၂ ရာချုပ် 14:3 - Common Language Bible3 သူသည်လူမျိုးခြားတို့၏ယဇ်ပလ္လင်များနှင့် ရုပ်တုကိုးကွယ်ရာဌာနများကိုဖြိုဖျက် ပြီးလျှင် ကျောက်တိုင်များနှင့်တံခွန်တိုင် များကိုခုတ်လှဲဖျက်ဆီးလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible3 မျိုး ခြား ယဇ် ပ လ္လင် နှင့် မြင့် ရာ ဌာ န များ ကို ပယ် ရှား ၍၊ ကျောက် တိုင်၊ တံ ခွန် တိုင် များ ကို ခုတ် လှဲ ချိုး ဖဲ့ ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible3 တစ်ပါးအမျိုးသားဘုရား၏ ယဇ်ပလ္လင်တို့ကိုလည်းကောင်း၊ မြင့်သောအရပ်တို့ကိုလည်းကောင်း ပယ်ရှား၏။ ရုပ်တုဆင်းတုတို့ကို ဖြိုဖျက်၍၊ အာရှရပင်တို့ကို ခုတ်လှဲ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 သူသည် တိုင်းတစ်ပါးဘုရားများ၏ယဇ်ပလ္လင်များနှင့် အထွတ်အမြတ်ထားရာနေရာများကို ဖယ်ရှားပစ်၏။ ကျောက်တိုင်များကို ချိုးဖျက်ပြီး အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်၏။ အခန်းကိုကြည့်ပါ။ |
သူသည်ရုပ်တုဝတ်ပြုကိုးကွယ်ရာဌာနများ ကိုဖျက်သိမ်း၍ ကျောက်တိုင်များကိုချိုးဖျက် ကာအာရှရဘုရားမအားဆက်ကပ်ပူဇော် ထားသည့်တံခွန်တိုင်တို့ကိုခုတ်လှဲ၏။ မောရှေ ပြုလုပ်ခဲ့သည့်ကြေးဝါမြွေကိုလည်း အပိုင်း ပိုင်းဖြတ်လေသည်။ ထိုမြွေရုပ်ကားနဟုတ္တန်ဟု နာမည်တွင်၍ ဣသရေလအမျိုးသားတို့ သည်ထိုအချိန်ကာလတိုင်အောင်ပင် ထိုမြွေ ရုပ်အားနံ့သာပေါင်းကိုမီးရှို့၍ပူဇော်ခဲ့ ကြသတည်း။-
သူတို့၏ရုပ်တုများကိုမီးရှို့ပစ်လော့။ ထိုရုပ်တု များတွင်မွမ်းမံထားသောရွှေငွေကိုတပ်မက်၍ သင်တို့အဖို့မယူကြနှင့်။ ထာဝရဘုရားသည် ရုပ်တုကိုးကွယ်ခြင်းကိုရွံရှာမုန်းတီးတော်မူ သဖြင့် ရုပ်တုများမှရွှေငွေကိုယူမိလျှင်သင် တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့်မည်။-