တောလည် 35:19 - Common Language Bible19 သေဆုံးသူနှင့်အနီးဆုံးသွေးတော်စပ်သူ သည် တာဝန်ရှိသဖြင့်လူသတ်သမားကို တွေ့လျှင်သတ်ရမည်။ အခန်းကိုကြည့်ပါ။Garrad Bible19 သေ စား သေ စေ သူ သည် လူ သတ် ကို တွေ့ ရာ တွင် ကိုယ် တိုင် သတ် စေ။ အခန်းကိုကြည့်ပါ။Judson Bible19 သေစားသေစေသောသူသည် လူသတ်ကိုတွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်သောသူကိုတွေ့လျှင် သူကိုယ်တိုင်သတ်ရမည်။ အခန်းကိုကြည့်ပါ။ |
အမျိုးသမီးကလည်း``အရှင်မင်းကြီး၊ ကျွန် တော်မ၏သားကြီးအတွက်လက်စားချေရန် ကြံစည်နေကြသောဆွေမျိုးတို့သည် ကျွန်တော် မ၏သားငယ်ကိုသတ်ခြင်းအားဖြင့် ပိုမိုကြီး လေးသည့်ရာဇဝတ်မှုကိုမပြုကြစေရန် အရှင်၏ဘုရားသခင်ထာဝရဘုရားအား ဆုတောင်းပတ္ထနာပြုတော်မူပါ'' ဟုလျှောက်၏။ ထိုအခါဒါဝိဒ်က``သင်၏သားငယ်သည်စိုး စဉ်းမျှဘေးဥပဒ်မဖြစ်စေရန် အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ငါကတိပြု၏'' ဟုဆို၏။
သို့ဖြစ်၍အရှင်၊ ယခုအခါကျွန်တော်မ၏ ဆွေမျိုးတို့သည်ကျွန်တော်မအားရန်ဘက်ပြု ကာ ကျွန်တော်မ၏သားငယ်ကိုသူ၏အစ်ကို အားသတ်သည့်အတွက်သေစားသေစေရန် အပ်ရမည်ဟုတောင်းဆိုနေကြပါ၏။ ဤ အတိုင်းသာထိုသူတို့ပြုကြပါမူကျွန် တော်မ၏နောက်ဆုံးမျှော်လင့်အားထားရာ သားတစ်ယောက်မျှကျန်ရှိတော့မည်မဟုတ် ပါ။ ကျွန်တော်မခင်ပွန်း၏မျိုးဆက်သည် လည်းပြတ်သွားပါလိမ့်မည်'' ဟုလျှောက် လေ၏။
အကယ်၍ခိုလှုံရာမြို့တစ်မြို့တည်းသာရှိ လျှင် ခရီးကွာဝေးလှသောကြောင့်သေသူ အတွက်လက်စားချေလိုသူက သတ်သူနောက် သို့လိုက်၍မီသော်ဒေါသအလျောက်အပြစ် မဲ့သူတစ်ယောက်ကိုသတ်မိနိုင်သည်။ စင်စစ် အားဖြင့်ထိုသူသည်မိမိ၏ရန်သူမဟုတ် သူကိုမတော်တဆသတ်မိခြင်းသာဖြစ်၏။-