တောလည် 32:13 - Common Language Bible13 ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့ကိုအမျက်ထွက်သဖြင့် မိမိအလို ကိုဆန့်ကျင်သောအမျိုးဆက်တို့သေဆုံး ကုန်ကြသည်အထိသူတို့ကိုတောကန္တာရ ၌အနှစ်လေးဆယ်ပတ်လုံးလှည့်လည်နေ စေတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ထာ ဝ ရ ဘု ရား ရှေ့ ဆိုး သွမ်း မှု ကို ပြု မိ သော ထို တစ် ဆက် လုံး မ ကုန် မ ချင်း၊ နှစ် ပေါင်း လေး ဆယ် ကာ လ ပတ် လုံး အ မျက် တော် ခံ ရ သော ဣ သ ရေ လ လူ မျိုး ကို သဲ တော တွင် လှည့် လည် စေ တော် မူ ခဲ့ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible13 ထိုသို့ ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုကိုပြုသော လူအပေါင်းတို့သည် မပျက်စီးမီတိုင်အောင်၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက်ထွက်၍ အနှစ်လေးဆယ်ပတ်လုံး တော၌လှည့်လည်စေတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ မိမိရှေ့တော်၌ ဆိုးသောအမှုကိုပြုသောမျိုးဆက်အားလုံးသေကုန်သည်အထိ သူတို့ကို တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်စေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''
သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုပြင်းစွာအမျက်ထွက်တော် မူသဖြင့် ရန်သူတို့ကိုသူတို့အားလုယက် တိုက်ခိုက်ရန်အခွင့်ပြုတော်မူ၏။ ကိုယ်တော် သည်ပတ်ဝန်းကျင်ရှိရန်သူတို့ကို ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်ခွင့် ပေးတော်မူသဖြင့် ဣသရေလအမျိုးသား တို့သည်မိမိတို့ကိုယ်ကိုကာကွယ်နိုင်စွမ်း မရှိကြတော့ချေ။-