တရားဟော 9:21 - Common Language Bible21 ငါသည်သင်တို့အားအပြစ်ရောက်စေသည့် နွားရုပ်တုကို မီးထဲသို့ပစ်ချလိုက်၏။ ထို့ နောက်နွားရုပ်တုကိုအမှုန့်ဖြစ်အောင်ထု ထောင်း၍ အမှုန့်ကိုတောင်ကျချောင်းထဲသို့ သွန်းချခဲ့၏။'' အခန်းကိုကြည့်ပါ။Garrad Bible21 ချင်း တို့ ပြစ် မှု တည်း ဟူ သော နွား ရုပ် ကို ယူ၍၊ ကြို ချက် လျက် မုန့် မုန့် ကြေ ထောင်း ထု ချေ မွ ပြီး မှ တောင် ပေါ် က စီး ဆင်း သော ချောင်း ရေ တွင် ထို အ မုန့် ကို ငါ သွန် ပစ် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible21 သင်တို့ဒုစရိုက်တည်းဟူသော သင်တို့လုပ်သော နွားသငယ်ကိုငါယူသဖြင့် အရည်ကျို၍၊ အမှုန့်ဖြစ်အောင် ညက်ညက်ချေပြီးလျှင်၊ တောင်ထဲကထွက်သော ချောင်းရေပေါ်မှာ ချပစ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 သင်တို့ကို အပြစ်ဖြစ်စေသည့် သင်တို့သွန်းလုပ်သောနွားသငယ်ရုပ်တုကို ငါယူ၍ မီးရှို့ပစ်ပြီး မြေမှုန့်ကဲ့သို့ ညက်ညက်ကြေသည်အထိ ကြိတ်ချေပြီးလျှင် ထိုအမှုန့်ကို တောင်ထဲမှစီးထွက်လာသည့်ချောင်းထဲသို့ ပစ်ချလိုက်၏။ အခန်းကိုကြည့်ပါ။ |
ရုပ်တုရှိသမျှကိုကျိုးပဲ့ကြေမွစေမည်။ ရုပ်တုတို့အားပူဇော်သောလက်ဆောင်ပစ္စည်း ရှိသမျှကိုမီးရှို့ဖျက်ဆီးမည်။ ရုပ်တုရှိ သမျှကိုအမှိုက်ပုံဖြစ်စေမည်။ ရှမာရိ မြို့သည်ဤအရာများကိုရုပ်တုကိုးကွယ် မှုဖြင့်စုဆောင်းရရှိ၏။ ဘုရားကျောင်း ပြည့်တန်ဆာလုပ်ငန်းနှင့် ရန်သူများသည် ယင်းတို့ကိုကိုးကွယ်ရန်သိမ်းယူသွား ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
မိမိ၏အဖွားမာခါ၏ထံမှလည်းမယ်တော် ဘုရင်မရာထူးကိုနုတ်သိမ်းတော်မူလေသည်။ အဘယ်ကြောင့်ဆိုသော်မာခါသည်အသီးအနှံ ဖွံ့ဖြိုးမှုဆိုင်ရာ အာရှရဘုရားမအားဝတ်ပြု ကိုးကွယ်ရန်အတွက် ရှုမကောင်းမြင်မကောင်းသော ရုပ်တုကိုပြုလုပ်ထားသောကြောင့်ဖြစ်၏။ အာသ သည်ထိုရုပ်တုကိုခုတ်ပြီးလျှင်ကေဒြုန်ချောင်း အနီးတွင်မီးရှို့ပစ်တော်မူ၏။-