``တစ်စုံတစ်ယောက်သောသူသည် ကျွန်ယောကျာ်း ကိုဖြစ်စေ၊ ကျွန်မိန်းမကိုဖြစ်စေတုတ်နှင့် ရိုက်သဖြင့်၊ ထိုကျွန်သေလျှင်ထိုသူသည် အပြစ်ဒဏ်ကိုခံစေရမည်။-
သ ခင် သည် တုတ် နှင့် ရိုက် နှက်၍ ကျွန် ယောက်ျား ဖြစ် စေ၊ ကျွန် မိန်း မ ဖြစ် စေ၊ ရိုက် တွင်း သေ လျှင် လက် စား ချေ ဒဏ် ကို မု ချ ခံ စေ။
သခင်သည် ကျွန်ယောက်ျား၊ ကျွန်မိန်းမကိုတုတ်နှင့်ရိုက်၍ ထိုကျွန်သေလျှင်၊ သခင်သည် လေးသောဒဏ်ကိုခံရမည်။
တစ်စုံတစ်ဦးသည် မိမိကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမကို တုတ်ဖြင့်ရိုက်နှက်စဉ်တွင် ထိုကျွန်သေလျှင် ထိုသူသည် မုချအပြစ်ဒဏ်ခံရမည်။
ထာဝရဘုရားက``သင်၌ထိုသို့မဖြစ်စေရ။ သင့်အားသတ်သောသူမည်သည်ကား ခုနစ်ဆ သောအပြစ်ဒဏ်ကိုခံရမည်'' ဟုမိန့်တော်မူ ၏။ သို့ဖြစ်၍ထာဝရဘုရားသည် ကာဣန ကိုတွေ့ရှိသူသည်သူ့ကိုမသတ်ရန် သတိ ပေးသည့်အမှတ်လက္ခဏာဖြင့်သူ့အပေါ် တွင်မှတ်သားပေးတော်မူ၏။-
ကာဣနကိုသတ်သူသည်ခုနစ်ဆသော အပြစ်ဒဏ်ကို ခံရမည်ဆိုလျှင်ငါ့ကိုသတ်သူကား၊ ခုနစ်ဆယ်ခုနစ်ဆသောအပြစ်ဒဏ် ခံရမည်'' ဟုဆိုလေ၏။
လူကိုဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်တူစွာဖန်ဆင်းတော်မူသဖြင့် လူကိုသတ်သောသူအားလူ့လက်ဖြင့်သတ်လိမ့်မည်။
ထ၍တောင်ဝှေးဖြင့်လမ်းလျှောက်နိုင်လျှင် သော်လည်းကောင်း၊ ထိုသူကိုအပြစ်ဒဏ် မစီရင်ရ၊ ထိုသူအလုပ်ပျက်သည့်အချိန် အတွက် ဒဏ်ရာရစေသူကလျော်ကြေးကို ပေး၍၊ အနာပျောက်ကင်းသည့်အချိန်အထိ ဒဏ်ရာရသူအားတာဝန်ယူစောင့်ရှောက် ရမည်။
သို့ရာတွင်ထိုကျွန်သည်တစ်ရက်နှစ်ရက်မျှ နာလျက်မသေလျှင်၊ ထိုသူကိုအပြစ်ဒဏ် မစီရင်ရ။ အဘယ်ကြောင့်ဆိုသော်ကျွန်ဟူ သည်မှာသခင်ပိုင်ပစ္စည်းမျှသာဖြစ်သော ကြောင့်တည်း။
စကားအားဖြင့်သာ ကျွန်ကို ဆုံးမ၍ မနိုင်ရာ။ သူသည် နားလည်သော်လည်း၊ နားမထောင်ဘဲ နေလိမ့် မည်။
သေဆုံးသူနှင့်အနီးဆုံးသွေးတော်စပ်သူ သည် တာဝန်ရှိသဖြင့်လူသတ်သမားကို တွေ့လျှင်သတ်ရမည်။
အဘယ်ကြောင့်ဆိုသော်သူသည်သင့်အား အကျိုးပြုရန်အလို့ငှာ ဘုရားသခင်ခန့် ထားတော်မူသည့်အစေခံဖြစ်သောကြောင့် တည်း။ သို့ရာတွင်အကယ်၍သင်သည်မကောင်း မှုပြုသူဖြစ်ပါမူထိုသူကိုကြောက်လော့။ သူသည်အကယ်ပင်အပြစ်ပေးပိုင်သော တန်ခိုးအာဏာရှိသူဖြစ်ပေသည်။ သူသည် ဘုရားသခင်၏အစေခံဖြစ်၍မကောင်း မှုပြုသူတို့အားဘုရားသခင်၏ကိုယ်စား အပြစ်ဒဏ်စီရင်သူဖြစ်သတည်း။-
ယင်းသို့သောအမှုများကိုစီရင်ရာ၌သနား ညှာတာမှုမရှိစေရ။ သူတစ်ပါးအသက်ကို သတ်လျှင် သေစားသေစေ။ မျက်စိကိုဖျက်လျှင် မျက်စိဖျက်ခံစေ။ သွားကိုချိုးလျှင်သွားချိုး ခံစေ။ လက်ကိုချိုးလျှင်လက်ချိုးခံစေ။ ခြေ ကိုချိုးလျှင်ခြေချိုးခံစေ။''