တရားဟော 28:20 - Common Language Bible20 ``သင်တို့သည်ဒုစရိုက်ကိုပြု၍ ထာဝရ ဘုရားကိုစွန့်ပယ်လျှင် သင်တို့ဆောင်ရွက် သမျှတို့၏အကျိုးဆက်များမှာပျက်စီး ဆုံးရှုံးခြင်း၊ သောကဗျာပါဒနှင့်ဆင်းရဲ ဒုက္ခများဖြစ်လိမ့်မည်။ သို့ဖြစ်၍သင်တို့သည် လျင်မြန်စွာသေကြေပျက်စီးရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible20 ကိုယ် တော် ကို စွန့် ပယ် လျက် ဆိုး သွမ်း စွာ ပြု ကျင့် ကြ သည် ကို ထောက်၍၊ ထာ ဝ ရ ဘု ရား သည်၊ သင် တို့ အ ဆော တ လျင် ပျက် စီး ပ ပျောက် ကြ သည့် တိုင် အောင် ပြု မူ ကြံ စည် ရာ ရာ၌ ကျိန် စာ ထိ ခြင်း၊ ဆုံး ရှုံး ခြင်း၊ နှိပ် ကွပ် ခြင်း များ ကို သင့် ရောက် စေ သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible20 ထာဝရဘုရားကိုစွန့်၍ ပြုမိသော ဒုစရိုက်အပြစ်ကြောင့် အလျင်အမြန် ပျက်စီးဆုံးရှုံးခြင်းသို့ မရောက်မီတိုင်အောင်၊ ပြုလေရာရာ၌ ကျိန်ဆဲခြင်း၊ နှောင့်ယှက်ခြင်း၊ ကဲ့ရဲ့ခြင်းတို့ကို သင့်အပေါ်မှာ သက်ရောက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ထာဝရဘုရားကိုစွန့်ပယ်ခြင်းတည်းဟူသော ဆိုးညစ်မှုကို သင်ပြုသောကြောင့် သင်သည် အလျင်အမြန်ဖျက်ဆီးခြင်းခံရမည်။ ပျက်စီးခြင်းသို့မရောက်မချင်း ထာဝရဘုရားသည် သင်ပြုကျင့်လုပ်ဆောင်လေရာရာ၌ ကျိန်ဆဲခြင်း၊ ထိတ်လန့်ချောက်ချားခြင်း၊ ပြစ်တင်မောင်းမဲခြင်းတို့ကို သင့်အပေါ်သို့ ကျရောက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ထိုသို့မှားယွင်းလျှင်သင်တို့အမျိုးသည် ထို ပြည်မှမကြာမီတိမ်ကောပျောက်ကွယ်ရ လိမ့်မည်ဟု ငါသည်မိုးကောင်းကင်နှင့်မြေ ကြီးကိုတိုင်တည်လျက်ကျိန်ဆို၏။ သင်တို့ သည်ယော်ဒန်မြစ်ကိုကူး၍သိမ်းပိုက်မည့်ပြည် တွင် ကြာရှည်စွာမနေထိုင်ရဘဲတစ်မျိုး လုံးပျက်စီးပျောက်ကွယ်သွားလိမ့်မည်။-
သင်တို့သည်ပဋိညာဉ်ကိုစောင့်ထိန်းရန်သင် တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာ တော်မူသော်လည်း မစောင့်ထိန်းဘဲအခြား သောဘုရားများကိုဝတ်ပြုကိုးကွယ်ကြလျှင် ကိုယ်တော်သည်အမျက်ထွက်တော်မူသဖြင့် ပေးသနားတော်မူသောဤသာယာသော ပြည်တွင်သင်တို့တစ်ယောက်မကျန်သေကြေ ပျက်စီးသည်အထိ သင်တို့အားဒဏ်ခတ် တော်မူလိမ့်မည်'' ဟုမိန့်မှာလေ၏။
သူတို့သည်ကယ်တင်ခြင်းတရားကိုလူမျိုး ခြားတို့အား ငါတို့ဟောပြောမှုကိုပင်လျှင် တားဆီးရန်ကြိုးစားကြသည်။ ဤအပြစ် သည်သူတို့ကူးလွန်နေကျဖြစ်သော အပြစ်များကို ပြည့်စုံအောင်နောက်ဆုံး ကူးလွန်သောအပြစ်ဖြစ်၏။ သို့ဖြစ်၍ နောက်ဆုံး၌ဘုရားသခင်၏အမျက် တော်သည်သူတို့အပေါ်သို့သက်ရောက် လေပြီ။
အဘယ်ကြောင့်ဆိုသော်လူတို့သည်ငါ့ကိုစွန့် ပစ်ကာ မိမိတို့ကိုယ်တိုင်မိမိတို့ဘိုးဘေးများ နှင့်ယုဒဘုရင်များမသိဘူးသည့်အခြား ဘုရားများကိုယဇ်ပူဇော်ခြင်းဖြင့် ဤဌာန တော်ကိုညစ်ညမ်းစေကြသောကြောင့်ဖြစ်၏။ သူတို့သည်ဤဌာနကိုအပြစ်မဲ့သူတို့၏ အသွေးဖြင့်ပြည့်စေလျက်၊-