ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားမှီတွယ် ပါ၏။ ကိုယ်တော်ရှင်၏လက်ရုံးတော်သည်လည်း ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံစွာထား တော်မူပါ၏။
တောလည် 32:12 - Common Language Bible ထိုသို့ဒဏ်စီရင်ခြင်းခံရသူတို့တွင် ကေနတ်အမျိုးသားယေဖုန္နာ၏သား ကာ လက်နှင့်နုန်၏သားယောရှုတို့မပါဝင် ချေ။ သူတို့သည်ထာဝရဘုရား၏သစ္စာ တော်ကိုစောင့်သူများဖြစ်ပေသည်။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကေနက်အမျိုး၊ ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုတို့သည် ထာဝရဘုရားနောက်သို့လုံးလုံးလိုက်သောကြောင့် ထိုပြည်ကို မြင်ရလိမ့်မည်’ဟု ကျိန်ဆိုတော်မူ၏။ |
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားမှီတွယ် ပါ၏။ ကိုယ်တော်ရှင်၏လက်ရုံးတော်သည်လည်း ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံစွာထား တော်မူပါ၏။
ဤသူတို့အနက်မည်သူမျှထိုပြည်သို့မဝင် ရ။ သူတို့သည်ငါ၏တောက်ပသောဘုန်းအသ ရေတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်နှင့်တော ကန္တာရတွင်ငါပြုခဲ့သောအံ့သြဖွယ်အမှု များကိုလည်းကောင်းတွေ့မြင်ခဲ့ရသော်လည်း သူတို့သည်ငါ့ကိုအကြိမ်ကြိမ်မထီလေးစား ပြု၍ငါ့စကားကိုလည်းနားမထောင်ခဲ့ကြ။-
သို့သော်လည်းငါ၏အစေခံကာလက်သည် အခြားသူတို့နှင့်ခြားနားသောသဘောရှိ၍ ငါ၏စကားကိုတစ်သဝေမတိမ်းလိုက်နာ သူဖြစ်ခြင်းကြောင့် သူစုံစမ်းထောက်လှမ်းခဲ့ သောပြည်သို့သူ့ကိုငါပို့ဆောင်မည်။ သူ၏ အဆက်အနွယ်တို့သည်အာမလက်အမျိုး သားနှင့်ခါနာန်အမျိုးသားတို့ယခုနေထိုင် ရာချိုင့်ဝှမ်းများရှိရာနယ်မြေကိုအပိုင်ရ လိမ့်မည်။ နက်ဖြန်နေ့တွင်သင်သည်ပြန်လှည့် ၍အာကာဘာပင်လယ်ကွေ့ဘက်ရှိတော ကန္တာရသို့သွားလော့'' ဟုမောရှေအား မိန့်တော်မူ၏။
သင်တို့ကိုနေထိုင်စေမည်ဟုကတိထား သောပြည်သို့ ကာလက်နှင့်ယောရှုမှတစ်ပါး မည်သူမျှမဝင်ရ။-
ထိုသူအပေါင်းတို့သည်တောကန္တာရ၌သေဆုံး ရကြမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူခဲ့ သည့်အတိုင်းယေဖုန္နာ၏သားကာလက်နှင့် နုန် ၏သားယောရှုမှတစ်ပါးကျန်သောသူအား လုံးပင်သေဆုံးခဲ့ကြ၏။
ယေဖုန္နာ၏သားကာလက်တစ်ဦးတည်းသာထို ပြည်သို့ဝင်ရမည်။ သူသည်ငါ့အားသစ္စာရှိသူ ဖြစ်၍သူထောက်လှမ်းခဲ့သောပြည်ကိုသူနှင့်သူ ၏အဆက်အနွယ်တို့အားငါပေးမည်' ဟုမိန့် တော်မူ၏။-
ကာလက်၏ညီကေနတ်၏သားသြသံ ယေလသည်ထိုမြို့ကိုသိမ်းယူနိုင်သဖြင့် သူ၏သမီးအာခသနှင့်ထိမ်းမြားလက် ထပ်ပေးလေသည်။-