မင်းကြီးက``သင့်အားထာဝရဘုရားကယ်တော် မမူလျှင် ငါအဘယ်သို့ကယ်နိုင်ပါမည်နည်း။ ငါ့မှာဂျုံဆန်သော်လည်းကောင်း၊ စပျစ်ရည် သော်လည်းကောင်းရှိပါသလော။-
တရားဟော 28:8 - Common Language Bible ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့၏လုပ်ငန်းကိုကောင်းချီးပေး၍ သင်တို့၏ကျီများကိုစပါးနှင့်ပြည့်စေ တော်မူမည်။ ကိုယ်တော်သည်မိမိပေးသနား တော်မူမည့်ပြည်တွင် သင်တို့အားကောင်းချီး ပေးတော်မူမည်။ Garrad Bible ထာ ဝ ရ ဘု ရား သည် ကျီ သွင်း ရာ မှ စ သော ပြု လေ ရာ ရာ၌ မင်္ဂ လာ ကို စီ မံ လျက် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား သော ပြည် တွင် ကောင်း ကြီး ပေး တော် မူ လ တ္တံ့။ Judson Bible သင်၏ဘဏ္ဍာတိုက်၌လည်းကောင်း၊ သင်ပြုလေရာရာ၌လည်းကောင်း၊ ထာဝရဘုရားသည် သင့်အပေါ်မှာ မင်္ဂလာရောက်စေခြင်းငှာ မိန့်တော်မူမည်။ သင်၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင့်ကို ကောင်းချီးမင်္ဂလာပေးတော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သင်၏ကျီ၌လည်းကောင်း၊ သင်လုပ်ဆောင်လေရာရာ၌လည်းကောင်း ကောင်းချီးမင်္ဂလာ သက်ရောက်စေတော်မူမည်။ သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်ကောင်းချီးခံစားရမည်။ |
မင်းကြီးက``သင့်အားထာဝရဘုရားကယ်တော် မမူလျှင် ငါအဘယ်သို့ကယ်နိုင်ပါမည်နည်း။ ငါ့မှာဂျုံဆန်သော်လည်းကောင်း၊ စပျစ်ရည် သော်လည်းကောင်းရှိပါသလော။-
ထိုသူတို့သည်ချောင်းအနီးတွင်ပေါက်၍လျော်ကန်သင့်မြတ်ချိန်၌ အသီးသီးလျက်အရွက်မညှိုးမနွမ်းတတ်သောအပင်များနှင့်တူ၏။ သူတို့သည်ပြုလေသမျှအမှုကိစ္စတို့တွင်အောင်မြင်တတ်၏။
သင်သည်မိမိလက်ဖြင့်လုပ်ဆောင်၍စားဝတ် နေရေး ဖူလုံအောင်ရရှိလိမ့်မည်။ သင်သည်ရွှင်လန်း၍ကောင်းစားလိမ့်မည်။
ဟေရမုန်တောင်ပေါ်သို့ကျသောနှင်းသည်ဇိအုန် တောင်ကုန်းများပေါ်သို့ကျသကဲ့သို့ဖြစ်၏။ ထိုအရပ်ကားထာဝစဉ်အသက်ရှင်ခွင့် တည်းဟူသောကောင်းချီးမင်္ဂလာကို ထာဝရဘုရားပေးတော်မူရာအရပ်ဖြစ် သတည်း။
ကျွန်တော်မျိုးတို့၏ကျီများသည်အသီးအနှံ အမျိုးမျိုးဖြင့်ပြည့်လျက်ရှိပါစေသော။ ကွင်းပြင်များရှိသိုးများသည်ထောင်ပေါင်း များစွာသောသိုးငယ်တို့ကိုမွေးဖွားကြ ပါစေသော။
နေ့အချိန်၌ထာဝရဘုရားသည်မိမိ၏ ခိုင်မြဲသော မေတ္တာတော်ကိုပြတော်မူပါစေသော။ ထိုအခါညအချိန်၌ငါသည်သီချင်းဆိုနိုင်၍ ငါ၏အသက်သခင်ဘုရားသခင်ထံတော်သို့ ဆုတောင်းပတ္ထနာပြုနိုင်ပါမည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်ရှင်၏လူစုတော်အားအောင်ပွဲကို ပေးတော်မူပါ၏။
ထာဝရဘုရားသည်ဆဋ္ဌမနှစ်တွင် မြေ ကိုကောင်းချီးပေးသဖြင့်နှစ်နှစ်စာ အတွက်အသီးအနှံထွက်လိမ့်မည်။-
သင်တို့၏သီးနှံအထွက်တိုးသဖြင့် တစ်နှစ် စာအတွက်ဖူလုံရုံမျှမကသင်တို့သည် စပါးသစ်ကိုသိုလှောင်နိုင်ရန်လက်ကျန် စပါးဟောင်းကိုပင်စွန့်ပစ်ရလိမ့်မည်။-
သင်တို့တွင်ဂျုံစပါးမကျန်မရှိတော့ဘဲ စပျစ်ပင်များ၊ သဖန်းပင်များနှင့်သံလွင် ပင်များလည်းအသီးမသီးကြသေး။ သို့ ရာတွင်ငါသည်ယခုမှစ၍သင်တို့အား ကောင်းချီးပေးမည်'' ဟုမိန့်တော်မူပါ၏။
ကောက်ရိတ်ချိန်တိုင်အောင်အပင်နှစ်မျိုးလုံးဆက် လက်ကြီးပွားစေကြလော့။ ကောက်ရိတ်ချိန်ရောက် သော်ကောက်ရိတ်သမားတို့အားဦးစွာဂျုံရိုင်း များကိုနုတ်၍စည်းထားပြီးလျှင်မီးရှို့ပစ်ကြ။ ထိုနောက်ဂျုံစပါးကိုစုသိမ်း၍ငါ၏ကျီ၌ သွင်းထားကြဟုငါမှာကြားမည်' ဟုဆို၏'' ဟူ ၍မိန့်တော်မူသည်။
မိုးကောင်းကင်တွင်ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ ကောက်နှံများကိုမရိတ်မသိမ်း၊ ကျီများတွင်လည်း သိုလှောင်မှုကိုမပြု။ သို့ရာတွင်ကောင်းကင်ဘုံရှင် သင်တို့အဖသည်ထိုငှက်တို့အားကျွေးမွေးတော် မူ၏။ သင်တို့သည်ကားငှက်များထက်များစွာပို ၍မြတ်သည်မဟုတ်လော။-
ထိုနောက် `ငါဤသို့ပြုမည်။ ကျီဟောင်းများ ကိုဖျက်၍ ပိုမိုကြီးမားသောကျီသစ်များ ကိုတည်ဆောက်မည်။ ငါ၏ဂျုံစပါးနှင့်အခြား ပစ္စည်းဥစ္စာများကို ထိုကျီသစ်ကြီးများတွင် သိုမှီးထားမည်။-
ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''
ထိုသူအားတွန့်တိုသောစိတ်မရှိဘဲစေတနာ ဖြင့်ပေးကမ်းလော့။ ထိုအခါ၌ထာဝရဘုရား သည်သင်ပြုသမျှကိုကောင်းချီးပေးတော် မူလိမ့်မည်။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားပေးသနားသောပြည်တွင် သင်တို့အားကောင်းချီးပေးတော်မူမည်။ သင် တို့အားငါယနေ့ပညတ်သမျှတို့ကိုစောင့် ထိန်း၍ ထာဝရဘုရား၏အမိန့်တော်ကို နာခံလျှင် သင်တို့လူမျိုးတွင်မည်သူမျှ မဆင်းရဲရ။-
``သင်တို့သည်ဒုစရိုက်ကိုပြု၍ ထာဝရ ဘုရားကိုစွန့်ပယ်လျှင် သင်တို့ဆောင်ရွက် သမျှတို့၏အကျိုးဆက်များမှာပျက်စီး ဆုံးရှုံးခြင်း၊ သောကဗျာပါဒနှင့်ဆင်းရဲ ဒုက္ခများဖြစ်လိမ့်မည်။ သို့ဖြစ်၍သင်တို့သည် လျင်မြန်စွာသေကြေပျက်စီးရလိမ့်မည်။-
``ထာဝရဘုရားသည် သင်တို့အားတိုက်ခိုက် သောရန်သူများကိုနှိမ်နင်းတော်မူလိမ့်မည်။ သူတို့သည်တစ်လမ်းတည်းဖြင့်လာရောက် တိုက်ခိုက်သော်လည်း လမ်းအသွယ်သွယ်ဖြင့် ထွက်ပြေးရလိမ့်မည်။