တောလည် 33:52 - Common Language Bible52 ထိုပြည်တွင်နေထိုင်သူအပေါင်းတို့ကိုနှင် ထုတ်ရမည်။ သူတို့၏ကျောက်ရုပ်ဘုရား၊ သတ္တု ရုပ်ဘုရားများနှင့်သူတို့ဝတ်ပြုကိုးကွယ် ရာဌာနရှိသမျှတို့ကိုဖျက်ဆီးပစ်ရ မည်။- အခန်းကိုကြည့်ပါ။Garrad Bible52 သင် တို့ ရှေ့ က တိုင်း ရင်း သား အ ပေါင်း တို့ ကို နှင် ထုတ် လျက် ချင်း တို့ ရုပ် လုံး ပေါ် ကျောက် များ နှင့် ဆင်း တု ရှိ သ မျှ ကို ဖျက် ဆီး ခြင်း၊ မြင့် ရာ ဌာ န ရှိ သ မျှ ကို ဖြို ဖျက် ခြင်း ပြု ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible52 ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရကြမည်။ သူတို့ရေးသောအရုပ်၊ သွန်းသောရုပ်တုဆင်းတု ရှိသမျှတို့ကို ဖျက်ရကြမည်။ သူတို့လုပ်သော ကုန်းရှိသမျှတို့ကို ဖြိုချရကြမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း52 ထိုပြည်၌နေထိုင်သောသူရှိသမျှတို့ကို သင်တို့ရှေ့မှ နှင်ထုတ်၍ သူတို့၏ကျောက်ဆစ်ရုပ်တုရှိသမျှတို့ကို ဖျက်ဆီးရမည်။ သူတို့သွန်းလုပ်သောရုပ်တုရှိသမျှတို့ကိုလည်း ဖျက်ဆီး၍ သူတို့အထွတ်အမြတ်ထားရာနေရာရှိသမျှတို့ကို ဖြိုဖျက်ရမည်။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။
သင်တို့တွင်ကျန်ရှိနေသေးသောလူမျိုးများ နှင့်ပေါင်းဖော်ဆက်ဆံခြင်းမပြုမိစေရန် သော်လည်းကောင်း၊ သူတို့ဘုရားများ၏အ မည်နာမများကိုထုတ်ဖော်ပြောဆိုခြင်း၊ ထို ဘုရားများကိုတိုင်တည်၍ကျိန်ဆိုခြင်း၊ ဦး ချဝတ်ပြုခြင်းတို့ကိုမပြုမိစေရန်သော် လည်းကောင်းသတိပြုရမည်။-