ကမ္ဘာဦး 4:16 - Common Language Bible16 ကာဣနသည်လည်းထာဝရဘုရားထံတော် မှထွက်သွား၍ ဧဒင်အရှေ့ဘက်ရှိ``လှည့်လည် ရာ'' ဟုတွင်သောအရပ်၌နေထိုင်လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible16 ကာ ဣ န သည် ထာ ဝ ရ ဘု ရား ထံ တော် မှ ထွက် သွား၍ ဧ ဒင် အ ရှေ့၊ နော ဒ ပြည် တွင် နေ စဉ်၊ အခန်းကိုကြည့်ပါ။Judson Bible16 ကာဣနသည် ထာဝရဘုရားထံတော်မှထွက်သွား၍၊ ဧဒင်ပြည်အရှေ့၊ နောဒပြည်တွင် နေလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ကာဣနသည် ထာဝရဘုရား၏ရှေ့တော်မှထွက်သွား၍ ဧဒင်အရပ်၏အရှေ့ဘက်၊ နောဒပြည်တွင်နေထိုင်လေ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ကိုယ်တော်ရှင်ထံတော်တွင်လုံခြုံစွာ ခိုလှုံကြသောသူအပေါင်းတို့သည် ဝမ်းမြောက်ရွှင်လန်းရကြပါလိမ့်မည်။ သူတို့သည်ဝမ်းမြောက်သဖြင့်အစဉ် သီချင်းဆိုကြပါလိမ့်မည်။ ကိုယ်တော်ရှင်သည်မိမိအားချစ်သူတို့ကို ကွယ်ကာစောင့်ထိန်းတော်မူပါ၏။ ကိုယ်တော်ရှင်ကြောင့်သူတို့သည်အကယ်ပင် ဝမ်းမြောက်ရကြပါ၏။
သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။
သင်တို့ထံငါတို့လာရောက်စဉ်အခါက သင်တို့အဘယ်သို့ဧည့်ခံကြိုဆိုကြကြောင်း ကိုလည်းကောင်း၊ အသက်ရှင်တော်မူသောဘုရား စစ်ဘုရားမှန်ကိုကိုးကွယ်နိုင်ရန်နှင့် ကောင်းကင် ဘုံမှကိုယ်တော်၏သားတော်ကြွလာတော်မူ မည်ကိုစောင့်မျှော်နိုင်ရန် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံတော်သို့သင်တို့အဘယ်သို့ ချဉ်းကပ်လာကြကြောင်းကိုလည်းကောင်း ထို သူအပေါင်းတို့ပြောဆို၏။ ထိုသားတော် ယေရှုကားသေခြင်းမှဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသော၊ သက် ရောက်မည့်အမျက်တော်မှငါတို့အား ကယ်ဆယ်တော်မူသောအရှင်ဖြစ်သတည်း။