တောလည် 14:24 - Common Language Bible24-25 သို့သော်လည်းငါ၏အစေခံကာလက်သည် အခြားသူတို့နှင့်ခြားနားသောသဘောရှိ၍ ငါ၏စကားကိုတစ်သဝေမတိမ်းလိုက်နာ သူဖြစ်ခြင်းကြောင့် သူစုံစမ်းထောက်လှမ်းခဲ့ သောပြည်သို့သူ့ကိုငါပို့ဆောင်မည်။ သူ၏ အဆက်အနွယ်တို့သည်အာမလက်အမျိုး သားနှင့်ခါနာန်အမျိုးသားတို့ယခုနေထိုင် ရာချိုင့်ဝှမ်းများရှိရာနယ်မြေကိုအပိုင်ရ လိမ့်မည်။ နက်ဖြန်နေ့တွင်သင်သည်ပြန်လှည့် ၍အာကာဘာပင်လယ်ကွေ့ဘက်ရှိတော ကန္တာရသို့သွားလော့'' ဟုမောရှေအား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible24 သ ဘော ချင်း မ တူ လျက် စိတ် ပါ ကိုယ် ရောက် လိုက် နာ သော ငါ့ ကျွန် ရင်း ကာ လက် ကို ကား ရောက် ခဲ့ သော ပြည် ကို ငါ ဆောင် သွင်း မည့် အ တိုင်း အ နွယ် တိုင် ပိုင် ခွင့် ပေး လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible24 ငါ့ကျွန်ကာလက်မူကား ထူးခြားသောသဘောရှိ၍၊ ငါ့နောက်သို့ လုံးလုံးလိုက်သောကြောင့် သူသွားခဲ့ပြီးသောပြည်သို့ သူ့ကိုငါဆောင်သွင်းသဖြင့် သူ၏သားမြေးတို့သည် အမွေခံရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 ငါ့အစေအပါးကာလက်မူကား ခြားနားသောစိတ်ဝိညာဉ်ရှိပြီး ငါ့နောက်သို့လုံးလုံးလိုက်သောကြောင့် ငါသည် သူသွားခဲ့သောပြည်သို့ သူ့ကိုပို့ဆောင်၍ သူ့သားမြေးတို့သည် ထိုပြည်ကိုအမွေဆက်ခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးတို့၏ဘိုးဘေးများဖြစ် ကြသောအာဗြဟံ၊ ယာကုပ်နှင့်ဣဇာက် တို့၏ဘုရားသခင်ထာဝရဘုရား၊ ဤ သို့ဘုရားတရားစွဲလန်းတတ်သောစိတ် သဘောကို ကိုယ်တော်ရှင့်လူစုတော်၏ စိတ်နှလုံးတွင်အစဉ်သဖြင့်ခိုင်မြဲ စွာတည်ရှိစေတော်မူပါ။ သူတို့သည် ကိုယ်တော်ရှင်အပေါ်အစဉ်အမြဲ သစ္စာရှိစေတော်မူပါ။-