Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 4:15 - Common Language Bible

15 ထာ​ဝ​ရ​ဘု​ရား​က``သင်​၌​ထို​သို့​မ​ဖြစ်​စေ​ရ။ သင့်​အား​သတ်​သော​သူ​မည်​သည်​ကား ခု​နစ်​ဆ သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ ၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဣ​န ကို​တွေ့​ရှိ​သူ​သည်​သူ့​ကို​မ​သတ်​ရန် သ​တိ ပေး​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြင့်​သူ့​အ​ပေါ် တွင်​မှတ်​သား​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ထာ ဝ ရ ဘု ရား က သို့ ဖြစ်၍ ကာ ဣ န ကို သတ် သော သူ မည် သည် ကား ခု နစ် ဆ သော လက် စား​ ချေ ခြင်း ကို ခံ ရ လိမ့် မည် ဟု မိန့် တော် မူ ပြီး လျှင် ကာ ဣ န ကို တွေ့ သော သူ တစ် စုံ တစ် ယောက် မျှ မ သတ် စေ ခြင်း ငှါ ထာ ဝ ရ ဘု ရား သည် အ မှတ် လ က္ခ ဏာ ပေး ထား တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သို့​ဖြစ်၍ ကာ​ဣ​န​ကို​သတ်​သော​သူ​မည်​သည်​ကား၊ ခု​နစ်​ဆ​သော​အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ကာ​ဣ​န​ကို​တွေ့​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​သတ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ၌​အ​မှတ်​ပေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထာဝရဘုရား​က​လည်း “​သို့ဖြစ်လျှင် မည်သူမဆို ကာဣန​ကို​သတ်​လျှင် ခုနစ်ဆ​သော​လက်တုံ့ပြန်​ခြင်း​ကို ခံ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ ကာဣန​ကို​တွေ့​သော​သူ​တစ်စုံတစ်ယောက်​မျှ သူ့​ကို​မ​သတ်​မည့်​အကြောင်း ထာဝရဘုရား​သည် သူ​၌ အမှတ်လက္ခဏာ​တစ်​ခု​ကို ထား​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 4:15
15 ပူးပေါင်းရင်းမြစ်များ  

ကာ​ဣ​န​ကို​သတ်​သူ​သည်​ခု​နစ်​ဆ​သော အ​ပြစ်​ဒဏ်​ကို ခံ​ရ​မည်​ဆို​လျှင်​ငါ့​ကို​သတ်​သူ​ကား၊ ခု​နစ်​ဆယ်​ခု​နစ်​ဆ​သော​အ​ပြစ်​ဒဏ် ခံ​ရ​မည်'' ဟု​ဆို​လေ​၏။


ထာ​ဝ​ရ​ဘု​ရား​အား​ဗာ​ရှာ​ပြစ်​မှား​သည့်​အ​ပြစ် များ​အ​တွက်​ကြောင့် ပ​ရော​ဖက်​ယေ​ဟု​သည်​ဗာ​ရှာ နှင့်​အိမ်​ထောင်​စု​အား​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​၏။ ဗာ​ရှာ​သည်​မိ​မိ​၏​အ​လျင်​အုပ်​စိုး​ခဲ့​သည့် ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​အ​ပြစ်​ကူး​သည်​သာ မ​က ယေ​ရော​ဗောင်​နှင့်​အိမ်​ထောင်​စု​သား​အ​ပေါင်း ကို​လည်း​သတ်​ဖြတ်​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည် သူ့​အား​အ​မျက်​ထွက်​တော်​မူ​၏။


အို ဘု​ရား​သ​ခင်၊ သူ​တို့​အား​သတ်​တော်​မ​မူ​ပါ​နှင့်။ သတ်​လျှင်​ကျွန်​တော်​မျိုး​၏​အ​မျိုး​သား​တို့​သည် သ​တိ​မ​ရ​ဘဲ​မေ့​သွား​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အား​ကာ​ကွယ်​စောင့်​ထိန်း တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့် ထို​သူ​တို့​ကို​က​စဥ့်​က​လျား​ဖြစ်​စေ​တော် မူ​၍ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို ကြ​သည့် တိုင်း​နိုင်​ငံ​တို့​သည်​ခု​နစ်​ဆ​မျှ​ပို​၍ အ​စော်​ကား​ခံ​စေ​တော်​မူ​ပါ။


တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည်။


``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​လျှောက်​လုံး တွင်​လှည့်​လည်​ကာ ယ​ခု​လူ​တို့​ပြု​ကျင့်​လျက် ရှိ​သော​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကြောင့် ညည်း​တွား​မြည်​တမ်း​နေ​သူ​မှန်​သ​မျှ​၏ န​ဖူး​တွင် အ​မှတ်​သ​ညာ​ကို​ရေး​မှတ်​လော့'' ဟု​မိန့်​တော်​မူ​၏။


အ​သက်​ကြီး​သူ​များ၊ ပျို​ရွယ်​သူ​ယောကျာ်း မိန်း​မ​များ၊ က​လေး​အ​မေ​များ​နှင့်​က​လေး များ​ကို​သတ်​ကြ​လော့။ သို့​ရာ​တွင်​န​ဖူး တွင်​အ​မှတ်​သ​ညာ​ရှိ​သူ​တစ်​စုံ​တစ်​ယောက် ကို​မျှ​မ​ထိ​နှင့်။ ငါ​၏​ဗိ​မာန်​တော်​မှ​အ​စ ပြု​၍​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော်​မူ​သည် ကို​ငါ​ကြား​ရ​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​သည် ဗိ​မာန်​တော်​တွင်​ရပ်​လျက်​နေ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​သက်​ကြီး​သူ​များ​ကို​ဦး စွာ​သတ်​ကြ​၏။


ထာ​ဝ​ရ​ဘု​ရား​က​ဟော​ရှေ​အား``သင်​၏​သား ကို`ယေ​ဇ​ရေ​လ' ဟု​နာ​မည်​မှည့်​လော့၊ အ​ဘယ် ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ​ဘုရင်​၏​ဘိုး​တော် ယေ​ဟု​သည် ယေ​ဇ​ရေ​လ​မြို့​တွင်​သတ်​ဖြတ် လုပ်​ကြံ​ခဲ့​သည့်​လူ​သတ်​မှု​များ​အ​တွက် ငါ သည်​ဣ​သ​ရေ​လ​ဘု​ရင်​ကို​ဒဏ်​ခတ်​မည်။ ယေ​ဟု​မင်း​ဆက်​ကို​တိမ်​ကော​စေ​မည်။-


``သင်​တို့​သည်​ထို​မျှ​လောက်​သော​ဒဏ်​ကို​ခံ​ရ လျက်​နှင့် ငါ​၏​ပ​ညတ်​တို့​ကို​မ​စောင့်​ထိန်း​ဘဲ နေ​သေး​လျှင် ငါ​သည်​သင်​တို့​အား​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-


``သင်​တို့​သည်​ငါ့​ကို​အာ​ခံ​၍ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သေး​လျှင် ငါ​သည်​အ​ပြစ် ဒဏ်​ကို​ခု​နစ်​ဆ​ထပ်​မံ​တိုး​၍​ခံ​စေ​မည်။-


ငါ​သည်​သင်​တို့​တစ်​ဘက်​၌​နေ​၍​အ​ပြစ်​ဒဏ် ကို ယ​ခင်​က​ထက်​ခု​နစ်​ဆ​တိုး​၍​ခံ​စေ​မည်။-


ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​တစ်​ဘက်​၌​နေ လျက် အ​ပြစ်​ဒဏ်​ကို​ယ​ခင်​က​ထက်​ခု​နစ်​ဆ တိုး​၍​ခံ​စေ​မည်။-


သ​ခင်​ယေ​ရှု​က ``သင်​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​သို့​ပြန်​သွင်း လော့။ ဋ္ဌား​ကို​စွဲ​ကိုင်​သူ​သည်​ဋ္ဌား​အား​ဖြင့်​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။-


ထို​မီး​လျှံ​မှ​မီး​ခိုး​သည် ထာ​ဝ​စဉ်​အ​ထက် သို့​တက်​လျက်​နေ​၏။ သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို ရှိ​ခိုး​၍ သား​ရဲ​၏​နာ​မည်​တံ​ဆိပ်​နှိပ်​ခြင်း​ခံ​ရ သူ​အ​ပေါင်း​တို့​သည် နေ့​ရော​ညဥ့်​ပါ​သက်​သာ ရာ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​အ​သံ​ကျယ်​စွာ ကြွေး​ကြော်​လေ​၏။


ထို​နောက်​တ​တိ​ယ​ကောင်း​ကင်​တ​မန် ပေါ်​လာ လျက် ``သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို​ရှိ​ခိုး​၍ မိ​မိ ၏​န​ဖူး​သို့​မ​ဟုတ်​လက်​တွင် ထို​သား​ရဲ​၏ အ​မှတ်​တံ​ဆိပ်​ကို​ရိုက်​နှိပ်​ထား​သော​သူ​သည်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ