ဧဇရ 6:17 - Common Language Bible17 ထိုအနုမောဒနာပွဲ၌သူတို့သည်နွားကောင်ရေတစ်ရာ၊ သိုးကောင်ရေနှစ်ရာနှင့်သိုးသားငယ်ကောင်ရေလေးရာကိုယဇ်ကောင်များအဖြစ်ဖြင့်လည်းကောင်း၊ ဣသရေလတစ်နွယ်လျှင်ဆိတ်တစ်ကောင်ကျဖြင့် ဆိတ်တစ်ဆယ့်နှစ်ကောင်ကိုအပြစ်ဖြေရာပူဇော်သကာအဖြစ်ဖြင့်လည်းကောင်းပူဇော်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible17 နွား တစ် ရာ၊ သိုး ထီး နှစ် ရာ၊ သိုး သား ငယ် လေး ရာ များ ကို ဆက် ကပ် သည့် ပြင်၊ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ်၊ ဣ သ ရေ လ တစ် မျိုး လုံး အ ဖို့၊ အ မျိုး အ နွယ် များ အ လိုက်၊ ဆိတ် ထီး ဆယ့် နှစ် ကောင် ကို ဆက် ကပ် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ထိုအိမ်တော်၏ အနုမောဒနာပွဲတွင် နွားတစ်ရာ၊ သိုးထီးနှစ်ရာ၊ သိုးသငယ်လေးရာကိုလည်းကောင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးအလိုက် အမျိုးသားအပေါင်းတို့၏ အပြစ်ဖြေရာယဇ်တည်းဟူသော ဆိတ်ထီး တစ်ဆယ်နှစ်ကောင်ကိုလည်းကောင်း၊ ယဇ်ပူဇော်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ဘုရားသခင်၏အိမ်တော်ဆက်ကပ်ပွဲတွင် နွားအကောင်တစ်ရာ၊ သိုးထီးအကောင်နှစ်ရာ၊ သိုးသငယ်အကောင်လေးရာနှင့် အစ္စရေးလူမျိုးအပေါင်းတို့အပြစ်ဖြေရာယဇ်အဖို့ အစ္စရေးအမျိုးအနွယ်အရေအတွက်နှင့်အညီ ဆိတ်ထီးတစ်ဆယ့်နှစ်ကောင်တို့ကို ပူဇော်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ အပေါင်းတို့သည် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အားမီးရှို့ဆက်သရန် ပူဇော် သကာများကိုယူလာကြ၏။ ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် နွားတစ်ဆယ့် နှစ်ကောင်၊ သိုးထီးကိုးဆယ့်ခြောက်ကောင်၊ သိုး သားငယ်ခုနစ်ဆယ့်ခုနစ်ကောင်ကိုပူဇော် ကြ၏။ ဆိတ်တစ်ဆယ့်နှစ်ကောင်ကိုလည်း အပြစ် ဖြေရာယဇ်အဖြစ်ပူဇော်ကြ၏။ ဤတိရစ္ဆာန် အားလုံးကိုထာဝရဘုရားအား မီးရှို့ရာ သကာအဖြစ်ပူဇော်ကြလေသည်။-