တရားဟော 31:9 - Common Language Bible9 သို့ဖြစ်၍မောရှေသည်ဘုရားသခင်၏ ပညတ်တရားတော်ကိုရေး၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရသောလေဝိအနွယ်ဝင် ယဇ်ပုရော ဟိတ်များနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်များအားပေးအပ်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible9 မော ရှေ သည်၊ ဤ ပ ညတ် တ ရား ကို ရေး သား ပြီး လျှင် ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကို ပင့် ဆောင် ရ သော လေ ဝိ အ နွယ် သား ပ ရော ဟိတ် တို့ နှင့် ဣ သ ရေ လ လူ ကြီး အ ပေါင်း တို့ အား လွှဲ အပ် လျက်၊ မိန့် ဆို သည် မှာ ခု နစ် နှစ် လျှင် တစ် ကြိမ်၊ အခန်းကိုကြည့်ပါ။Judson Bible9 ဤပညတ်တရားကို မောရှေသည်ရေးထား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုထမ်းသော လေဝိသားယဇ်ပုရောဟိတ်များ၊ ဣသရေလအမျိုး အသက်ကြီးသူများ အပေါင်းတို့၌အပ်၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 မောရှေသည် ဤပညတ်တရားတော်ကို ရေးသား၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုသယ်ဆောင်သော လေဝိအမျိုးသားယဇ်ပုရောဟိတ်တို့နှင့် အစ္စရေးလူမျိုးသက်ကြီးဝါကြီးအပေါင်းတို့အား ပေးအပ်လေ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်မင်းကြီးက``ထာဝရဘုရားသည် မိမိ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် နှင့် အစဉ်အမြဲကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ရန် လေဝိအနွယ်ဝင်တို့ကိုသာ လျှင်ရွေးချယ်ခန့်ထားတော်မူသည်ဖြစ်၍ ထိုသူတို့သာလျှင်ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်ရကြပေမည်'' ဟုမိန့်တော် မူလျက်၊-
အကျွန်ုပ်တို့သည်မောရှေ၏ပညတ်တရား တွင် ဖော်ပြပါရှိသမျှသောအပြစ်ဒဏ် များကိုခံရကြပါ၏။ သို့ရာတွင်အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရား၊ ယခု အခါ၌ပင်လျှင်အကျွန်ုပ်တို့သည်ကိုယ် တော်နှစ်သက်တော်မူစေရန်ကြိုးစား၍ အပြစ်ဒုစရိုက်ကိုရှောင်ခြင်း၊ သမ္မာတရား တော်ကိုလိုက်လျှောက်ကျင့်သုံးခြင်းအမှု တို့ကိုမပြုမလုပ်ကြသေးပါ။-
ငါ၏လူမျိုးတို့သည်ငါ့ကိုအသိအမှတ် မပြုသောကြောင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြ၏။ အသင်ယဇ်ပုရောဟိတ်တို့သည် ငါ့ကိုအသိအမှတ်မပြုဘဲ ငါ၏သြဝါဒ ကိုလည်းလက်မခံကြသောကြောင့် ငါသည် သင်တို့ကိုပစ်ပယ်ပြီ။ သင်တို့၏သားများ ကိုလည်းငါ၏ယဇ်ပုရောဟိတ်များအဖြစ် အသိအမှတ်ပြုမည်မဟုတ်။
စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။
တောင်ပေါ်တွင်ထာဝရဘုရားသည်လေဝိအမျိုး သားတို့အား ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရန်လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ကောင်းချီးမင်္ဂလာ ပေးရန်လည်းကောင်းခန့်ထားတော်မူ၏။ ယနေ့ တိုင်အောင်သူတို့သည်ထိုဝတ္တရားများကို ဆောင်ရွက်လျက်ရှိကြ၏။-