တရားဟော 7:5 - Common Language Bible ထို့ကြောင့်သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ ရမည်။ သူတို့၏ဘုရားကျောက်တိုင်များကို ချိုးပစ်ရမည်။ အာရှရဘုရားမ၏တိုင်များ ကိုခုတ်လှဲရမည်။ သူတို့၏ရုပ်တုများကို မီးရှို့ဖျက်ဆီးရမည်။- Garrad Bible ချင်း တို့၌ စီ ရင် ရ မည့် နည်း ကား၊ ယဇ် ပ လ္လင် များ ကို ဖြို လှဲ ခြင်း၊ ကျောက် တိုင် များ ကို ချိုး ဖဲ့ ခြင်း၊ တံ ခွန် တိုင် များ ကို ခုတ် လှဲ ခြင်း၊ ရုပ် ပွား ဆင်း တု များ ကို မီး တိုက် ခြင်း ပြု ကြ ရ မည်။ Judson Bible သို့ဖြစ်၍၊ သူတို့၌ အဘယ်သို့ပြုရမည်နည်းဟူမူကား၊ သူတို့ယဇ်ပလ္လင်များကို ဖျက်ရမည်။ ရုပ်တုများကို ဖြိုချရမည်။ အာရှရပင်များကို ခုတ်လှဲရမည်။ ထုသောရုပ်တု ဆင်းတုများကို မီးရှို့ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတို့ကို ဤသို့ပြုရမည်။ သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကို ခုတ်လှဲ၍ ရုပ်တုဆင်းတုများကို မီးရှို့ပစ်ရမည်။ |
ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့ကိုးကွယ် သည့်ရုပ်တုများကို ထိုအရပ်တွင်ထားရစ်ခဲ့ ကြ၏။ ဒါဝိဒ်သည်လည်းယင်းတို့ကိုမီးရှို့ ပစ်ရန်အမိန့်ပေးတော်မူ၏။
သူသည်လူမျိုးခြားတို့၏ယဇ်ပလ္လင်များနှင့် ရုပ်တုကိုးကွယ်ရာဌာနများကိုဖြိုဖျက် ပြီးလျှင် ကျောက်တိုင်များနှင့်တံခွန်တိုင် များကိုခုတ်လှဲဖျက်ဆီးလေသည်။-
သင်တို့သည်သူတို့၏ဘုရားများကိုဦး မချဝတ်မပြုရ။ သူတို့၏ဘာသာဋ္ဌလေ့ အတိုင်းမကျင့်ရ။ သူတို့၏ဘုရားများကို ဖြိုဖျက်၍သူတို့ကိုးကွယ်သောကျောက်တိုင် များကိုချိုးဖျက်ရမည်။-
သူသည်သူတို့လုပ်သောနွားရုပ်ကိုအရည် ကျို၍၊ အမှုန့်ထောင်းပြီးလျှင်၊ အမှုန့်ကိုရေ ပေါ်၌ဖြူးလေ၏။ ထိုနောက်ဣသရေလ အမျိုးသားတို့အားထိုရေကိုသောက်စေ၏။-
သင်တို့သည်သူတို့၏ယဇ်ပလ္လင်များကိုဖြို ဖျက်ရမည်။ သူတို့၏ဘုရားကျောက်တိုင်များ ကိုဖျက်ဆီးရမည်။ သူတို့၏အာရှရဘုရား မသစ်တိုင်များကိုခုတ်လှဲရမည်။
သူတို့သည်မိမိတို့ကိုယ်တိုင်ပြုလုပ်ထားသည့် ယဇ်ပလ္လင်များကိုသော်လည်းကောင်း၊ အာရှရ နတ်သမီးအားဝတ်ပြုကိုးကွယ်ရန် မိမိလက် စွမ်းလက်စတံခွန်တိုင်များနှင့်နံ့သာပေါင်း မီးရှို့ရာယဇ်ပလ္လင်များကိုလည်းကောင်း ယုံ ကြည်ကိုးစားကြတော့မည်မဟုတ်။
ထာဝရဘုရားက``သင်တို့သည်ရုပ်တုများ၊ ကျောက်တိုင်များ၊ ကျောက်ရုပ်များကိုထုလုပ် ၍မကိုးကွယ်ရ။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။-
ထိုပြည်တွင်နေထိုင်သူအပေါင်းတို့ကိုနှင် ထုတ်ရမည်။ သူတို့၏ကျောက်ရုပ်ဘုရား၊ သတ္တု ရုပ်ဘုရားများနှင့်သူတို့ဝတ်ပြုကိုးကွယ် ရာဌာနရှိသမျှတို့ကိုဖျက်ဆီးပစ်ရ မည်။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား အတွက် ယဇ်ပလ္လင်ကိုတည်သောအခါပလ္လင် အနီးတွင်အာရှရဘုရားမ၏သစ်တိုင် ကိုမစိုက်မထူရ။-
ရုပ်တုကိုးကွယ်ခြင်းကျောက်တိုင်ကိုလည်း မစိုက်မထူရ။ ထာဝရဘုရားသည်ထို အရာများကိုရွံရှာတော်မူ၏။''
သူတို့၏ရုပ်တုများကိုမီးရှို့ပစ်လော့။ ထိုရုပ်တု များတွင်မွမ်းမံထားသောရွှေငွေကိုတပ်မက်၍ သင်တို့အဖို့မယူကြနှင့်။ ထာဝရဘုရားသည် ရုပ်တုကိုးကွယ်ခြင်းကိုရွံရှာမုန်းတီးတော်မူ သဖြင့် ရုပ်တုများမှရွှေငွေကိုယူမိလျှင်သင် တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့်မည်။-
ငါသည်သင်တို့အားအပြစ်ရောက်စေသည့် နွားရုပ်တုကို မီးထဲသို့ပစ်ချလိုက်၏။ ထို့ နောက်နွားရုပ်တုကိုအမှုန့်ဖြစ်အောင်ထု ထောင်း၍ အမှုန့်ကိုတောင်ကျချောင်းထဲသို့ သွန်းချခဲ့၏။''