Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 28:9 - Common Language Bible

9 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​ကို​နာ​ခံ​၍ ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့် ထိန်း​လျှင် က​တိ​တော်​အ​တိုင်း​သင်​တို့​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ညတ် တော် များ ကို စောင့် ထိန်း လျက် နည်း လမ်း တော် များ၌ သင် တို့ လိုက် လျှောက် ကြ သော်၊ ထာ ဝ ရ ဘု ရား သည် သ စ္စာ ဆို တော် မူ ခဲ့ သည့် အ တိုင်း၊ ကိုယ် တော် တိုင် အ ဖို့ သီး သန့် သော လူ မျိုး အ ဖြစ် တည် စေ တော် မူ မည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို​စောင့်၍ လမ်း​တော်​သို့​လိုက်လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​သည်​အ​တိုင်း၊ သင့်​ကို​ကိုယ်​တော်​အ​ဖို့ သ​န့်​ရှင်း​သော​အ​မျိုး အ​စဉ်​အ​မြဲ​ဖြစ်​စေ​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို​စောင့်ထိန်း​၍ ကိုယ်တော်​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​လျှင် သင့်​အား ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သင့်​ကို မိမိ​အဖို့ သန့်ရှင်း​သော​လူမျိုး​အဖြစ် တည်​စေ​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 28:9
17 ပူးပေါင်းရင်းမြစ်များ  

သင်​နှင့်​သင်​၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့ အား ငါ​ထား​သော​က​တိ​တော်​ကို​ထာ​ဝ​ရ​တည် မြဲ​သော​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။ ငါ​သည်​သင်​၏ ဘု​ရား၊ သင်​၏​အ​ဆက်​အ​နွယ်​တို့​၏​ဘု​ရား ဖြစ်​မည်။-


ဇိ​အုန်​တောင်​အား​လူ​မျိုး​အ​ပေါင်း​တို့​ဖွား​မြင်​ရာ မိ​ခင်​ဟူ​၍​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သည် ထို​တောင်​ကို​ခိုင်​ခံ့​စေ​တော်​မူ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း​လူ​တို့​ပြော​ဆို​ကြ လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ငါ​၏ စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​နာ​ခံ​၍​ငါ နှစ်​သက်​သော​အ​ကျင့်​ကို​ကျင့်​ပြီး ပ​ညတ် သ​မျှ​တို့​ကို​လိုက်​နာ​လျှင်၊ ငါ​သည်​အီ​ဂျစ် အ​မျိုး​သား​တို့​အ​ပေါ်​တွင်​ကျ​ရောက်​စေ သော​ရော​ဂါ​မျိုး​များ​ကို သင်​တို့​အ​ပေါ်​တွင် မည်​သည့်​အ​ခါ​မျှ​ကျ​ရောက်​စေ​မည်​မ​ဟုတ်။ ငါ​သည်​သင်​တို့​၏​ရော​ဂါ​ကို​ပျောက်​ကင်း စေ​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။


ရှေး​အ​ခါ​ကဲ့​သို့​သင့်​အား​ခေါင်း​ဆောင်​များ​နှင့် အ​တိုင်​ပင်​ခံ​အ​မတ်​များ​ကို​ငါ​ပေး​မည်။ ထို​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​ကို​သူ​တော်​ကောင်း​တ​ရား​ပြည့်​ဝ​သည့်​မြို့၊ သစ္စာ​ရှိ​သည့်​မြို့​ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။


သင်​တို့​သည်``ထာ​ဝ​ရ​ဘု​ရား​၏​သန့်​ရှင်း မြင့်​မြတ်​သည့် လူ​မျိုး​တော်၊'' ``ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​ခဲ့​သည့် လူ​မျိုး​တော်'' ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း``ဘု​ရား​သ​ခင် ချစ်​မြတ်​နိုး​သည့်​မြို့'' ``ဘု​ရား​သ​ခင်​စွန့်​ပစ်​တော်​မ​မူ​သည့်​မြို့'' ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။


ထို​နောက်​ယ​ခု​သူ​တို့​နေ​ထိုင်​လျက်​ရှိ​ရာ​နို့ နှင့်​ပျား​ရည်​စီး​သည့်​ပြည်​ကို သူ​တို့​၏​ဘိုး ဘေး​များ​အား​ပေး​အပ်​ရန်​ငါ​ပြု​ခဲ့​သည့် သစ္စာ​က​တိ​ကို​လည်း​တည်​စေ​မည်​ဖြစ် ကြောင်း​သူ​တို့​အား​ငါ​ပြော​ကြား​ခဲ့​၏။ ငါ​က``မှန်​လှ​ပါ၊ အို ထာ​ဝ​ရ​ဘု​ရား'' ဟု လျှောက်​လေ​၏။


ဖျက်​ဆီး​ပစ်​ရ​မည့်​အ​ရာ​တစ်​စုံ​တစ်​ခု​ကို မျှ သင်​တို့​အ​တွက်​သိမ်း​ဆည်း​မ​ထား​ရ။ ထို အ​တိုင်း​ဆောင်​ရွက်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ပြေ​လျက် သင်​တို့​အား​သ​နား ကြင်​နာ​တော်​မူ​လိမ့်​မည်။ ငါ​ယ​နေ့​သင်​တို့ အား​မှာ​ကြား​သည့်​ပညတ်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​လျက် ကိုယ်​တော်​၏​အ​လို​တော် အ​တိုင်း​ဆောင်​ရွက်​လျှင် သင်​တို့​၏​ဘိုး​ဘေး တို့​အား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ကိုယ် တော်​သည်​သင်​တို့​ကို​သ​နား​ကြင်​နာ​၍ သင်​တို့​၏​လူ​မျိုး​ကို​တိုး​ပွား​များ​ပြား စေ​တော်​မူ​လိမ့်​မည်။''


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပိုင်​သော​ကြောင့်​ထို​သို့​ဆောင်​ရွက်​ရ မည်။ ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့ အ​နက် သင်​တို့​ကို​မိ​မိ​၏​အ​ထူး​လူ​မျိုး တော်​အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မူ​၏။''


သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို ချစ်​၍ သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ထား​သော က​တိ​တည်​စေ​လို​တော်​မူ​သော​ကြောင့် အီ​ဂျစ် ဘု​ရင်​ထံ​ကျွန်​ခံ​ရာ​မှ​မ​ဟာ​တန်​ခိုး​တော် အား​ဖြင့် သင်​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ သည်။-


သို့​ရာ​တွင်​သ​ခင်​ဘု​ရား​သည်​သစ္စာ​တော်​အ​ရှင် ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား​ကြံ့​ခိုင် စေ​၍​မာရ်​နတ်​၏​ဘေး​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။-


ငါ​တို့​အား​ဆိုး​ညစ်​မိုက်​မဲ​မှု​အ​ပေါင်း​မှ​ကယ် ဆယ်​တော်​မူ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​စိတ် နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​ကိုယ်​တော်​သာ လျှင်​ပိုင်​တော်​မူ​သော​သူ​များ​ဖြစ်​လျက် အ​ကျင့် ကောင်း​များ​၌​စိတ်​အား​ထက်​သန်​ကြ​စေ​ရန် လည်း​ကောင်း​ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။


သို့​ရာ​တွင်​သင်​တို့​သည်​အ​ချိန်​အ​နည်း​ငယ်​မျှ ယင်း​သို့​ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ပြီး​နောက်​ကျေး​ဇူး တော်​အ​ပေါင်း​၏​အ​ရှင်၊ သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​လျက် ထာ​ဝ​ရ ဘုန်း​အ​သ​ရေ​တော်​ကို​ဝင်​စား​ခွင့်​ပေး​ရန်​ဖိတ် ခေါ်​တော်​မူ​သော​အ​ရှင်၊ ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​သင်​တို့​အား​အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ပြု ပြင်​ပေး​တော်​မူ​၍ သင်​တို့​အား​ခိုင်​ခံ့​စေ​တော်​မူ ပြီး​လျှင်​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​လျက်​ကြံ့​ခိုင် စွာ​ရပ်​တည်​စေ​တော်​မူ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ