Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 32:11 - Common Language Bible

11 `သူ​တို့​သည်​ငါ့​ကို​သစ္စာ​ဖောက်​ကြ​သ​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​သူ​တို့​တွင် အ​သက်​နှစ်​ဆယ်​အ​ရွယ်​နှင့်​အ​ထက်​ရှိ သော​မည်​သည့်​ယောကျာ်း​မျှ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ​ထား သော​ပြည်​သို့​မ​ဝင်​ရ' ဟု​ကျိန်​ဆို​၍​မိန့် တော်​မူ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ‘​အီဂျစ်​ပြည်​မှ​ထွက်လာ​သော​သူ​တို့​သည် ငါ့​နောက်သို့​လုံးလုံး​မ​လိုက်​သောကြောင့် ထို​ပြည်​ကို အာဗြဟံ​၊ ဣဇက်​၊ ယာကုပ် တို့​အား ပေး​မည်​ဟု ငါ​ကျိန်ဆို​ခဲ့​သော်လည်း အသက်​နှစ်ဆယ်​အရွယ်​နှင့် အထက်​ရှိ​သော​သူ​တို့​သည် ထို​ပြည်​ကို မြင်​ရ​လိမ့်မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 32:11
9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​သို့​သူ​တို့​မ​ဝင်​ရ။ ငါ့​ကို​ပစ်​ပယ် သူ​မှန်​သ​မျှ​ထို​ပြည်​သို့​မ​ဝင်​ရ။-


သို့​သော်​လည်း​ငါ​၏​အ​စေ​ခံ​ကာ​လက်​သည် အ​ခြား​သူ​တို့​နှင့်​ခြား​နား​သော​သ​ဘော​ရှိ​၍ ငါ​၏​စ​ကား​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ သူ​ဖြစ်​ခြင်း​ကြောင့် သူ​စုံ​စမ်း​ထောက်​လှမ်း​ခဲ့ သော​ပြည်​သို့​သူ့​ကို​ငါ​ပို့​ဆောင်​မည်။ သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​အာ​မ​လက်​အ​မျိုး သား​နှင့်​ခါ​နာန်​အ​မျိုး​သား​တို့​ယ​ခု​နေ​ထိုင် ရာ​ချိုင့်​ဝှမ်း​များ​ရှိ​ရာ​နယ်​မြေ​ကို​အ​ပိုင်​ရ လိမ့်​မည်။ နက်​ဖြန်​နေ့​တွင်​သင်​သည်​ပြန်​လှည့် ၍​အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​ဘက်​ရှိ​တော ကန္တာ​ရ​သို့​သွား​လော့'' ဟု​မော​ရှေ​အား မိန့်​တော်​မူ​၏။


``ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ထဲ​မှ အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​၍ စစ်​မှု​ထမ်း နိုင်​သော​ယောကျာ်း​ဦး​ရေ​စာ​ရင်း​ကို မိ​သား​စု အ​လိုက်​ကောက်​ယူ​လော့'' ဟု​မိန့်​တော်​မူ​၏။-


ကိုယ်​တော်​က`သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး မည်​ဟူ​၍​က​တိ​ထား​သော​မြေ​သြ​ဇာ​ကောင်း သည့်​ပြည်​သို့ ဆိုး​ယုတ်​သော​ဤ​လူ​မျိုး​ဆက်​ထဲ မှ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ဝင်​ရ။-


သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော​အာ​ဗြ ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ​၍​သူ​တို့​၏​အ​ဆက် အ​နွယ်​တို့​အား ဤ​ဒေ​သ​အား​လုံး​ကို​ပေး မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ​ထား​တော် မူ​ခဲ့​သည်။ သင်​တို့​သွား​၍​သိမ်း​ယူ​ကြ​လော့' ဟူ​၍​မိန့်​တော်​မူ​သည်'' ဟု​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ