် အ​မျိုး​သား​တို့​ကို​လုံး​ဝ​ဖျက်​ဆီး​ပစ်​မည် ဖြစ်​ကြောင်း​ယော​ရှု​အား​ပြော​လော့'' ဟု​မိန့် တော်​မူ​၏။-


မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ပညတ်​သ​မျှ​တို့ ကို​ရေး​ထား​လေ​၏။ နောက်​တစ်​နေ့​နံ​နက်​စော​စော တွင်​မော​ရှေ​သည်​တောင်​ခြေ​ရင်း​၌​ယဇ်​ပလ္လင်​ကို လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​အ​တွက် ကျောက်​တိုင်​တစ်​ဆယ့်​နှစ်​တိုင်​ကို​လည်း​ကောင်း တည်​ဆောက်​လေ​၏။-


ထို​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် များ​ရေး​ထား​သော​ပ​ဋိ​ညာဉ်​စာ​အုပ်​ကို​ယူ​၍ လူ​အ​ပေါင်း​တို့​ကြား​နိုင်​အောင်​ဖတ်​ပြ​လေ​သည်။ သူ​တို့​က​လည်း``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​နာ​ပါ​မည်'' ဟု​ဆို​လေ​၏။


ထာ​ဝရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည်​ယ​ခု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု မည်။ ငါ​သည်​သူ​တို့​၏​မျက်​မှောက်​တွင်​ကမ္ဘာ​ပေါ် ရှိ​မည်​သည့်​နိုင်​ငံ​တွင်​မျှ​မ​ပြု​ဘူး​သော​ကြီး မား​သော​အ​ရာ​များ​ကို​ငါ​ပြု​မည်။ ငါ​ထာ​ဝရ ဘု​ရား​သည်​ကြီး​မား​သော​အ​ရာ​များ​ကို​ပြု နိုင်​ကြောင်း​လူ​အ​ပေါင်း​တို့​မြင်​ကြ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင်​တို့ အ​တွက်​ကြောက်​မက်​ဖွယ်​ရာ​အ​မှု​ကို ပြု​မည်။-


သို့​ဖြစ်​၍​မော​ရှေ​သည်​ဘု​ရား​သ​ခင်​၏ ပ​ညတ်​တ​ရား​တော်​ကို​ရေး​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ထိန်း သိမ်း​ရ​သော​လေ​ဝိ​အ​နွယ်​ဝင် ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား ခေါင်း​ဆောင်​များ​အား​ပေး​အပ်​လေ​သည်။-


ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​နှင့်​ပြု​သော​ပ​ဋိ ညာဉ်​တည်း​ဟူ​သော ပ​ညတ်​တော်​ဆယ်​ပါး​ကို လိုက်​နာ​ရ​မည့်​အ​ကြောင်း​မိန့်​မြွက်​တော်​မူ​၏။ ယင်း​ပညတ်​တော်​များ​ကို​ကျောက်​ပြား​နှစ် ပြား​ပေါ်​တွင်​ရေး​ထား​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ